Channel Myanmar

Moon So-ri

1987: When the Day Comes (2017)
1987: When the Day Comes (2017) 1987: When the Day Comes (2017)********************************IMDb... 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon,Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစား‌နေကြတဲ့ကြားကနေအမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီးသရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်းကြည့်ရှုကြရမဲ့ ...
movie

1987: When the Day Comes (2017)

Like You Know It All (2009) 6.8
Like You Know It All (2009) Like You Know It All (2009) ***************************IMDb -6.8ဇာတ်လမ်းအကျဥ်း *******************ရုပ်ရှင်ဒါရိုက်တာဂူဂ​ယောင်းနမ် (Kim Tae Woo)က ကိုယ့်အ​ကြောင်းကိုယ် ပြန်ရိုက်ကူးတဲ့ ​နားလည်ဖို့ခက်တဲ့ ရုပ်ရှင်​တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်​ယောက်၊ နာမည်ကြီး ဒါရိုက်တာမဟုတ်​ပေမဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပြီး ​​ဂျယ်​ချောင်းကို ​ရောက်လာခဲ့ပါတယ်။ ဂျယ်​ချောင်းကို​ရောက်ပြီး တစ်​နေ့မှာ​ ဂျူနီယာဖြစ်သူ ဘူဆန်းယုံး(Gong Hyung Jin)နဲ့ အမှတ်မထင်​တွေ့ပြီး အရက်​သောက်ရင်း ​ဘူဆန်းယုံးရဲ့အိမ်ကို ​ရောက်သွားကြတယ်။ ဘူဆန်းယုံးရဲ့ အိမ်မှာ ဘူဆန်းယုံးရဲ့ ဇနီးဖြစ်သူ ယူရှင်း (Jung Yu Mi)နဲ့ ​ကိစ္စတချို့ကြောင့် ဖောက်ပြန်ခဲ့မိပြီး အဲဒါကိုသိသွားတဲ့ ဘူဆန်းယုံးက ဂူဂ​ယောင်းနမ်နဲ့ ​ရေစက်ဖြတ်ခဲ့ပါတယ်။တစ်ဖန် ဂူဂ​ယောင်းနမ်က ရုပ်ရှင်နဲ့ပတ်သတ်တဲ့ လက်ချာ​ပေးဖို့အတွက် ဂျယ်ဂျူကျွန်းကို ​ရောက်လာခဲ့ပြန်ပါတယ်။ ဂျယ်ဂျူကျွန်းမှာ ရှိ​နေတဲ့ စီနီယာယန်း​ချောင်းဆူ (Moon Chang Gil)နဲ့ ပြန်လည်​တွေ့ဆုံပြီး ​စီနီယာယန်းရဲ့ အိမ်ကို အလည်လိုက်သွားပါ​တော့တယ်။ ...
movie

Like You Know It All (2009)

The Mayor (2017) 6.5
The Mayor (2017) The Mayor (2017) *****************ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ဒီလိုနဲ့ ...
movie

The Mayor (2017)

