Channel Myanmar

Mitch Salm

Another Simple Favor (2025) 5.3
Another Simple Favor (2025)  Another Simple Favor (2025)IMDb Rating (5.3) / Rotten Tomatoes (66%) ဒါကတော့ A Simple Favor 2018 ရဲ့ Sequel ပါ။ပထမ movie ဖြစ်ပြီးကာလ ငါးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး စတစ်ဖနီစမတ်တာက မှုခင်းအစစ်အမှန်ဘလောကာတစ်ယောက်ဖြစ်နေပါပြီ။သူနဲ့အမ်မလီနဲဆွန်ရဲ့ ဆက်ဆံရေးနဲ့ အမ်မလီထောင်ထဲ၀င်ခဲ့ရတဲ့အကြောင်းတွေကို စာအုပ်ထုတ်ထားပြီး အောင်မြင်နေပါတယ်။ဒါပေမဲ့ သူ့စာဖတ်ပွဲမှာ ထောင်ထဲမှာရှိနေရမယ့် အမ်မလီက ခံ၀န်နဲ့လွတ်လာကာ ဗြုန်းစားကြီးရောက်ချလာပြီးအီတလီသူဌေးတစ်ယောက်နဲ့အကြောင်းပါပြီး လက်ထပ်တော့မှာမို့လို့ဆိုပြီး စတစ်ဖနီကို လက်ထပ်ပွဲမှာ သူ့သတို့သမီးအရံနဲ့ဖိတ်ပါတယ်။သူ့ကိုလက်စားချေမယ်လို့ထင်နေတဲ့ စတစ်ဖနီက မသွားချင်ပေမယ့် အမ်မလီက အကျပ်ကိုင်သွားတာကြောင့် ကာပရီကလက်ထပ်ပွဲကို သွားရဖို့ဖြစ်လာပါတယ်။အမ်မလီ သူ့ကိုဖိတ်ရတဲ့ အကြောင်းရင်းက သူတကယ်ပဲပြောင်းလဲသွားလို့လား ဒါမှမဟုတ် လက်စားချေချင်လို့ပဲလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။Cast တွေ‌အနေနဲ့ကတော့ အမ်မလီအနေနဲ့ Blake lively , စတစ်ဖနီအနေနဲ့ Anna Kendrick , အမ်မလီရဲ့ခင်ပွန်းလောင်း ဒန်တီ အနေနဲ့ကတော့ ...
movie

Another Simple Favor (2025)

2025
4K HEVC
La Dolce Villa (2025) 6.2
La Dolce Villa (2025) La Dolce Villa (2025) "အချစ်ဂေဟာ"ပေါ့ပေါ့ပါးပါးရယ်‌မောရင်း အချိုလေးတွေမှ စားချင်တဲ့ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ အမေရိကန် Rom-com ရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။အီတလီက ချစ်စရာမြိုလေးတစ်မြိုကို အခြေခံရိုက်ကူးထားတာမို အမြင်ဆန်းဆန်းလေးနဲ့ တစ်မျိုးကြည့်လို ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - စီးပွားရေးလုပ်ငန်းရှင်တစ်‌ယောက်ဖြစ်တဲ့ အဲရစ်ဟာ တစ်နေ့တော့ အီတလီကမြိုလေးတစ်မြိုကို ခရီးထွက်ရဖို ဖြစ်လာပါတယ်။သွားသာသွားရပေမဲ့ အီတလီသွားတိုင်း ပြဿနာတစ်ခုခု တက်တတ်တာဟာ အဲရစ်ရဲ့ အီတလီကျိန်စာတစ်ခုလို ဖြစ်နေပါပြီ။ဒီတစ်ခါမှာတော့ အဲရစ်ရဲ့တစ်ဦးတည်းသော မိတဆိုးသမီးလေးက အီတလီက မြိုငယ်လေးတစ်မြိုမှာ တစ်ယူရိုတန်ဗီလာတစ်လုံး၀ယ်မယ်ဆိုတဲ့ သတင်းကြောင့် သမီးဖြစ်သူကို တားဆီးဖို ဒီခရီးကို မဖြစ်မနေထွက်လာခဲ့ရတာပါ။ဒီလိုနဲ့ အီတလီနဲ့အကျိုးပေးမကောင်းခဲ့တဲ့ အဲရစ်တစ်ယောက် သူ့ရဲ့အီတလီခရီးစဉ်မှာ သမီးဖြစ်သူနဲ့တင်မက သူ့အတွက် အရွယ်လွန်အချစ်နဲ့ပါ ဆုံဆည်းမိတဲ့အခါမှာတော့...အဲရစ်ရဲ့အီတလီကျိန်စာက အဆုံးသတ်သွားမလားဆိုတာ ကြည်နူးပျော်ရွှင်စရာ ကြည့်ကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM team ပါ။) File size… 2.2 GB / 973 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h ...
movie

La Dolce Villa (2025)

Mafia Mamma (2023) 5.3
Mafia Mamma (2023) Mafia Mamma (2023) " ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် "ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်...ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။သားဖြစ်တဲ့သူက ကောလိပ်တက်... ယောက်ျားကဖောက်ပြန်... အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး... အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ...
movie

Mafia Mamma (2023)

2023