Channel Myanmar

Monte Greene

Exposed (2016) 5.8
Exposed (2016)  ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မသိသူမရှိ John Wickမင်းသားကြီး Keanu Reeves နဲ့ ကျူးဘားသူမင်းသမီးချောလေး Ana de Armas တို့ရဲ့ ဇာတ်ကားဟောင်းလေးဖြစ်တဲ့ Exposed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကိုပြောရရင်တော့ မှုခင်းလျှို့ဝှက်ဆန်းကြယ်အမျိုးအစားဖြစ်ပြီးသရုပ်ဆောင်တော်တော်များများကလည်း နာမည်ကြီးတဲ့အပြင် ဇာတ်ညွှန်းလေးကလည်း စိတ်ဝင်စားစရာကောင်းတဲ့အတွက် အတိတ်ကိုပြန်လည်လွမ်းဆွတ်ရင်း ဇာတ်လမ်းကောင်းလေးတွေပြန်ကြည့်ချင်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းဘယ်ကစလဲဆိုရင်တော့ စကော့ဆိုတဲ့စုံထောက်ရဲ့တွဲဖက်စုံထောက်တစ်ယောက် ရထားဘူတာမှာ ဓားထိုးအသတ်ခံရာကနေစတာပါပဲ။ဘယ်သူတွေလုပ်သွားသလဲဆိုတာ အရိပ်အယောင် အစအနတောင်မသိရဘဲ အဲ့ဒီစုံထောက်ကိုယ်ပေါ်က ကင်မရာတစ်လုံးကိုသာ သဲလွန်စအနေနဲ့တွေ့ခဲ့ရပါတော့တယ်။အဲ့ဒါကြောင့် စကော့ကသူ့တွဲဖက်ကိုသတ်သွားတဲ့လူကိုသိရဖို့အတွက် အဲ့ဒီကင်မရာထဲမှာတွေ့တဲ့ ဓာတ်ပုံတွေထဲကအတိုင်း လိုက်စုံစမ်းပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ သူ့တွဲဖက်ကိုယ်တိုင်ကလည်း စံပြရဲမဟုတ်ဘဲ မူးယစ်ဆေးရောင်းတဲ့လူတွေဆီကနေ ငွေညှစ်တာတို့ ရဲတစ်ယောက်နဲ့မကိုက်ညီတဲ့အပြုအမူတွေလုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက် သူ့ကိုကြုံးချင်တဲ့လူတွေကလည်း ခပ်များများဖြစ်နေတော့ စုံစမ်းစစ်ဆေးရတာတိုင်ပတ်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ စုံထောက်ကြီးစကော့ လိုက်လံစုံစမ်းရင်း သူ့တွဲဖက်အတွက် အမှန်တရားကိုဖော်ထုတ်ပေးသွားနိုင်မလားအမှန်တရားဆိုတာဖော်ထုတ်တိုင်းရော ကောင်းပါ့မလားဆိုတာကို ရှုစားရမဲ့ Old But Gold ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။  File size… (1 GB) / (539 MB) Quality… ...
movie

Exposed (2016)