Ha Ha Ha (2010) 6.7
Ha Ha Ha (2010) Ha Ha Ha (2010)*****************နာမည်ကြီး သရုပ်ဆောင်များစွာပါဝင်တဲ့ ဒီကားလေးကတော့ ဒါရိုက်တာ ဟုန်းဆန်ဆူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဟာသ ဒရာမာအမျိုးအစားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျိုမွန်းဂယောင်းက ကိုရီးယားကနေထွက်ခွာပြီး ကနေဒါမှာ သွားနေဖို့ အကြောင်းဖန်လာတယ်။သူမသွားခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ ရုပ်ရှင်ဝေဖန်ရေးသမား ဘန်ဂျောင်ရှစ်နဲ့ အရက်အတူသောက်ရင်း သူတို့ ထုံးယောင်းကို သွားခဲ့ဖူးတဲ့အကြောင်းတွေကို ပြန်ပြီး စားမြုံ့ပြန်ပြောကြတယ်။ ဒါပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပြောကြတဲ့အခါ ပျော်စရာကောင်းခဲ့တဲ့အမှတ်တရတွေပဲ ပြောရမယ်လို့ သတ်မှတ်ထားခဲ့ကြတယ်။ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အတိတ်ကအကြောင်းတွေ အချင်းချင်းဖလှယ်ကြရင်းနဲ့ တိုက်ဆိုင်စွာပဲ သူတို့နှစ်ဦး သွားခဲ့တဲ့နေရာတွေလည်း တူနေသလို သူတို့နဲ့ ဆုံခဲ့တဲ့သူတွေဟာလည်း တူနေကြတာပါပဲ။သူတို့သူငယ်ချင်းနှစ်ယောက် ဘယ်လိုလူတွေနဲ့ ဆုံခဲ့ကြလဲ ...ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စမျိုးတွေ ကြုံခဲ့ကြလဲ .. ဆိုတာကို ဒါရိုက်တာဟုန်းဆန်ဆူးက မြင်နေကျမဟုတ်ဘဲ ကွဲထွက်နေတဲ့ ဖန်တီးမှုပုံစံတစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.76GB / 816MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 56m Genre ….. ...
movie

Ha Ha Ha (2010)

Camellia (2010) 6.5
Camellia (2010) Camellia (2010)*****************ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့ Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံက ဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာ မစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင် သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ။ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူး ထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ် ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ...
movie

Camellia (2010)

The President’s Barber (2004) 7
The President’s Barber (2004) The President's Barber (2004)******************************IMDb... 7သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦးရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့်မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီးသမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ...
movie

The President’s Barber (2004)

The Spy: Undercover Operation (2013) 6.2
The Spy: Undercover Operation (2013) The Spy: Undercover Operation (2013)****************************************Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက် အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို အထူးတာဝန်ပေးအပ်ခြင်းခံရတယ်......အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်...အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့ အသိပေးထားခြင်းမရှိဘူး..... သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်... အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်.... ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင် ဖုန်းမကိုင်ဘဲ မနေရဲပါဘူး.......................ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့ စိတ်ပျက်လာဟန်တူပါတယ်....ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ ကိုးရီးယားတစ်နိုင်ငံလုံးကို ဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ ..Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲ ...ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်... ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ ခံစားကြည့်လိုက်ဦးဗျို့....(အညွှန်းကို Alias မှ ရေးသားထားပါတယ်)File size…2.37GB / 0.99GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Comedy, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Alias Encoded by AHtet
movie

The Spy: Undercover Operation (2013)

Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild (2010) 7.0
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild (2010) "ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ်သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့" အမေဆိုတာအဲလိုလူမျိုးပါ။ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလိုလူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။"အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်" ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာတောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီးဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ဒီဇာတ်ကားက တောင်ကိုရီးယားမှာ ...
movie

Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild (2010)

The Housemaid (2010) 6.4
The Housemaid (2010) 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size…    1.4 GB /  652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Housemaid (2010)

[18+] Bewitching Attraction (2016) 4.2
[18+] Bewitching Attraction (2016) Bewitching Attraction (2006)CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ်ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါမမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါမမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+] Bewitching Attraction (2016)

