Channel Myanmar

Mike Möller

Urban Fighter (2012)
Urban Fighter (2012) အရှုံးမပေးတဲ့သူအတွက် အောင်ပွဲဟာအမြဲရှိတယ်ဆိုတာ ဘယ်တော့မှ ငြင်းမရတဲ့ အမှန်တရားတစ်ချက်ပါ။ရှေ့ကိုဆက်လျှောက်နေတဲ့သူက ဘယ်လောက်ပဲခလုတ်တိုက်တိုက် အနောက်ကိုပြန်ရောက်သွားစရာ အကြောင်းမရှိဘူးလေ။အလွန်ဆုံးရှိ မှောက်ရက်လဲ ဒူးပြဲ တံတောင်ပြဲပေါ့။ဒီလိုပါပဲ ဘ၀မှာ အရှုံးမပေးပဲ ရှေ့ဆက်လျှောက်နေတဲ့သူတွေကလည်း တစ်ချိန်ချိန်မှာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ကိုရောက်မှာပါပဲ။ဒီဇာတ်ကားမှာ မိုက်ကီဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တခြားသူနဲ့ယှဉ်ရင် အနည်းငယ် ညှက်သယောင်ယောင်ရှိတဲ့လူငယ်တစ်ယောက်ပါ။သူတို့မြို့ဟာ လမ်းသရဲတွေနဲ့ ပြည့်နေပြီး အထိန်းအကွပ်မဲ့နေတဲ့ မြို့ကြီးတစ်မြို့ပါ။ နေရာတိုင်းမှာ လမ်းသရဲအဖွဲ့မျိုးစုံနဲ့ ကိုယ်ကဦးအောင်ချရင်ချ၊ မချရင်ကိုယ့်ကိုချသွားတာချည်းပါပဲ။မိုက်ကီတို့ကလည်း လမ်းသရဲအဖွဲ့တွေထဲက အဖွဲ့ငယ်လေးတစ်ခုပဲပေါ့။သူတို့က သူများကိုရန်ပြုမယ့်အဖွဲ့မျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားရတာမျိုးပါ။သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ မားတစ်စ် လို့ခေါ်ပြီး မိုက်ကီရဲ့ ဆရာလည်းဖြစ်၊ အကိုလိုလည်း ချစ်ခင်ရတဲ့သူတစ်ယောက်ပါ။တစ်ရက်မှာတော့ မြို့ကိုကြီးစိုးထားတဲ့ ဘလက်စ်ဆိုတဲ့အဖွဲ့ဟာ မိုက်ကီတို့ခေါင်းဆောင် မားတစ်စ်ကို သတ်ပစ်လိုက်တဲ့နောက်မိုက်ကီဟာ ဘလက်စ်အပေါ်ကို ရန်ငြိုးတွေ ကြီးထွားလာပါတော့တယ်။မြို့ရဲ့အကြီးဆုံးလမ်းသရဲအဖွဲ့ကြီး ဘလက်စ်ကို လူညက်လေးမိုက်ကီ လက်စားချေနိုင်မလားဆိုတာကိုထိုးခန်း သတ်ခန်း တစ်၀ကြီးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်တခွပ်ခွပ်မြည်တဲ့ ဖိုက်တင်ကားကောင်းကောင်း မျှော်လင့်နေသူတွေ ...
movie

Urban Fighter (2012)

Half Past Dead (2002)
Half Past Dead (2002) ဒီဇာတ်လမ်းကတော့ အက်ရှင်ကားတွေရဲ့ နာမည်ကျော် ဇာတ်ကြမ်းမင်းသားကြီး Steven Seagal ရဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာတော့ Steven Seagal ဟာ ထောင်ထဲမှာ အကျဥ်းသားအဖြစ်နဲ့ လျှို့ဝှက်ထောက်လှမ်းရေး လုပ်နေတဲ့ FBI အေးဂျင့် "ဆက်ရှာ" အဖြစ် သရုပ်ဆောင်ထားပါတယ်။ဖြစ်ချင်တော့ သူ အကျဥ်းကျနေတဲ့ ထောင်မှာ တစ်ခြားနာမည်ကျော် အကျဥ်းသားတစ်ဦးလည်းရှိနေပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၁၇နှစ်က သန်း၂၀၀ကျော်တန်ကြေးရှိ ရွှေတုံးတွေကို လုယက်ထားပြီး သေဒဏ်ကျခံထားရတဲ့ လက်စတာ ဆိုတဲ့သူပါ။ သူရွှေတုံးတွေ ဝှက်ထားတဲ့နေရာကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ သူ့ကို သေဒဏ်ပေးမယ့့် ညမှာတော့ ထောင်တွင်းကို ပြင်ပကနေ အဖွဲ့တစ်ဖွဲ့ ထိုးဖောက်ဝင်ရောက်လာပြီး လက်စတာ အပါအဝင် ထောင်တွင်းက အရာရှိတွေကို ဓားစာခံ အဖြစ် ဖမ်းထားလိုက်ပါတော့တယ်။ဒါကြောင့် ဆက်ရှာဟာ ဓားစာခံတွေကို ကယ်ထုတ်ဖို့ရော သူ့ရဲ့ပင်မ ရည်ရွယ်ချက် မပျက်ဆီးဖို့ကိုရော ...
movie

