Channel Myanmar

Morgan Oey

The Butterfly House aka Pernikahan Arwah (2025) 6.7
The Butterfly House aka Pernikahan Arwah (2025) The Butterfly House (2025) IMDb - 7/10အင်ဒိုသရဲကား ကြိုက်နှစ်သက်သူတို့အတွက် Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်ထွက်အင်ဒိုဟော်ရာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။တာစ်ယာနဲ့ ဆာလင်မ်တို့က မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲ။စေ့စပ်ပွဲအပြီး ဟောင်ကောင်မှာမင်္ဂလာဦးအကြိုဓာတ်ပုံရိုက်ဖို့စီစဉ်ထားပေမဲ့ ဆာလင်မ်ရဲ့တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ အဒေါ်ဖြစ်သူဆုံးပါးသွားခဲ့တယ်။ဒီမှာပဲ ဟောင်ကောင်သွားဖို့ အစီအစဉ်ကိုဖျက်ပြီး နယ်မြို့လေးက အဒေါ့်အိမ်ဟောင်းကြီးမှာပဲရိုက်ကြဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ဒါပေမဲ့ နယ်မြို့လေးက အဒေါ့်အိမ်ကိုရောက်တဲ့အချိန်မှာတော့ အိမ်ကြီးက တာစ်ယာ့အိပ်မက်ဆိုးထဲမှာ မြင်တွေ့ဖူးနေတဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ Zwe ~ Cherryတို့ဖြစ်ပါတယ်) File size… 1.4 GB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ KKKZ ~ Zwe ~ Cherry
movie

The Butterfly House aka Pernikahan Arwah (2025)

Because I Hate Korea (2024) 6
Because I Hate Korea (2024) Because I Hate Korea (2024)******************************မိမိ မွေးဖွားလာခဲ့တဲ့ အမိမြေဆိုပေမဲ့ မနေချင်လောက်အောင် မုန်းမိတဲ့ အချိန်ဆိုတာမျိုး ရှိကြမှာပါ။အကြောင်းပြချက် ကိုယ်စီကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ဘဝတိုးတက်ရာ လမ်းကြောင်းကို ရှာဖွေဖို့နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိကြတာပေါ့။အခုတင်ဆက်ပေးမဲ့ ဒီဇာတ်ကားလေးကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ဂျူဂယ်နာရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းဘဝဟာ အသွားအလာ လုပ်ချိန်နဲ့တင်၂နာရီ နီးပါး ကြာတဲ့အထိ စိတ်ညစ်ညူးစရာ ဖြစ်လို့နေပါတယ်။လူအများနဲ့ ကွဲထွက်ပြီး ဇီဇာကြောင် လက်ပေါက်ကပ်တတ်သူလည်း ဖြစ်တာမို့လို့သူ့ဘဝက သူ့စိတ်တိုင်းကျ ဖြစ်မနေပါဘူး။တဖြည်းဖြည်းနဲ့ ဘဝတက်လမ်း မရှိဘူးလို့ ခံစားလာရတဲ့ ဂယ်နာဟာ အမိမြေ ကိုရီးယားကိုစွန့်ခွာပြီး နယူးဇီလန်မှာ အခြေချ နေထိုင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။မိသားစုနဲ့ ချစ်သူကိုပါ စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်သွားရင်းသူ လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ဘဝရဲ့ အနှစ်သာရတွေကို ခံစားနိုင်မလားဆိုတာကိုတော့ဇာတ်ကားထဲမှာ ကြည့်ရှူခံစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet ...
movie

Because I Hate Korea (2024)

Romeo Ingkar Janji (2024) 7
Romeo Ingkar Janji (2024) Romeo Ingkar Janji (2024)ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ သူကတော့ မိဘတွေက ကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစုက ဂရုမစိုက် သူရှိတယ်လို့ကို မသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာ မွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေတတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့ သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။ ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက်တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူတစ်ဦးပေါ့။အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက်လာရာကနေ ဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူးဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။ ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့်လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန်လာတော့ ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။ ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့ ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါသေးတယ်။အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Romeo Ingkar Janji (2024)

Srimulat: Hidup Memang Komedi (2023) 7.1
Srimulat: Hidup Memang Komedi (2023) Srimulat.Hidup.Memang.Komediဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Srimulat: Hidup Memang Komedi (2023)