2006
Seoul Vibe(2022) 7.0
Seoul Vibe(2022) Seoul Vibe(2022) အညွှန်း********************* ကဲ ဒီနေ့တော့ Trailer မြင်ကတည်းက စောင့်မျှော်ကြည့်ရှုချင်နေကြမဲ့ပရိတ်သတ်တွေအားလုံးအတွက် အလန်းစားကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်အိုလံပစ်ပွဲကျင်းပခဲ့တဲ့ 1988 Vibe ကိုအပြည့်ရမဲ့ကားဖြစ်ပြီး ကားမောင်းကျွမ်းကျင်တဲ့လူငယ်တစ်စုကရန်ပုံငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတစ်ခုကို ဖော်ထုတ်ဖို့ အသွင်ယူပြီး ပူးပေါင်းစုံစမ်းပေးကြမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။Cast တွေကတော့ ပြောစရာမလိုလောက်အောင်ပြီးပြည့်စုံလှပါတယ် အားလုံးရဲ့အချစ်တော် ယူအာအင်၊ Mouse drama မှာ အားလုံးရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တဲ့မင်းသမီးလေး ဘတ်ဂျူဟျွန်း၊ Reply 1988 ထဲက မင်းသား ဂို‌ဂယောင်းဖြို၊Winner အဖွဲ့ကအဆိုတော် မင်ဟိုအပြင်...It's okay to not be okay ထဲကAutism ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဖော်နိုင်ခဲ့တဲ့ အစ်ကိုကြီးဖြစ်သူ အိုဂျောင်းဆယ်၊Prison Playbook ထဲက ဆေးသမားလေး အီဂယူဟျောင်းအစရှိတဲ့ ဇာတ်ရံတွေကအစ ရှယ်တွေသုံးထားတာမလို့ အထူးညွှန်းနေစရာမလိုတော့ဘူးထင်ပါတယ်။ File Size : (1.1GB) and (366 MB) Quality : WEB-DL.Nf.1080p5.1Ch,720p Format…mp4 Duration…02:18:00 Genre : Action , ...
movie

Seoul Vibe(2022)

I Want to Know Your Parents (2022) 7
I Want to Know Your Parents (2022) I want to know your parents (2022)အကြောင်းပြချက်အမျိုးမျိုးနဲ့ အားကြီးသူကအားနည်းသူကိုထိုးနှက်ဖိနှိပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်နိုင်ထက်စီးနင်းလုပ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမရှိဘဲ တရားမျှတမှုကိုရှာဖွေရတဲ့ ခရီးလမ်းဟာ ဘယ်လောက်ခက်ခဲမလဲအားလုံးခန့်မှန်းမိကြမှာပါ။ဟန်နင်းမ် အင်တာနေရှင်နယ်အလယ်တန်းကျောင်းလို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ဂုဏ်သတင်းအမွှေးဆုံးအလယ်တန်း‌ကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအကျိုးဆက်အနေနဲ့ ကျောင်းသားလေးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးလိုက်ရတဲ့ နစ်နာသူကျောင်းသားလေးရဲ့ဘက်မှာ မျက်နှာမွဲမိခင်နဲ့ ယာယီစာချုပ်ဝန်ထမ်းဖြစ်တဲ့ ဆရာမလေးတစ်ယောက်သာရှိပြီး တစ်ဖက်မှာ အကောင်းဆုံးအလုပ်အကိုင်တွေနဲ့ အထက်တန်းလွှာတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့်ပွဲမှာ ဘယ်လို အလှည့်အပြောင်းတွေဆက်ဖြစ်လာမလဲ ဒီအမှုကိစ္စကရောအားလုံးတွက်ဆထားသလို ရိုးရှင်းပါ့မလား?ရင်တဖိုဖိုနဲ့ လောင်ရတဲ့ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် I Want To Know Your Parents ရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။မင်းသားကြီး Sol Kyung Gu နဲ့မင်းသမီး Woo Hee Chun တို့ကအဓိကပါဝင်ထားပြီး Dal Su Oh, Chang Seok Ko, Kim Hong Pa, Kang Shin ...
movie

I Want to Know Your Parents (2022)

