Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
My-Ishia Cason-Brown
8.1
Gran Torino (2008)
Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ...
movie
Gran Torino (2008)
2008
4K HEVC
Tell It Like a Woman (2022)
Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie
Tell It Like a Woman (2022)
2022