Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mithun Chakraborty
5.5
Kabuliwala (2024)
Kabuliwala (2024)"ကာဘူလီဝါလာ" =============================အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံအသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာသူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood ...
movie
Kabuliwala (2024)
6.6
Shontaan (2024)
Shontaan (2024) "သင်ခန်းစာ"မိဘနဲ့ သားသမီးကြားက ပဋိပက္ခကို ပုံဖော်ထားတဲ့ဘင်္ဂါလီ ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဆာရာဒင်ဒူနဲ့ မာလာဆိုတဲ့ အဘိုးကြီး၊ အဘွားကြီး လင်မယားဟာ ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထားပြီး ပကာသနမပါဘဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြသူတွေ သူတို့ရဲ့ သားဖြစ်သူ အင်ဒရာကတော့ အဝေးတစ်နေရာမှာ ဇနီးသည်ဘက်က အထက်တန်းစားမိသားစုနဲ့ သီးခြားနေထိုင်သူတစ်ရက်မှာ အမေအိုကြီးချော်လဲတော့ သားကိုအဖေလုပ်သူက ဖုန်းဆက်ခေါ်နေပေမဲ့ ပါတီလုပ်နေတဲ့ သားဖြစ်သူက မသိချင်ယောင်ဆောင်နေခဲ့တယ်သူ့အမေအတွက် ခွဲစိတ်ဖို့စရိတ်ကိုပါ မပေးနိုင်ဘူးလုပ်တာကြောင့် အဘိုးကြီးက သူ့ရဲ့သားဖြစ်သူကို တရားစွဲဖို့ ကြိုးစားတဲ့အခါမှာ မတရားခံရတဲ့ မိဘတွေက အနိုင်ရသွားမှာလား၊ အမုန်းတရားတွေပဲ ပိုမိုကြီးထွားလာမှာလား ဆက်လက်ကြည့်ရှုလိုက်ကြပါအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Cym ~ STAR မှ ဖြစ်ပါတယ် File size… 2.1 GB / 960 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ...
movie
Shontaan (2024)
5.7
Golmaal 3 (2010)
Golmaal 3 (2010) ပရမ်းပတာ ၃အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲက တတိယမြောက်ကားကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင် သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာ ဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ.. အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာ စီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာ ဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီး မြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့ ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးက ဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတာကို သားတော်သမီးတော်များက မတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကို ဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်း စော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့ သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့ ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့် လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။….. File size… 6.1 GB / 3.2 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Golmaal 3 (2010)
5.5
Hawaizaada (2015)
Hawaizaada (2015) "လွတ်လပ်သော နှလုံးသား"၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော စိတ်ကူးယဉ်ဒရာမာရုပ်ရှင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ တည်ထားပြီး ဆက်တင်အရောင်အသွေးစုံလင်စွာနဲ့ ဖန်စီဆန်ဆန်ရိုက်ကူးထားပေမဲ့ အပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ကို အခြေခံထားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရှီဗီဟာ ၄ တန်းရှစ်ခါကျပြီး သူ့မိသားစုအပါအဝင် ဘယ်သူမှသူ့ကိုသဘောမကျပေမဲ့လို့ အပူအပင်မရှိဘဲ ခပ်ပျော်ပျော်နေတတ်တဲ့ လူငယ်လေးပါတစ်နေ့တစ်နေ့ အလေလိုက်ရင်း ရှာစထွီဆိုတဲ့ အင်္ဂလိပ်စစ်သားတွေလိုက်လံစုံစမ်းနေတဲ့ ခပ်ရူးရူးသိပ္ပံပညာရှင်တစ်ယောက်နဲ့ ပတ်သက်မိသွားတဲ့နောက်မှာ သူတို့နှစ်ယောက်ပေါင်းပြီး ဘာကိုတီထွင်ကြမှာလဲ ပရိသတ်တို့ကပဲ ဆက်ကြည့်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.9 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Hawaizaada (2015)
5.7
Heroes (2008)
Heroes (2008) သူရဲကောင်းများဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ..နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth က Stardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားစရာရင်းဝင်ခဲ့ပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာ ပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့ "အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက် စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကို စာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက် ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရော ဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရော ဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။(ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်) File size…2.89 GB / 1.45 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 19min Subtitle….Myanmar ...