2022
Little Forest (2018) 7.2
Little Forest (2018) Little Forest (2018) ဇာတ်လမ်းအညွှန်းIMDb 7.2 ရရှိထားပြီး သဘာဝကျေးလက်အလှတရားတွေနဲ့ ဘဝနေပျော်မှုလေးတွေကို အနုပညာမြောက်စွာပြသထားတဲ့ ဒီကားလေးကို ခံစားကြည့်လိုက်ပါဦး။ မင်းသမီးကလည်း လက်ရှိချိန်မှာ အားလုံးရဲ့ အသဲကျော် နာဟီးဒို (Kim Tae-ri) ပါခင်ဗျ။(အရင်က တင်ဆက်ပေးခဲ့ဖူးပြီးသား ကားကောင်းလေးပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ video quality ကော subtitle  quality ပါ ပိုမိုကောင်းမွန် ပြီးပြည့်စုံအောင်ပြင်ဆင်ပြီး ပြန်လည် တင်ဆက်ပေးခြင်း ဖြစ်ပါတယ်။)လူတစ်ယောက်ရဲ့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် နေရာ ဒေသ ပြောင်းလဲသင့် ပြောင်းလဲရမယ်ဆိုတာရယ်၊ ပညာရပ်တစ်ခုကို ထပ်ပေါင်းသင်ကြားရင်း အမြင့်တစ်ခုဆီကို တက်လှမ်းသင့် လှမ်းရမယ်ဆိုတာရယ် တော်တော်များများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားနေရပါတယ်။တစ်ချို့တွေကတော့ ပြောင်းလဲမှုမှာ အံဝင်ခွင်ကျ ဖြစ်သွားကြသလို တစ်ချို့သူတွေကျတော့ ပြောင်းလဲမှုဒဏ်ကို မခံနိုင်ကြဘဲ ပြောင်းလဲမှုတွေကြားမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းတဲ့အခါ ...
movie

Little Forest (2018)

2018
Three Sisters (2021) 7
Three Sisters (2021) Three Sisters (2021)IMDb - 7/10 MDL Stars - 7.5/10Buil Film Awards - Best Supporting Actress ( Kim Sun Young ) Baek Sang Art Awards - Best Supporting Actress ( Kim Sun Young )ဆုနှစ်ဆု အပိုင်သိမ်းခဲ့ပြီးတော့ တစ်ကြိုစာရင်း ၉ ကြိမ်ဝင်ခဲ့တဲ့ ကိုရီးယား ဒရာမာ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ညီအစ်မ ၃ ယောက်ဆိုတဲ့ နာမည်အတိုင်း ညီအစ်မ ၃ ယောက်ရဲ့ဇာတ်လမ်းပါပဲ။ကျေးလက်မှာ မွေးဖွားပြီး မြို့ပြမှာ ကြီးပြင်းခဲ့တဲ့ ညီအစ်မ ၃ ယောက် ကိုယ့်အကြောင်းကိစ္စတွေနဲ့ မဆုံဖြစ်၊ မဆုံနိုင်ကြတာ တစ်နေ့မှာတော့ အဖေ့မွေးနေ့မှာ ဆုံဖြစ်ကြတဲ့အခါမှာတော့ .....ဇာတ်လမ်းတင်ပြပုံက ရိုးရှင်းသလောက် ဒရာမာ ပီသလောက်အောင် တင်ပြပုံက တော်တော်ကောင်းပါတယ်။ ရုပ်ရှင်ဆုရကားရယ်လို့ မပြောရပါဘူး။မင်းသမီးကြီးတွေကလည်း ...
movie

Three Sisters (2021)

