Channel Myanmar

Murilo Meola

Chuck Billy and The Marvelous Guava Tree (2024) 7.5
Chuck Billy and The Marvelous Guava Tree (2024)  ဒီကားလေးကတော့ 2024ခုနှစ်မှာထွက်ထားတဲ့ဘရာဇီးကားလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးဟာ Chuck ဆိုတဲ့ စိတ်ကူးယဥ်ဆန်တဲ့ကလေးတစ်ယောက်ဟာ သူဘဝအကြောင်းကို ပုံပြင်လိုပြန်ပြောပြတဲ့ပုံစံဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။Chuck ဟာ မာလကာသီးကို မိခင်ဝမ်းတည်းကအရမ်းတောင့်တသူဖြစ်ပြီး ကြီးလာတဲ့အခါမှာလည်းမာလကာသီးကို အရမ်းစွဲလမ်းတဲ့သူဖြစ်လာပါတော့တယ်။သူ့ရဲ့တစ်နေ့တာကို သူ့ရွာမှာရှိတဲ့လူကြီးတစ်ယောက်ရဲ့သစ်သီးခြံကမာလကာသီးကို သွားခိုးခူးစားရင်းအချိန်ကိုကုန်ဆုံးလေ့ရှိပါတယ်။Chuckက ခေါင်းမာတဲ့သူဖြစ်ပြီး သူများစကားကိုနားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်သူမျိုးဖြစ်ပါတယ်။တစ်နေ့မှာ ရွာမှာရှိတဲ့သူဌေးတစ်ယောက်က ရွာဖွံ့ဖြိုးဖို့လမ်းဖောက်ရန် ရွာကလူတွေကိုစည်းရုံးပါတော့တယ် ။ပြဿနာကတော့လမ်းဖောက်ရင် မာလကာသီးပင်ကိုဖြတ်ပြီးဖောက်ရမှာဖြစ်လို့ အပင်ကိုခုတ်ပစ်ဖို့ကြိုးစားကြတဲ့အခါ Chuckဟာ သူတွေးနိုင်တဲ့နည်းလမ်းတွေနဲ့တားဖို့သူငယ်ချင်းတွေနဲ့ကြိုးစားပါတော့တယ်။Chuckနဲ့ သူငယ်ချင်းတစ်စုက တကယ်ပဲ လမ်းခင်းတာကိုတားနိုင်မှာလား.....လမ်းခင်းရခြင်းရဲ့နောက်ကွယ်မှာဘာတွေရှိနေမှာလဲ.....သူ့ရဲ့ပုံပြင်လေးက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမှာလဲကိုကြည့်ရှူနိုင်မှာဖြစ်ပါတယ်.....ဒီကားလေးမှာ ရွာရဲ့အလှတရားတွေ ရွာကလေးမှာကလေးတစ်ယောက်အဖြစ် နေရတဲ့ခံစားချက်မျိုးလေးတွေကို ခံစားပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့ ညွှန်းပါတယ်ဗျာ။   File size… (1.66GB) / (951MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Chuck Billy and The Marvelous Guava Tree (2024)