Channel Myanmar

Mohini Toor

Mittran Da Challeya Truck Ni(2024) 8.0
Mittran Da Challeya Truck Ni(2024) Mittran Da Challeya Truck Ni  (2024)(အချစ်ရှာပုံတော်)ဒီကားလေးကတော့ ထရပ်ကားမောင်းရင်း အသက်မွေးဝမ်းကြောင်းပြကြတဲ့ သားအဖနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဖေလုပ်သူက မိန်းမဖြစ်သူနဲ့ကွဲနေတာဖြစ်ပြီး ပတ်ဝန်းကျင်ကတော့အဖေ့မိန်းမဟာ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတယ်လိုပြောကြပေမဲ့ အဖေကိုယ်တိုင်ကတော့ဒီအကြောင်းက မမှန်ကြောင်းအမြဲပြောလေ့ရှိပါတယ်။ သားဖြစ်သူဟာလည်း အိမ်ထောင်ပြုရမဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့ အခုထိ အိမ်ထောင်မကျသေးတဲ့အတွက် အိမ်ထောင်ပြုဖိုအတွက်ကို တိုက်တွန်းလိုနေပါတယ်။ သားဖြစ်သူလိုချင်တဲ့အိမ်ထောင်ဖက်က သူချစ်တဲ့သူ၊ သူ့ဘဝကို စီမံခန့်ခွဲပေးနိုင်တဲ့ ဇနီးကောင်းလေးမျိုးကို လိုချင်နေသူပေါ့။ဒီလိုနဲ့ သားဖြစ်သူဟာ ချမ်းသာမှုကို လိုလားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိကြရာမှာတော့ .........ထရပ်ကားမောင်းရင်း ဘဝကို အဆင်ပြေသလိုလေး နေနေတဲ့ သားဖြစ်သူနဲ့ ချမ်းသာချင်တဲ့ အမျိုးသမီးလေးတို ဘဝမှာ ဘာတွေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ပန်ချာပီ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11min Subtitle….Myanmar ...
movie

Mittran Da Challeya Truck Ni(2024)

Saunkan Saunkne (2022) 6.3
Saunkan Saunkne (2022) Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်   File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey  
movie

Saunkan Saunkne (2022)

2022