Maggie (2018) 6.2
Maggie (2018) Maggie 2018 ============လူတွေရဲ့ ယုံကြည်မှုဟာ ဘယ်လောက်ထိ အရေးပါလဲတစ်ခုခု ယုံကြည်ချက်ရှိတယ်ဆို ကိုယ့်ယုံကြည်မှုအတိုင်းဆက်လုပ်မလားယုံကြည်မှုဟာ ဘာတွေနဲ့ သက်ဆိုင်လဲဘာတွေအပေါ်မှာ မူတည်နေလဲဒီဇာတ်လမ်းလေးမှာတော့ Itaewon class က စားဖိုမှူးမလေးကိုသူနာပြု ဆရာမလေး ယောယွန်ယောင်းအဖြစ် တွေ့ရမှာဖြစ်ပါတယ်ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၆ ဆု ရရှိထားတာဖြစ်ပါတယ်ဇတ်လမ်းအကျဉ်း"မာရီယာရဲ့ အချစ်"လို့ အမည်ရတဲ့ ဆေးရုံတစ်ရုံရဲ့ ဓာတ်မှန်ခန်းထဲက.....လူ၂ယောက် လိင်ဆက်ဆံတာကို ရိုက်ထားတဲ့ ဓာတ်မှန်ပုံကြီး ထွက်လာခဲ့ပါတယ်အဲ့့ပုံထွက်လာပြီးနောက်နေ့မှာပဲ ဆေးရုံမှာရှိသမျှ ၀န်ထမ်းတွေအကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူသွားခဲ့တယ်ဒုဆေးရုံအုပ်နဲ့ သူနာပြုယောယွန်ယောင်းပဲ အလုပ်မှာရှိနေခဲ့ပါတယ်လူတွေကို သံသယ၀င်တတ်လွန်းတဲ့ ဒုဆေးရုံအုပ်နဲ့ ယုံကြည်တတ်လွန်းသူ ယောယွန်ယောင်း.....သူတို့တွေဟာ လူတွေအပေါ်မှာထားတဲ့ သူတို့ယုံကြည်မှုတွေမှန်ကန်ရဲ့လား စစ်ဆေးခဲ့တယ်အဲ့ထဲမှာ သူနာပြုယောယွန်ယောင်းရဲ့ ချစ်သူလည်းပါ၀င်ခဲ့ပါတယ်သူတို့ရဲ့ယုံကြည်မှုဟာ မှန်ကန်ရဲ့လားဘယ်သူတွေကို ယုံကြည်ဖို့ ရွေးချယ်လိုက်မလဲဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File Size – 1.4 GB Quality – 1080p FHDRip File Type – mp4 Duration – 1h ...
movie

Maggie (2018)

2019
Vanishing Time: A Boy Who Returned (2016) 7.8
Vanishing Time: A Boy Who Returned (2016) နာရီတွေကို ရပ်ထားရင် ဘာတွေ ဖြစ်သွားမယ်ဆိုတာကို တွေးမိပါသလား? တောင်တွေပေါ်ကို ခရီးထွက်ခဲ့ကြတဲ့ ကလေးတစ်စု သွားခဲ့ရာက မတော်တဆ ပျောက်ဆုံးသွားခဲ့ကြပါတယ်။ ကောင်မလေးတစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ၁၃ နှစ်သား ကောင်လေးက အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်အနေနဲ့ ပြန်ပေါ်လာခဲ့တဲ့အခါမှာ ...... ကောင်မလေးကရော သူ့သူငယ်ချင်းကို မှတ်မိနိုင်ပါ့မလား? ကောင်လေးက အချိန်တွေကို ရပ်တန့်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ကလေးတွေကို သတ်တဲ့လူဟာလည်း အဲဒီအမျိုးသားလို့ သံသယဝင်ခံရတဲ့အချိန်မှာတော့ ..... ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မင်းသားကတော့ Too Beauty to Lie ထဲက Gand Dong Won ပဲ ဖြစ်ပါတယ်။ IMDb - 7.3/10 ရထားတဲ့ ဇာတ်လမ်းကောင်း ဖြစ်တာမို့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။File Size - 1.4 gb Quality - bluray 1080p Subtitle -  burmese Translator - Bommy Chan Encoder - Thit San ...
movie

Vanishing Time: A Boy Who Returned (2016)

2016
Oasis (2002) 7.9
Oasis (2002) [Unicode]Oasis (2002) ===========IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dongတောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတ‌ဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရ‌ှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာ‌တော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
movie

Oasis (2002)

The Handmaiden (2016) 8.3
The Handmaiden (2016) မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့...(function(f,b,n,j,x,e){})();IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။ 16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့် ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။ သိမ်မွေ့တယ်ပေါ့။ လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။ Hideko ဟာ ...
movie

The Handmaiden (2016)

2016
Peppermint Candy (1999) 7.7
Peppermint Candy (1999) [Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie

Peppermint Candy (1999)

1999