Channel Myanmar

Mollie Hindle

Rob1n (2025) 4.0
Rob1n (2025)   Rob1n (2025)ဒီဇာတ်ကားလေး ကတော့ 2025 ခုနှစ်ထွက် Horror ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။အရုပ်သရဲလို့ လူသိများတဲ့ Chucky ဇာတ်ကားပုံစံမျိုးကို ဒီကားကတာ့ စက်ရုပ် သရဲ ပုံစံ ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရယ်သာဖော့ဒ် ဆိုတဲ့ စစ်တပ်အတွက် ခေတ်မှီလက်နက် တွေ တီထွင်ပေးနေတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ၁၁ နှစ်သားလေး သေဆုံးမှုကို သတိရလွမ်းဆွတ်ပြီးတော့ စက်ရုပ် တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။အဲ့ဒီစက်ရုပ်မှာပဲ သူ့သားလေးရဲ့ ဝိညာဉ်စွဲကပ်နေပြီးတော့ ဘယ်လိုမျိုး တွေ ဆက်ဖြစ်သွားသလဲ ဆိုတာနဲ့သူ့သားလေး ဘာကြောင့် သေသွားတာလဲဆိုတာကိုတာ့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (890 MB) / (540 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, ...
movie

Rob1n (2025)

2025
The Jack in the Box: Awakening (2022)
The Jack in the Box: Awakening (2022) The Jack in the Box: Awakening (2022)ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ...
movie

The Jack in the Box: Awakening (2022)

2022
The Fourth Musketeer (2022) 4.2
The Fourth Musketeer (2022) The Fourth Musketeer (2022) ======================တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေး တစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံး ဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်း ကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင် အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော် ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော် ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော် အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်‌စေချင်လို့ပါ။ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ် တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်း ကနေ စစ်သည်တော်ဖြစ်ချင်‌နေတဲ့ ကောင်လေးကိုတွေ့တော့ ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာသပေါ့လေ။ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်း ပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကား လည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင် ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်း စာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်း မသိ ပြီးသွားမှာပါ။နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်...ဆရာ ကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲက ဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာ ပြန်ဖူးပါတယ်။ "The Count Of Monte Cristo"ကိုရေးတဲ့ ပြင် သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ"The Three Musketeers"ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

The Fourth Musketeer (2022)

2022
A Kidnap(2022) 6.7
A Kidnap(2022) A Kidnap(2022)************* မောင်နှမ နှစ်ယောက်ကို အကြမ်းဖက်သူ (၃) ဦးဟာ ငွေအတွက်နဲ့ ပြန်ပေးဆွဲခဲ့ကြတယ်..ငွေတောင်းဖို့အရေး ကြာလင့်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒီမောင်နှမဟာထွက်ပြေးဖို့ကြံစည်ကြတယ်...တကယ်တော့ သူတို့ဟာ မောင်နှမအရင်းတွေမဟုတ်မှန်း၊ပြန်ပေးသမားတွေက သိနေတဲ့အပြင်...မိသားစုရာဇဝင်တွေလည်းစုံစမ်းသိရှိထားကြပါသတဲ့။ ဒါ့အပြင် ပြန်ပေးသမားသုံးယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက်အခဲမကြေတာလေးတွေ၊အရှုပ်အရှင်းလေးတွေ၊ အကြံအစည်‌တွေသပ်သပ်ရှိတဲ့အခါမှာတော့... သူတို့လွတ်‌အောင်ထွက်ပြေးနိုင်ကြမလား၊ ပြန်ပေးသမားတွေရဲ့ ရည်ရွယ်ချက်ကရောဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။    File Size :(2GB) and (751 MB) Quality :WEB-DL 1080P,720p Format…mp4 Duration…01:33:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

A Kidnap(2022)