Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Moon Jeong-hee
7.5
Café Noir (2009)
Café Noir (2009) **************************IMDb - 7.5ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း******************** ယောင်းဆူ (Shin Ha ...
movie
Café Noir (2009)
7.4
The Match (2025)
The Match (2025)******************IMDb... 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ ကလေးသရုပ်ဆောင် Kim Kang Hoonတို့အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝနောင်တမရစေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမားဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမကဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား..မကျေနပ်ချက် ...
movie
The Match (2025)
6.5
The Unrighteous (2024)
The Unrighteous (2024)***********************IMDb... 6.5 ဘာသာရေးကိုအကြောင်းပြုတဲ့ တရားမဝင်ပြစ်မှုအကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteousဂျူဟျွန်း (Lee Hyun-Woo) က ဝန်းဂျောင်းဗီလာလို့ခေါ်တဲ့ တိုက်ခန်းဟောင်း သေးသေးလေးမှာ နေမကောင်းဖြစ်နေတဲ့အမေ၊ တူမလေးနဲ့ အတူတူနေထိုင်နေတဲ့သူပါ။ဘဏ်တစ်ခုရဲ့ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့ပြင်ဆင်နေသူလည်းဖြစ်တယ်။အိမ်နီးနားချင်းတွေနဲ့လည်း အဆင်ပြေပြေ ဆက်ဆံတတ်တဲ့သူဖြစ်ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့ခေါ်တဲ့အပေါ်ထပ်အိမ်က အမျိုးသမီးနဲ့တော့ ဆက်ဆံရေးမပြေလည်ခဲ့ပါဘူး။တစ်နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ စာတိုက်ပုံးထဲကို ဘုရားကျောင်းတစ်ခုရဲ့ လက်ကမ်းစာစောင်ကို ထည့်ခဲ့ပါတယ်။ရှင်းဟယ်ကလည်း နေမကောင်းဖြစ်နေတဲ့သားဖြစ်သူကြောင့် ဘုရားကျောင်းရဲ့ ယုံကြည်သူဖြစ်လာပြီးအလွန်အမင်းအစွန်းရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဝန်းဂျောင်းဗီလာတစ်ခုလုံးနဲ့ ဂျူဟျွန်းမိသားစုပါ အစွန်းရောက်ယုံကြည်သူတွေကြောင့်အန္တရာယ်ကျရောက်လာသောအခါ...ဂျူဟျွန်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းပြီး ရုန်းထွက်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။) File Size : 1.11GB/ 440MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Thriller, Mystery, Horror Subtitle : ...
movie
The Unrighteous (2024)
6.7
Dark Figure of Crime (2018)
Dark Figure of Crime (2018)****************************2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိက ပါဝင်ထားပါတယ် ..တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ******************** ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…1.76GB / 732MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ...
movie
Dark Figure of Crime (2018)
6.1
Low Life (2004)
Low Life (2004) ***************ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက် အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက် Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ် အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်း လှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် ..အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာ ဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူ ဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် ..ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူး အဲဒီနောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကို သားအနေနဲ့ မွေးစားလိုက်တော့တယ် ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာ သမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် ..အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံလူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာ စိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် ..ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက် မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ် ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာက ထယ်ဝန်းတစ်ယောက် ...
movie
Low Life (2004)
7.0
Noryang: Deadly Sea(2023)
Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie
Noryang: Deadly Sea(2023)
7.0
Cart(2014)
Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie
Cart(2014)
7.1
Take Care of My Cat (2001)
Take Care of My Cat (2001)သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။)File Size : 2.8GB, 1.1GB, 578MB Quality ...
movie
Take Care of My Cat (2001)
2001
6.3
Hide and Seek (2013)
Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။ အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie
Hide and Seek (2013)
2013
Limit (2022)
Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size : 1.4GB, ...
