Channel Myanmar

Mustafa Shakir

Love Hurts (2025) 5.8
Love Hurts (2025)  Everything Everywhere All at Once ထဲက မင်းသားKe Huy Quan ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ဟာသ အက်ရှင် သိုင်းကားအမျိုးအစားပါ။ခပ်မြူးမြူး ခပ်ကြမ်းကြမ်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရုံပါပဲ။ဇာတ်လမ်းကလည်း ရိုးရှင်းပါတယ်။အတိတ်တုန်းက လက်မရွံ့ဖြစ်ခဲ့တဲ့ ဆရာကြီးက အခု အိမ်ခြေမြေပွဲစားလေးလုပ်ပြီး အေးဆေးနေနေတာပါ။အဲဒါကို အတိတ်က ဂိုဏ်းက ပြဿနာတွေ လာရှာတဲ့အခါအကုန်လုံးကို ပြန်ကျုံးရတဲ့ကားမျိုးပါပဲ။ဒါရိုက်တာကလည်း John Wick တို့လည်း နာမည်ကြီးအက်ရှင်ကားတွေမှာ စတန့်နည်းပြ ဖိုက်တင်နည်းပြလုပ်လာတဲ့လူဆိုတော့ အပီကြမ်းပေးထားပါတယ်။ကြည့်လိုက်ကြပါ။အက်ရှင်ဖန်တွေ ကြိုက်မှာပါ.... File size… (1.47 GB) / (783 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Love Hurts (2025)

Ghosted (2023) 5.8
Ghosted (2023) Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie

Ghosted (2023)

2023
4K HEVC
Assassin (2023) 4.0
Assassin (2023) Assassin (2023) ============ခင်ဗျားတို့ရဲ့ ဘဝမှာ တစ်ရက်လောက် တခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ ပြောင်းလဲပြီး နေလို့ရမယ်ဆိုရင် ဘာတွေလုပ်ချင်မိကြမလဲ။ အရင်ဆုံးဗျာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ချင်မိကြမလဲ။ ပြီးရင် အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဘာတွေကို လုပ်ကြည့်ချင်မိလဲ။ ကျွန်တော် ကတော့ အေးချမ်းမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိုးရှင်းတဲ့လူ တစ်ယောက်နဲ့ လဲလှယ်ချင်မိမယ် ထင်တယ်။ ဘဝမှာ ကိုယ်နေ ပျော်ဖို့က အဓိပဲလေ ဟုတ်တယ်မလား။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကျွန်တော့်စိတ်ကူးနဲ့ လုံးဝဆန့်ကျင် ဖက်ပဲ။ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူသုံးပြီး လူတွေ လိုက်သတ်ရတယ်တဲ့ဗျာ။ စစ်ဆင်ရေးတစ်ခုမှာ မတော်တဆမှု တစ်ခုဖြစ်ပြီး ကိုမာဝင်သွားတဲ့ အမျိုးသားဖြစ်သူ ဒရုန်းတပ်လေ ယာဉ်မှူးကို ပြန်ခေါ်နိုင်ဖို့ရာအတွက် တခြားခန္ဓာကိုယ်တွေကို ကူးပြောင်းပြီး လူသတ်၊စစ်ဆင်ရေးတွေလုပ်ရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းပေါ့။"ဘယ်အခြေအနေပဲရောက်ရောက် မင်းနဲ့အတူရှိနေပါ့မယ်" ဆိုတဲ့ သစ္စာစကားတစ်ခွန်းက အန္တရာယ်များလွန်းတဲ့ စစ်ဆင် ရေးတွေဆီ အကြောက်အလန့်မရှိ တိုးဝင်သွားနိုင်ပုံတွေကို ရိုက်ပြထားတဲ့ action and crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မင်းသားတွေကတော့ တစ်ခြားသူတွေမဟုတ်ဘူး ခင်ဗျားတို့အချစ်တော်နှစ်ယောက် Bruce Willis နဲ့ Dominic Purcell တို့ပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie

Assassin (2023)

2023
Emancipation (2022)
Emancipation (2022) ​အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး ...
movie

Emancipation (2022)

2022
Brawl in Cell Block 99 (2017) 7.3
Brawl in Cell Block 99 (2017)  နောက်ဆုံးအလုပ်ဆိုပြီးလုပ်လိုက်တဲ့အလုပ်မှာလွဲမှားမှုတွေဖြစ်ပြီးဘရက်ဒ်တစ်ယောက်ထောင်ကျတော့တာပါပဲ။အဲဒီကစလို့ပွဲကြမ်းတော့တာပဲ။ဘယ်လိုပွဲကြမ်းမလဲဆိုတာတော့ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။အသည်းယားတတ်သူများကတော့ဝေါင်ဝေါင်ရှေးထားပေါ့ဗျာ။အမှန်အကန်ကြမ်းပြတာပါပဲ။လောကမှာအကြောင်းအကျိုးနဲ့ဖြစ်လာသမျှကိုဘယ်သူမှရှောင်လို့မရတာကိုပြသွားတာပါ။ကိုယ်မျှော်လင့်သလိုဖြစ်မလာနိုင်တာကိုလည်းတွေ့ရမှာပါ။Ratingကလည်းကောင်းတယ်ဆိုတော့ အပန်းပြေဇာတ်ကြမ်းလေးအားပေးလိုက်ကြပါဦး။Qty - 720p Web dlIMDb : 7.3/10Genre : Crime/ThrillerDuration : 2Hours and 12MinutesSubtitle - Myanmar HardsubReview - Thura Zarni AungTranslator - Thura Zarni AungEncoder - Kyaw Ye Aung
movie

Brawl in Cell Block 99 (2017)

2017