Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Miriam Karlin
6.1
The Man Who Cried (2000)
The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie
The Man Who Cried (2000)
2000
7.9
Children of Men (2006)
Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92%ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ ..အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် ..အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်းဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ ..အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ..နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် ..အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် ..ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီးClive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ ...
movie
Children of Men (2006)
6.8
Flashbacks of a Fool (2008)
Flashbacks of a Fool (2008) =======================CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle ...
movie
Flashbacks of a Fool (2008)
8.3
A Clockwork Orange (1971)
[Unicode]A Clockwork Orange =============== IMdb Rating - 8.3/10 Directed by Stanley Kubrick"ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။"ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ ...
movie
A Clockwork Orange (1971)