movie
Limit (2022)
2022
7.0
Pandora(2016)
Pandora(2016) အညွှန်း********************IMDb...7.0Pandoraရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးပြသထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဝင်ငွေများစွာ ရရှိထားခဲ့ပါတယ် ဂျယ်ဟော့ (Kim Nam-Gil)ဟာ မိခင်(Kim Young-Ae)နှင့် မရီး (Moon Jeong-Hee),တူဖြစ်သူ မင်ဂျယ် (Bae Gang-Yoo)တို့နှင့်အတူ မြို့သေးသေးမှာ အတူတူ နေထိုင်ကြပါတယ်...သူတို့မြို့မှာ ရှိတဲ့ နျူးကလီးယားဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်ပြီး ယောင်းဂျူ (Kim Joo-Hyun)နဲ့ တွဲနေကြပါတယ်.. နျူးကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဌာနမှူး (Jung Jin-Young) ဟာ လက်ရှိ စက်ရုံအခြေအနေကို စိတ်ပူပြီး အထက်ကို တင်ပြပေမယ့် ဘယ်သူကမှအရေးတယူ မလုပ်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ ပြင်းအား အတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်...ငလျင်ဒဏ်ကြောင့် စက်ရုံမှာ ပေါက်ကွဲမှုအနည်းငယ်ဖြစ်ခဲ့ပြီး မြိုအနီးတစ်ဝိုက်မှာရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေ ပျံ့လွင့်သွားခဲ့ပါတယ် နျူးကလီးယားစက်ရုံပေါက်ကွဲတယ်ဆိုတဲ့သတင်းက တစ်နိုင်ငံလုံးကို ပျံ့သွားပြီး အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်...စက်ရုံအတွင်းပိုင်းမှာလည်း ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပြီး နောက်ထပ်ပေါက်ကွဲမှုဖြစ်ခဲ့ရင်အခြေအနေတွေ ဆိုးဝါးသွားနိုင်တာကြောင့် စက်ရုံက ဌာနမှူးနဲ့ ဂျယ်ဟော့တို့အဖွဲ့နျူးကလီးယားဓာတ်အားပေးစက်ရုံထဲ ...
movie
Pandora(2016)
7.3
The Day I Died: Unclosed Case (2020)
The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie
The Day I Died: Unclosed Case (2020)
2020
7.2
My Girl and I (2005)
[Unicode]လူတိုင်းရဲ့ဘဝမှာ အချစ်ဦးကိုတော့ မေ့နိုင်တဲ့လူရယ်လို့ ရေရေရာရာမရှိကြပါဘူး အချစ်ဦးဆိုတာ အချစ်ခရီးရဲ့စတင်ရာပဲမဟုတ်ပါလား....အချစ်ဦးကို ၁၀ နှစ်တာဆုံးရှုံးလိုက်ရပေမယ့် အခုချိန်ထိမမေ့နိုင်သေးတဲ့ကောင်လေး ဆူဟို... နောက်ဆုံးအချိန်ထိ သူ့ကိုပဲသတိရနေပေးဖို့ တတွတ်တွတ်တောင်းဆိုနေခဲ့တဲ့ ဆူအွန်း...ငယ်ကအချစ်အနှစ်တစ်ရာဆိုတဲ့ စကားအတိုင်း အပြန်အလှန်အချစ်ဦးဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခဲ့ရပေမယ့် ရင်ထဲမှာတော့ အချစ်တွေက မလျော့သွားခဲ့ကြပါဘူး ...ကျောင်းသားဘဝရင်ခုန်စရာလေးတွေ ချစ်ခြင်းတရားတွေ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့အတူ ချစ်သူနှစ်ဦးရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတရားတွေကို စီးမြောလိုက်ပါခံစားနိင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် မတ်မတ်အွန်ဆောရဲ့ငယ်ဘဝ အလှလေးတွေကိုမြင်ရဦးမှာနော်...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]လူတိုင်းရဲ့ဘဝမှာ အချစ်ဦးကိုတော့ မေ့နိုင်တဲ့လူရယ်လို့ ရေရေရာရာမရှိကြပါဘူး အချစ်ဦးဆိုတာ အချစ်ခရီးရဲ့စတင်ရာပဲမဟုတ်ပါလား....အချစ်ဦးကို ၁၀ နှစ်တာဆုံးရှုံးလိုက်ရပေမယ့် အခုချိန်ထိမမေ့နိုင်သေးတဲ့ကောင်လေး ဆူဟို... နောက်ဆုံးအချိန်ထိ သူ့ကိုပဲသတိရနေပေးဖို့ တတွတ်တွတ်တောင်းဆိုနေခဲ့တဲ့ ဆူအွန်း...ငယ်ကအချစ်အနှစ်တစ်ရာဆိုတဲ့ စကားအတိုင်း အပြန်အလှန်အချစ်ဦးဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခဲ့ရပေမယ့် ရင်ထဲမှာတော့ အချစ်တွေက မလျော့သွားခဲ့ကြပါဘူး ...ကျောင်းသားဘဝရင်ခုန်စရာလေးတွေ ချစ်ခြင်းတရားတွေ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့အတူ ...