Half Past Dead (2002)

Hounds of War (2024) 5.5
Hounds of War (2024)  ဇာတ်ပို့အဖြစ်ကနေ ခေါင်းဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်းလာခဲ့တဲ့ မင်းသားကြီး Frank Grillo ရဲ့အက်ရှင်ကားအသစ် Hounds Of War ကိုတင်ဆက်ပေးလိုက်ပါတယ်။သူသရုပ်ဆောင်ထားတဲ့ကားဆိုတော့ အပစ်အခတ်တွေနဲ့ကြမ်းတမ်းတဲ့အက်ရှင်တွေကိုတွေ့ရမယ်ဆိုတာတော့ တန်းသိကြမှာပါ။ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ကြည့်တာတောင်မကြာသေးဘူး ဟာခနဲဟင်ခနဲဖြစ်သွားစေမဲ့ဇာတ်လမ်းမျိုးဆိုတော့ အက်ရှင်ချစ်သူတွေကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရိုက်ဒါကကြေးစားစစ်သားတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လျှို့ဝှက်လုပ်ကြံရေးစစ်ဆင်ရေးတွေကိုလုပ်ခဲ့တဲ့ အငြိမ်းစားယူထားသူတစ်ယောက်ဖြစ်ပါတယ်။အငြိမ်းစားယူထားပေမဲ့လည်း အလုပ်ကမဖြစ်မနေ လှမ်းခေါ်တဲ့အပြင် တစ်ဖွဲ့တည်းသားချင်းဖြစ်တဲ့ညီဖြစ်သူကပါခေါ်တော့ ရိုက်ဒါလည်းနောက်ဆုံးတစ်ခေါက်စစ်ဆင်ရေးထပ်လုပ်ခဲ့ပါတော့တယ်။ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရပြီးသူ့ညီအပါအဝင်တစ်ဖွဲ့လုံး သေဆုံးခဲ့ရတဲ့အခါမှာတော့ သစ္စာဖောက်ဖြစ်တဲ့သူတို့အထက်လူကြီးကိုပညာသားပါပါလက်စားချေဖို့စီစဉ်ပုံတွေကိုစိတ်ဝင်စားစရာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.46GB / 813MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hounds of War (2024)

The Last Kumite (2024)
The Last Kumite (2024)  ဒီတစ်ခါတင်ဆက်မယ့်ဇာတ်ကားကတော့ သေနတ်ပစ်ခန်း၊ ဓားခုတ်ခန်းတွေမပါဘဲ လက်ဗလာနဲ့ချတဲ့ ဖိုက်တင်ကားစစ်စစ်ပါပဲ။ ကိုယ်ခံပညာဖိုက်တင်ကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ဇာတ်လမ်းအညွှန်းကတော့ မိုက်ကယ်ရေးဗားက သူ့ရဲ့မြို့မှာတော့ ကိုယ်ခံပညာမှာပြိုင်ဖက်ကင်းတဲ့သူတစ်ယောက်ပါ။ ကျင်းပသမျှတိုက်ခိုက်ပွဲတွေတော်တော်များများကိုလည်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲလို့သတ်မှတ်ထားတဲ့ပြိုင်ပွဲမှာလဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူအနားယူမယ့်နေ့မှာ လူတစ်ယောက်ကရောက်လာပြီးတော့ Kumiteလို့ခေါ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြောင်းနဲ့ ထိုပြိုင်ပွဲမှာနိုင်ရင် ဒေါ်လာတစ်သန်းရမယ်ဖြစ်ကြောင်းမက်လုံးပေးခဲ့ပေမဲ့ ထိုပြိုင်ပွဲကအသေသတ်ပြိုင်ပွဲဖြစ်ပြီး အန္တရာယ်များတာကြောင့် သူကငြင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်ဖက်ကတော့ သူငြင်းလို့မရအောင် သူ့ရဲ့သမီးကိုဓားစာခံအဖြစ်ခေါ်သွားပါတော့တယ်။ ဒီတော့ မတတ်သာတဲ့နောက်ဆုံး ကမ္ဘာတစ်ဝှမ်းကအတော်ဆုံးချန်ပီယံ‌တွေလာရောက်ပြိုင်တဲ့ Kumiteတိုက်ခိုက်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastro
movie

The Last Kumite (2024)

Expend4bles (2023) 5.2
Expend4bles (2023) နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်းထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Expend4bles (2023)

2023
4K HEVC