Channel Myanmar

Mylene Dizon

Uninvited (2024) 5.8
Uninvited (2024)  Uninvited (2024)IMDb Rating (5.8) သန်းကြွယ်သူဌေးကြီး ဂီလီဟာ သူ့မွေးနေ့ပွဲကို သူ့ရဲ့ဇိမ်ခံအိမ်ကြီးမှာ ခမ်းနားစွာကျင်းပဖို့စီစဉ်ထားသလိုဂုဏ်သရေရှိဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာနေပါတယ်။အဲ့ဒီဧည့်သည်တွေထဲမှာ ဖိတ်ကြားမထားတဲ့ ဧည့်သည်တစ်ယောက်ပါနေပြီး အဲ့ဒီဧည့်သည်ဟာ ဒီညမှာ ဂီလီရဲ့အသက်ကို ဇီဝန်ချုပ်ပေးမယ့်သူလည်းဖြစ်ပါတယ်။သူကတော့ လီလီယာဆိုတဲ့ အမျိုးသမီးကြီးဖြစ်ပြီး သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး လီလီရက်ရက်စက်စက်အသတ်ခံရတဲ့အမှုအတွက် ကလဲ့စားချေမှာပါ။ဂီလီရဲ့ပိုင်နက်၊ သက်တော်စောင့်တွေအထပ်ထပ်၊ဧည့်သည်တွေအများကြီးနဲ့စံအိမ်ကြီးထဲမှာ သူ့ကိုလုပ်ကြံဖို့ဆိုတာ သူ့လိုလက်နက်မဲ့အဘွားကြီးတစ်ယောက်အတွက် လွယ်ကူနိုင်ပါ့မလား?ဒီအကြံအစည်အတွက် သူ့ဘက်က ဘယ်လိုကြိုတင်ပြင်ဆင်ထားခဲ့လဲစတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဂန္ဓဝင်မင်းသမီးကြီး Vilma Santos နဲ့ ထိပ်တန်းမင်းသမီးငယ် Nadine Lustre တို့ဦးဆောင်ပါဝင်ထားတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:33:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Uninvited (2024)

2024
Ex Ex Lovers (2025) 7.6
Ex Ex Lovers (2025) Ex Ex Lovers (2025)*********************ဖိလစ်ပိုင်မင်းသမီးချောလေး Loisa Andalio ပါဝင်တဲ့ ရယ်ရယ်မောမော ဘဝ အမောပြေမယ့် ဖိလစ်ပိုင် rom com ဇာတ်လမ်းလေးကို ပိတ်ရက်မှာ ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးမှာတော့ ပြဿနာတွေကြောင့် ဆယ်စုနှစ်ကြာဝေးကွာခဲ့ရပေမဲ့ ပြန်လည် ဆုံဆည်းတဲ့အခါမှာ အရင်လို အချစ်တွေ ပြန်လည်ရှင်သန်လာနိုင်မလား ဆိုတဲ့ အကြောင်းလေးကို သရုပ်ဖော်ထားတာပါ။ဂျွိုင်းက သမီးလေးအက်စ်စီကို တစ်ယောက်တည်း ဆယ်စုနှစ်တစ်ခုကျော် ရုန်းကန် ပျိုး‌ထောင်ခဲ့ရတဲ့ single mother တစ်ယောက်ပါ။ဒါပေမဲ့ တစ်နေ့ ဗယ်လင်တိုင်း‌ဒေးမှာ သမီးနဲ့ဒိတ်လုပ်ဖို့ချိန်းထားရင်း ချစ်လှစွာသော သမီးတော်လေးဆီက စပရိုက်အကြီးစားနဲ့ ဂျွိုင်းတစ်ယောက် ရှော့ခ်ရသွားပါတော့တယ်။အဲဒါကတော့ သမီးရဲ့ချစ်သူ ဂျိုဝီက အက်စ်စီကို ဂျွိုင်းရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီး သမီးက မကြာခင်လက်ထပ်တော့မယ်ဆိုတာပါပဲ။သမီးအရွယ်ကငယ်သေးတာကတစ်ကြောင်း ကိုယ်တိုင်လည်း ငယ်ငယ်နဲ့အိမ်ထောင်ကျပြီး အိမ်ထောင်ရေးအဆင်မပြေ ရုန်းကန်ခဲ့ရတာကြောင့် သမီးကို လက်မထပ်စေချင်ပေမဲ့ စိတ်အားထက်သန်နေတဲ့သမီးဖြစ်သူက ဘယ်လိုတားတား တားမရပါဘူး။ဒီလိုနဲ့သမီးက မင်္ဂလာလျှောက်လမ်းမှာ အဖေ့လက်ကိုတွဲပြီး သွားချင်တယ်ဆိုပြီး တောင်းဆိုလာလို့ သမီးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းရာလည်းရောက် မင်္ဂလာပွဲကို ဆန့်ကျင်ဖို့ စစ်ကူလည်းရအောင် တစ်ချိန်က အနေဝေးခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ...
movie

Ex Ex Lovers (2025)

Family Matters (2023) 7.6
Family Matters (2023) Family Matters (2023)ဒီတစ်ခါမှာတော့ IMDb 7.6 ရရှိထားတဲ့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်"ဘဝမှာ ဘယ်အချိန်မဆို အရေးကြီးဆုံး ကိုယ့်မိသားစုပါပဲ"ဒီ‌ဇာတ်လမ်းလေးထဲမှာတော့ အယ်လန်က သူမရဲ့အချစ်ဇာတ်လမ်းအတွက် အမေရိကန်ကို ထွက်သွားဖို့မျှော်လင့်ထား‌ပေမဲ့လည်း သူမရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးဖြစ်တဲ့ ဖရန့်စစ်စကို နဲ့ အယ်လီနောတို့ကို ထားရစ်ခဲ့ရ မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေနဲ့ အပြစ်ရှိစိတ်ဖြစ်လာပါတယ် တစ်နေ့မှာတော့ အယ်လန်အဖေက အသက်ရှုကျပ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ အဲ့နောက်မှာတော့ အယ်လန်ရဲ့ မွေးချင်းတွေဖြစ်တဲ့ ကီကို ဖော့ကျူး အီရစ်ကိုတို့ကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လန်က အသိမပေးဘဲ အမေရိကန်ကို ခရီးထွက်သွားတဲ့အခါမှာ သူမရဲ့မိသားစုအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဖိလစ်ပိုင်မှာ နေထိုင်နေတဲ့ မောင်နှမသုံးယောက်က လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါတယ်။သူတို့တွေဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားကြမလဲ။ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား။ ဘယ်လိုပြဿနာတွေကြုံလာမလဲဆိုတာကို ပေါ့ပေါ့းပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie

Family Matters (2023)

2023
Heneral Luna(2015) 7.3
Heneral Luna(2015) Heneral Luna(2015)*******************ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်..ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက်ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း...File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Heneral Luna(2015)