movie
My Girl and I (2005)
5.9
[Unicode]CM fan တွေအတွက် နောက်ထပ် Horror Movie တစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။ ဒီဇာတ်လမ်းလေးက 2003 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အချစ်တော် Running Man က မမ Song Ji-hyo က ယွန်ဂျင်ဆောင်းအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းယွန်ဂျင်ဆောင်းနဲ့ ဂင်ဆူဟီးတို့ဟာ မိန်းကလေးအနုပညာ အထက်တန်းကျောင်းမှာ ဘဲလေး အကပညာကို တူတူသင်ယူနေကြတဲ့ ကျောင်းသူတွေဖြစ်ပါတယ် ။ သူတို့ ၂ ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အထူးသဖြင့် ဂင်ဆူဟီးက ဂျင်ယောင်းကို အရမ်းတွယ်တာပါတယ် ။ အဲ့လို ချစ်ကြတဲ့ သူငယ်ချင်းတွေကြား ကံဆိုးမှုတစ်ခုက ဝင်ရောက်လာပါတယ် ဒါကတော့ သူတို့မြို့မှာပြုလုပ်မယ့် ဘဲလေးအကပြိုင်ပွဲပါ ။သူတို့ကျောင်းအနေနဲ့က ကိုယ်စားပြုအကမယ်တစ်ယောက်ကိုပဲ ရွေးချယ်ပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ခိုင်းမှာပါ... ကျောင်းက ဆရာမတွေဟာ ဆူဟီးကိုပဲ ရွေးချယ်ချင်နေတဲ့အခါမှာ ဂျင်ယောင်းတစ်ယောက် ဆူဟီးကိုစကားမပြောတော့ပါဘူး ။ အဲ့နောက် သူတိုအဆောင်ရှေ့က ...
movie
Whispering Corridors 3 : Wishing Stairs (2003)
2003
6.4
Deranged (2012)
Deranged (2012) IMDB rating 6.4 ,,,,,Rotten Tomatoes 60% Google user 90% ကိုရီးယားရဲ့သာယာလှတဲ့အခြေအနေတွေကို ရုပ်ဆိုးအကျဉ်းတန်စေတဲ့အပြင်တစ်နိုင်ငံလုံးကို ထိတ်လန့်ကြောက်ရွံစေတဲ့အဖြစ်ကိုစခဲ့တာကတော့ တစ်ခုသောမနက်ခင်းကအစပြုခဲ့တာပါ... အဲ့ဒီမနက်ခင်းမှာ အလောင်းတစ်လောင်းကိုချောင်းထဲကစတွေ့ခဲ့တာပါ...ဒီအလောင်းရဲ့ပုံစံဟာနှစ်ရှည်လများသေဆုံးပြီးမှပေါ်လာဟန်ပါပဲ..အရိုးပေါ်အရေတင်ပုံဖြစ်နေတဲ့အပြင်ကျားမတောင်ခွဲရခက်နေတယ်... သို့ပေမယ့်ရဲတွေနဲ့မှုခင်းဆရာဝန်တွေနဲ့ စစ်ဆေးချက်အရအလောင်းဟာကြာချိန်တစ်ရက်သာ ရှိသတဲ့... ဒီလိုနဲ့နောက်ရက်နောက်ရက်များမှာကိုရီးယားရဲ့မြစ်ချောင်းတွေမှာအလောင်းတွေကိုမမြင်ချင်မှအဆုံးဖြစ်ကုန်တယ်.... တစ်ဖြည်းဖြည်းရာချီလာလေတော့ကိုရီးယားတစ်နိုင်ငံလုံးထိပ်လန့်မှုကတော့ဆိုဖွယ်ရာမရှိ... ဆရာဝန်တွေအစိုးရထိပ်သီးပိုင်းလူကြီးတွေရဲတွေ အကုန်တိုင်ပတ်နေသလိုပြည်သူတွေလည်းဘာကြောင့်သေရမှန်းမသိလေတော့ကြောက်ရွံခြင်းတွေနဲ့သာဖြတ်သန်းနေလေရဲ့... ကိုင်းဘာကြောင့်သေကြတယ်... ဘယ်သူတွေကြောင့်ဖြစ်တာလဲ... သူတို့ ဘယ်လို ကာကွယ်ကြမလဲ... ဘယ်သူတွေကရအောင်စုံစမ်းကြမလဲ... ဒီကားကတော့... ဇာတ်လမ်းအစကနေအဆုံးအထိ လုံးဝဇာတ်ရှိန်မကျဆွဲခေါ်သွားမယ့်ဇာတ်ကားတစ်ကားပါ...