movie
Heroes (2008)
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
6.7
Om Shanti Om (2007)
ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora
movie
Om Shanti Om (2007)
2007
8.3
The Kashmir Files (2022)
ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်း ===================ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။အညွှန်း Lwin Htoo Aung File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J
movie
The Kashmir Files (2022)
5.3
Boss (2013)
Boss 2013ဒီတစ်ခေါက်မှာတော့ IMDb 5.3ထိရရှိထားတဲ့Action_Comedyဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နာမည်ကျော်မင်းသားကြီး Akshay Kumar ပါဝင်သရုပ်ဆောင်ထားတာကြောင့်ဇာတ်လမ်းဇာတ်ကွက် အတိုက်အခိုက်တွေမှာတော့အားရစရာနဲ့ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်နန်းစံခဲ့ရတာကြောင့်ဘောစ့်(Akshay)ကို ဖခင်ဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတော့ပါဘူးကျခံရမယ့်ထောင်သက်အပြီးထောင်ထွက်လာချိန်မှာတော့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပေမယ့် အကူအညီလိုအပ်နေတဲ့လူတွေကိုလိုက်လံကူညီပေးရင်းဘဝကိုကုန်ဆုံးနေခဲ့ပါတယ် တစ်နေ့မှာတော့ဆက်ယာကန့်ဆိုတဲ့လူတစ်ယောက်က လူတစ်ယောက်ကိုသတ်ပေးဖို့စာချုပ်ချုပ်ဆိုလာပါတယ်အဲ့ဒီလူကတခြားမဟုတ်ပါဘူး ဘောစ့်ရဲ့ညီလေးဖြစ်တဲ့ ရှိဗ့်ပါ ရှိဗ့်ကတော့ရဲမှူးတစ်ယောက်ဖြစ်တဲ့ အက်ရှုမန်ရဲ့ညီမဖြစ်သူနဲ့ချစ်ကြိုက်နေတာပါဒါကိုသဘောမတူတဲ့ အက်ရှူမန်က ဘယ်လိုတွေလုပ်ကြံမလဲအဖေဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတာကြောင့်အက်ရှုမန့်ရန်ကနေ ဘယ်လိုအခက်အခဲတွေကြားကမိသားစုကိုကာကွယ်သွားမလဲဖုံးကွယ်ထားတဲ့ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာရောဘာတွေရှိနေမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…2.2GB / 1.8Gb Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Haruko & Yunni
movie
Boss (2013)
2013
8.2
The Tashkent Files (2019)
(Zawgyi)နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေထဲက တစ်ဦးလို့ ပြောလို့ရတဲ့ဝန်ကြီးချုပ် လာ ဗဟာဒူး ရှာစရီသေဆုံးခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်…လာ ဗဟာဒူး ရှာစရီဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး အင်ဒီ-ပါကစ္စတန်စစ်ပွဲမှာ သူ့ကြောင့် အိန္ဒိယက အနိုင်ရခဲ့တယ်လို့ဆိုပါတယ်…1966 ခုနှစ် ပါကစ္စတန်နဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ တာရှီကန်မှာ ရှိနေခဲ့တဲ့အချိန်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ်သူ့ရဲ့သေဆုံးမှုဟာ နှလုံးဖောက်မှုကြောင့် သဘာဝအတိုင်းသေတာလား ..အဆိပ်ခတ်မှုကြောင့်လား မရေရာဖြစ်ခဲ့ပြီးတော့ နှစ်ပေါင်း ၅၀ကြာတဲ့အထိ သမိုင်းဖျောက်ခံထားခဲ့ရပါတယ်…အရမ်းကို စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံရေးအချက်အလက်တွေသမိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေအများကြီးပါတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်…နိုင်ငံရေးစိတ်ပါဝင်စားသူတွေ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေသဘောကျကြမယ့်ဇာတ်ကားဖြစ်ပြီးဇာတ်ကားထဲမှာပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း မှတ်သားစရာသိပ်ကောင်းတာမို့ ကိုယ်တိုင်ပဲကြည့ှ်ရှုခံစားကြပါ…IMDb ကတော့ 8.1/10 တောင်ရထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) (Unicode)နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ...
movie
The Tashkent Files (2019)
2019
5.5
Boss
A young man disowned by his family is aided by a big business owner.ဒီတစ်ခါတော့ ဘောလီဝုဒ် ဖန် တွေအတွက်အက်ရှင် အလန်းစားတွေနဲ့ဟာသ ခပ်မြူးမြူးတွေ ဝေဝေဆာဆာနဲ့ သီချင်း အလန်းတွေ နောက်ခံတေးဂီတ အမှန်အကန်တွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်တဲ့ #အက်ရှေးရဲ့ ကားကောင်းတကားတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ….. ဖခင်ဖြစ်သူက စိတ်ဆိုးပြီး အိမ်ပေါ်က နှင်ထုတ်ခံလိုက်တဲ့ လူငယ်လေးတစ်ယောက်ဟာ လမ်းခုလတ်မှာ လုမိုက်ကြီး တစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်တဲ့အတွက် သူကိုယ်တိုင်ပါ #ဆရာ ဆိုတဲ့ နမည်ကြီး ဒုစရိုက်သမား တစ်ယောက် ဖြစ်သွားပါတော့တယ်။နှစ်တွေကြာလာတဲ့ အခါ သူ့ဖခင်ကြီးက သူ့အိမ်ကို ရောက်လာပါတော့တယ်လာရခြင်းကတော့ သူ့သားကို လိမ်ဖမ်းထားတဲ့ ရဲလက်က လွတ်အောင် ကူညီပေးဖို့ အလုပ်လာအပ်တာပဲ ဖြစ်ပါတယ်ဒါပေမယ့် သူ့အဖေ ကယ်ခိုင်းတဲ့ သူ့ညီလေးကို သူ့အဖေထက်အရင် ရဲတစ်ယောက်က သတ်ဖို့ ခိုင်းထားတာပါ။ဒီတစ်ခါမှာတော့ အဖေနဲ့ညီကို ကယ်ဖို့ ဒေလီကို#ဆရာ ထွက်လာဖို့ ...
movie
Boss
2013
5.3
Kick (2014)
ဒီကားလေးက bollywood မင်းသား ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းမှာတော့ ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ လူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ် ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည် ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးရမည်ဖြစ်သော်လည်း အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည် ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။ သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။ သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန် သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။ ထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ် တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။ အရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍ ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊ မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း မည်သို့ပင်ဆိုစေ ထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း ရိုင်နာအားပြောပြခဲ့လေသည်။ သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင် လူတစ်ဦးက သူသိလိုသော လိပ်စာအား ရှိုင်နာအား လာမေးရာ ထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း ရှိုင်နာအား မသိသလို တကယ်ပင် အတိတ်ပင်မေ့နေသလော ဟန်ဆောင် နေသလော ရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့ ခိုးယူခြင်းလုပ်မည်ကိုလည်းကောင်း ရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင် ပိပိရိရိနေတတ်ခဲ့သည် ထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် ...
movie
Kick (2014)