2023
Srimulat: Hil Yang Mustahal – Babak Pertama (2022) 6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022) Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Srimulat: Hil Yang Mustahal – Babak Pertama (2022)

2022
Deadly Love Poetry(2022) 5
Deadly Love Poetry(2022) IMDb Rating/(5.0)Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွ‌လေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကား‌လုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်‌ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ‌ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ ...
movie

Deadly Love Poetry(2022)

Winter in Tokyo (2016) 7
Winter in Tokyo (2016) Winter in Tokyo ( 2016 ) IMDb 7/10============================== ဒီတခါတော့စီအမ် ပရိတ်သတ်တွေအတွက် 2016တုန်း ထွက်ရှိထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်Winter in Tokyoဆိုတဲ့အတိုင်း ဇာတ်အိမ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေပြုပါတယ် တိုကျိုမြို့ရဲ့ဆောင်းရာသီတစ်ခုမှာ ကဲကိုဆိုတဲ့ကောင်မလေးရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ကာဇူတိုဆိုတဲ့ ကောင်လေး ရောက်လာခဲ့ပါတယ် ကာဇူတိုက ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့ ကဲကိုကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်ပါတယ် ကာဇူတိုဟာ သူ့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကံမကောင်းခဲ့တာကြောင့် နယူးယောခ့်ကနေ တိုကျိုကိုပြန်လာခဲ့တာပါ အဲ့ဒီမှာကဲကိုနဲ့ဆုံပြီး ချစ်မိနေခဲ့ပါတယ် ကဲကိုကလည်း ချစ်မိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောကြပါဘူး သူငယ်ချင်းလိုပဲနေရင်း တစ်ယောက်ကြောင်းတစ်ယောက်အကုန်သိနေပြီး ကြည်နူးစရာအချိန်‌‌တွေပေါ့တစ်နေ့မှာတော့ ကဲကိုက သူငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ကောင်လေးကို အမှတ်မထင်ပြန်တွေ့ခဲ့တယ် အဲ့ဒီ့မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရတာ အရမ်းကို ကြည်နူးစရာကောင်းသလို ပေါ့ပေါ့ပါးပါးနဲ့ ဒရာမာ ရိုမန့်ကားလေးလည်း ဖြစ်ပါတယ် ကြည့်လို့လည်း တော်တော် ကြည်နူးစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်လို့ ညွုန်းပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Shan ပဲ ဖြစ်ပါတယ်။Genre..... Romance Quality…. 1080p | ...
movie

Winter in Tokyo (2016)

2016
The Night Comes for Us (2018) 7.0
The Night Comes for Us (2018) The Night Comes for Us (2018) IMDb - 7.0/10_____Rotten - 90%    Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီ rating 7 အထိရရှိထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကိုကြည့်ရုံနဲ့ ဒီကားကြမ်းမကြမ်းသိနိုင်မှာပါ။ ကြမ်းပါပေ့ဆိုတဲ့ action ကားတွေကိုမှကြိုက်တဲ့သူတွေအတွက် The Raid ဇာတ်ကားနဲ့အတူအောင်မြင်လာတဲ့ မင်သား Iko Uwais ပါဝင်ရိုက်ကူးထားတဲ့ ဒီကားဟာလုံးဝအကြိုက်တွေ့စေမှာပါ။ ဇာတမလမ်းဇာတ်ကွက်ကတော့ သိပ်မရှိပေမယ့် action အသားပေးထားပြီး အသားပေးထားတဲ့အတိုင်အရမ်းကြမ်းပါတယ်။ ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင် ကြမ်းပါတယ်။ အတိုက်အခိုက် အသတ်အဖြတ်တွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်ပြတာမျိုးကြည့်ချင်သူတွေအတွက်ကတော့ လုံးဝအကြိုက်တွေ့စေမှာပါ။ မူရင်းစာဖိုင်မှာ English လိုပြောတဲ့နေရာတွေစာမပါတဲ့အတွက် ကိုယ်တိုင်ဖန်တီးထားတာကြောင့်လိုအပ်ချက်အနည်းငယ်ရှိမှာဖြစ်ပြီး နားလည်ပေးစေလိုပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)    File Size : (950 MB) Quality : NF WEB-DL 720p Running Time : 2 h 01 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie

The Night Comes for Us (2018)

2018