တစ်ခုတော့ရှိတယ်ဒီကားကြည့်နေတုန်း အစားအစာတွေစားရင်းတော့မကြည့်ပါနဲ့... ဖွတ်ဥစားတာထက်အရသာရှိသွားနိုင်လို့ပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Tin Myo Lwin ပဲဖြစ်ပါတယ်.... File Size : (0.99GB) and (355MB) Quality : Blu-Ray 720p, Format…mp4 Duration…01:49:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Deranged (2012)
2012
6.1
ပထမဆုံးပြောရမယ်ဆိုရင် ဒီကားဟာကျွန်တော်တို့မြန်မာပရိတ်သတ်တွေနဲရင်းနှီးပြီးသားဖြစ်တဲ့မင်းသား Ryu Seung နဲ့ မင်းသား Jang Dong Gun (ဒါရိုက်တာရင်)တို့ကပါဝင်ထားပြီး ထူးချွန်ဆုတွေရရှိထားတဲနာမည်ကျော်ကိုရီးယားဒါရိုက်တာကဖန်တီးရိုက်ကူးထားပါတယ်....ဒီကားကို အမေရိကန်ပြည်ထောင်စု Los Angeles , Buena Park,Jersey နဲ့ Vancouver တို့မှာပြသခဲ့ပါတယ်...ချွဲဟွန်းဆူဆိုတဲ့သူဟာ မြူခိုးထူထပ်တဲ့တစ်ညမှာဆဲယောင်းရွာမှာရှိတဲ့ သူ့မိသားစုနဲ့အတူတူနေဖို့အတွက်ဝယ်ထားတဲ့အိမ်လေးကိုသွားကြည့်မယ်ဆိုပြီးတော့ အရက်မူးမူးနဲ့ထွက်လာခဲ့ပါတယ်...ဆဲယောင်းရွာအရောက်မှာတော့ ဟွန်းဆူဟာ အသက်၁၂နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုမတော်တဆ ကားနဲ့တိုက်မိသွားပြီး အလောင်းကိုတော့ ဆဲယောင်းရွာရှိလူသားစားတယ်လို့ နာမည်ကြီးနေတဲ့ ရေကန်ထဲကို ကြောက်လန့်လန့်ဖြင့် ပစ်ချခဲ့ပါတယ်...သေဆုံးသွားတဲ့ကောင်မလေးရဲ့အဖေကလဲ ဆဲယောင်းရွာမှာ အမျက်ဒေါသအလွန်ကြီးပြီးအလွန်ဆိုးသွမ်းလှတဲ့ သူဌေး ဝူယောင်းဂျယ်ဖြစ်နေပါတယ်...ဝူယောင်းဂျယ်ဟာ သူ့ရဲ့မတရားသေဆုံးသွားရတဲ့သမီးလေးအတွက်ယူကြုံးမရဖြစ်ကာ ချွဲဟွန်းဆူနဲ့ သူ့မိသားစုကို ကလဲ့စားချေမယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်...အဲဒီနောက်မှာတော့လူသတ်သမားကို သူ့ဘာသာရှာဖွေခဲ့ပြီးလက်တုံ့ပြန်ကလဲ့စားချေဖို့အတွက်အစီစဉ်တွေရေးဆွဲခဲ့ပါတယ်...ဒီကားဟာ စာရေးဆရာ Jeong You Jeoung ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုဖြစ်တဲ့Seven Years of Darkness ကိုအခြေခံထားတဲ့ လူသားတို့ကြားမှာရှိနေတဲ့မကောင်းဆိုးဝါးလူသားကိုဖော်ထုတ်နိုင်ဖို့အတွက်ရိုက်ကူးခဲ့ပါတယ်...ဒါရိုက်တာ ချိုချန်မင်းရဲ့ရိုက်ချက်တွေကနေရှုပ်ထွေးတဲ့ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်တွေကို နစ်မျောသွားနိုင်မှာပါ...ဒါရိုက်တာချိုဟာ သူချပြခဲ့တဲ့ Late Blossom နဲ့Masquerade ရုပ်ရှင်ကားတွေမှာလို ဇာတ်ကြောင်းကိုပြောပြတဲ့ပုံစံကြောင့်လူသိများပါတယ်...ဒီကားကိုတောင်ကိုရီးယားနိုင်ငံမှာ မတ်လ ...
movie
Seven Years of Night (2017)