Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Miles Jupp
6.7
Journey’s End (2017)
Journey's End (2017)IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။နာမည်ကျော်" The Space between us "," Hugo "အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. " Me before u","Love Rosie!" အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin..ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ ...
movie
Journey’s End (2017)
2017
7.1
Joy (2024)
နာမည်ကျော် ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးCMပရိတ်သတ်တို့နဲ့မစိမ်းတဲ့ မင်းသားကြီး Bill Nighy၊Jojo Rabbit (2019) နဲ့ Late Night in Soho (2021)တို့နဲ့လူသိများတဲ့ မင်းသမီး Thomasin McKenzieအပြင်မင်းသားချော James Norton တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ရုပ်ရှင်ကတော့ အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသားနည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်းရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေကလေးမရနိုင်ရင် "အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ"စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s 60s ကာလတွေမှာအမျိုးသမီးတွေဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ဒီမျိုးဆက်မပွားနိုင်တဲ့ပြဿနာကို ဆေးသိပ္ပံပညာပိုင်းလိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူကဒေါက်တာရောဘတ် အက်ဒ်ဝက်ပါ။သိပ္ပံပညာရှင် ဒေါက်တာရောဘတ်အက်ဒ်ဝက်ရယ်၊အရည်အချင်းအပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုးရယ်၊ဓာတ်ခွဲခန်းမန်နေဂျာသူနာပြုမလေး ဂျင်းပါဒီတို့ရယ်သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကိုဖန်တီးပေးဖို့ကြိုးစာခဲ့ကြပါတယ်။ပြောလို့သာလွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရောဆေးသိပ္ပံပညာပိုင်းအရရော ခေတ်ကာလအရပါ အခက်အခဲတွေအများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ကမ္ဘာ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး "Joy"မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာကောင်းကောင်းကြီးမြင်တွေ့ရမှာပါ။နာမည်ရ ...
movie
Joy (2024)
6.5
Napoleon (2023)
Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie
Napoleon (2023)
2023
4K HEVC
6.3
The Legend of Tarzan (2016)
ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး ...
movie
The Legend of Tarzan (2016)
2016
4K HEVC
6.3
Johnny English Reborn (2011)
IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Johnny English Reborn (2011)
1080p HEVC
7.5
Harry Potter and The Order of the Phoenix (2007)
Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie
Harry Potter and The Order of the Phoenix (2007)
2007
4K HEVC
5.7
Greed (2019)
England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က...
movie
Greed (2019)
5.9
Misbehaviour (2020)
1970 ခုနှစ် Miss World ပြိုင်ပွဲနဲ့ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Feminist Comedy ဇာတ်လမ်းအမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေယောက်ျားကြီးစိုးမှုကို ဆန့်ကျင်ဖို့ လုပ်ရာကနေ စတာပါ။၁၉၇၀ ခုနှစ် မယ်ကမ္ဘာရွေးပွဲအတွက် နိုင်ငံအသီးသီးကအချောဆုံးအလှဆုံးတွေက ဗြိတိန်နိုင်ငံမှာ စုရုံးနေကြပါပြီ။မယ်ရွေးပွဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေက ရှိနေပြန်တယ်။ဒီကြားထဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေလည်း ကြုံနေပြန်။ဒီလိုအခက်အခဲအမျိုးမျိုးကြားကနေ Miss World ပြိုင်ပွဲကြီးကိုယောက်ျားကြီးစိုးမှုဆန့်ကျင်ရေး အမျိုးသမီးအဖွဲ့တွေ တားဆီးကြတဲ့အကြောင်းဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 993 MB , 362 MB) Quality : WEBRip 720p Running Time : 1 hr 46 min Format : Mp4 Genre ...
movie
Misbehaviour (2020)
7.1
The Man Who Invented Christmas (2017)
အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းစ် ဆိုရင်ကမ္ဘာ့စာပေလောကမှာမသိတဲ့လူမရှိပါဘူး။သူဟာအောင်မြင်တဲ့စာအုပ်များစွာကိုရေးသားခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ အံ့သြလောက်အောင် အရောင်းရဆုံးတွေဖြစ်ခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ လူတွေရဲ့နှုတ်ဖျား တွေ ရုပ်ရှင်ကားတွေမှာ ခုထိအသက်ဝင်ရှင်သန်နေတုန်းပါပဲ။မြန်မာနိုင်ငံကအများသိကြတဲ့ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း သူ့ဝတ္ထုတစ်အုပ်ဖြစ်တဲ့ Great Expectation ဆိုတဲ့စာအုပ်ကို “မျှော်တလင့်လင့်”ဆိုပြီး မြန်မာမှုပြုရေးသားခဲ့ဖူးပါတယ်။ဒီရုပ်ရှင်လေးကတော့ စာရေးဆရာကြီးချားလ်စ်ဒစ်ကင်းစ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ခပ်မြူးမြူးလေးရိုက်ပြထားတဲ့Drama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချားလ်စ်ဟာ A Christmas Carol ဆိုတဲ့စာအုပ်ကိုမထုတ်ခင်ရှေ့မှာစာအုပ်သုံးအုပ်ဆက်တိုက်အရှံူးပေါ်ခဲ့ပါတယ်။ဒါနဲ့ခုစာအုပ်ကိုရေးဖို့ သူ့မှာ ဖိအားများစွာဖြစ်ပေါ်လာခဲ့တယ်။နောက်ဆုံးသူဒီစာအုပ်ကိုရေးသားထုတ်ဝေပြီးချိန်မှာ အရင်ခရစ္စမတ်ကိုပစ်ထားကြတဲ့ အင်္ဂလိပ်တွေကစလို့ တစ်ကမ္ဘာလုံးကလူတွေ ခရစ္စမတ်ကိုယနေ့ထိပြန်လည်ကျင်းပလာကြတယ်လို့ဆိုပါတယ်။၂၀၁ရခုနှစ် နိုဝင်ဘာမှာထွက်ခဲ့တဲ့ကားဖြစ်ပြီး Rating တွေကတော့ Rotten Tomatoes 80%, IMDB 7.1/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုရမှာပါ။တကယ်ကောင်းမကောင်းဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုတော်မူကြပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ဆရာ ဇွဲပါ)File Size : (850 MB) and (290 MB) Quality : Blu-Ray 720p Running Time : 1h 44min Format ...
movie
The Man Who Invented Christmas (2017)
2017
6.1
The Monuments Men (2014)
The Monuments Men (2014)_____IMDb - 6.1/10 စစ်ကားကောင်း ကြိုက်တက်တဲ့သူတွေအတွက်ပါ အညွှန်းကိုတော့ အထူးတလည် ရေးမနေတော့ပါဘူး(သစ်ဆန်းခန့်) File size - ( 850 MB ) Quality - 1080P Blu Ray Rip Format - MP4 Duration - 1h 58m Subtitle - Myanmar Subtitle Encoder - Thit San Khant
movie
The Monuments Men (2014)
2014