Channel Myanmar

Milia Luo

Dead Talents Society (2024) 7.4
Dead Talents Society (2024)  အူတက်အောင်ရယ်ရမဲ့ တရုတ်သရဲကားအခွီလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာကြည့်လိုက်တော့ဗျာ။ ဇာတ်လမ်းအကျဉ်း++++++++++လောလောလတ်လတ် သေထားတာ မကြာသေးတဲ့သရဲမလေးတစ်ယောက်ဟာ ကမီလာဆိုတဲ့ သရဲမလေးနဲ့နှစ်ယောက်သား ပရလောကမှာ တရုတ်ရိုးရာအရ မိဘမီးရှို့ပေးတဲ့ အစားအသောက်တွေ အသုံးအဆောင်တွေကိုမှီခိုစားသောက်ပြီး သောင်တင်လို့နေပါတယ်။တစ်နေ့မှာတော့ သရဲမလေးရဲ့ မိဘတွေဟာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သူမရဲ့ မွေးစာရင်းကို လုပ်ဖျောက်လိုက်မိပြီးဘယ်လိုရှာရှာ ပြန်မတွေ့တော့ပါဘူး။သရဲမလေးဟာ သူမရဲ့ မွေးစာရင်းပျောက်သွားပြီးတဲ့နောက်မှာသူ့မရဲ့ ဝိဉာဉ်နာမ်ရုပ်ဟာ အခွေထစ်သလို ထစ်လာတဲ့အတွက်လိုက်မေးကြည့်တဲ့အခါ ကျန်ရစ်သူမိသားစုမှာ သေဆုံးသူရဲ့မွေးဖွားခဲ့တဲ့အထောက်အထား မရှိတော့တဲ့အခါ အဲဒီသရဲကရက်သုံးဆယ်အတွင်း နာမ်ရုပ် ပြိုကွဲသွားမှာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ သူမဟာ မပျောက်ကွယ်သွားချင်တဲ့အတွက် နည်းလမ်းရှာတဲ့အခါ ပရလောကမှာသရဲခြောက်ခွင့်လိုင်စင်ဆိုတာရှိပြီး အဲလိုင်စင်ရထားတဲ့သရဲတွေက ကိုယ်ထင်ပြနိုင်ပြီး လူတွေမြင်အောင်လုပ်နိုင်ရင်အမေ့ပျောက်မခံရတော့ပဲ ဆက်လက်တည်ရှိနိုင်ကြောင်းသိလိုက်ရတဲ့အခါ အဲဒီ သရဲခြောက်ခွင့်လိုင်စင်ကိုရဖို့ကြိုးစားပြီး လူတွေကို ခြောက်လှန့်နိုင်အောင် ကြိုးစားပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ဒီသရဲမလေးက ဘာကိုစိတ်မပြတ်လို့ မကျွတ်သေးတာလဲ......ဘာလို့ ပရလောကမှာ ဆက်တည်ရှိချင်တာလဲဆိုတာအပြင်သူ့ခမျာ အူတူတူ အတတနဲ့ ဘယ်လိုလုပ်သရဲခြောက်ပြီးလိုင်စင်ရအောင် လုပ်ကြမလဲဆိုတာက အခွီကြည့်ရမဲ့ဟာသကားလေးဖြစ်ပါတယ်။  File size… (1.59 GB) / ...
movie

Dead Talents Society (2024)

[18+] Little Blue (2022) 5.7
[18+] Little Blue (2022) Little Blue (2022)ကားနာမည်က တရုတ်လို ရှောင်းလန်တဲ့။ ရှောင်းလန်ဟာ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်လေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ မိဘနဲ့အတူနေရတယ်။ ရှောင်းလန်ဟာ ကျောင်းတက်ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ဆရာဆရာမတွေနဲ့ တွေ့ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ရွယ်တူလူငယ်တွေနဲ့ တွေ့ရတယ်။ရှောင်းလန်ဟာ မိဘနဲ့အတူနေရပေမဲ့ အဖေမရှိဘူး။ အမေနဲ့အတူနေရတယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ မှားယွင်းပြီး ရှောင်းလန်ကို ရသွားခဲ့ပုံရတယ်။ ရှောင်းလန်အပျိုပေါက်ဖြစ်လာပြီးတာတောင် ရှောင်းလန်အမေဟာ နုဆဲပျိုဆဲ သွေးသားဆူဖြိုးဆဲ။ သွေးသားဆူဖြိုးတော့ ရှောင်းလန်အမေဟာ ဆန္ဒရှိလာတယ်။ ဆန္ဒရှိလာတော့ ရှောင်းလန်အမေဟာ ဗိုင်ဘရေတာနဲ့ဖြေရှင်းတယ်။ ဒါပေမဲ့လည်း စက်ပစ္စည်းဆိုတာ လူလောက်ဘယ်ကောင်းမလဲ။ ဒီတော့ ရှောင်းလန်အမေဟာ အပြင်မှာကိစ္စဖြေရှင်းတယ်။ ရှင်းရင်းရှင်းရင်း ရှုပ်လာပြီး ရှောင်းလန်အမေဟာ အိမ်မကပ်နိုင်ဖြစ်လာတယ်။ ဒီလိုနဲ့ ရှောင်းလန်ဟာ မိဘရဲ့ အငွေ့အသက် အစောင့်အရှောက် အကြံအဉာဏ် မရခဲ့ရဘူး။ရှောင်းလန်ဟာ မိဘနဲ့အတူနေပေမဲ့ မိဘတွေဟာ ရှောင်းလန်နဲ့အတူမနေခဲ့ကြဘူး...ရှောင်းလန်ဟာ ...
movie

[18+] Little Blue (2022)

2022