Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mike J. Regan
4.3
Hellraiser: Judgment (2018)
Hellraiser: Judgement (2018)ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Hellraiser: Judgment (2018)
2018
Hellraiser: Hellworld (2005)
Hellraiser: Hellworld (2005)ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
Hellraiser: Hellworld (2005)
2005
Animal (2014)
ကောလိပ်ကျောင်းသားငါးယောက်ဖြစ်တဲ့ အလီဆာ၊သူ့ချစ်သူ မတ်၊ သူ့အဖေတူမအေကွဲအစ်ကို ဂျက်ဖ်နဲ့ ဂျက်ဖ်ကောင်မလေးမန်ဒီ၊ အားလုံးရဲ့သူငယ်ချင်း ရှောင် တို့ဟာ တောအုပ်ထဲကိုခြေလျင်တောင်တက် အပျော်ခရီး ထွက်ခဲ့ကြပါတယ်။အလီဆာနဲ့ဂျက်ဖ်တို့ငယ်စဉ်က သူ့အဖေနဲ့အတူသွားလေ့ရှိခဲ့တဲ့ ရေတံခွန်ကိုရှာရင်း အဲ့ဒီမှာတင် မိုးချုပ်သွားတဲ့အတွက် ကားဆီကိုလမ်းလျှောက်ပြန်လာချိန်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ကိုက်ဖြတ်စားသောက်ထားတဲ့အလောင်းတစ်လောင်းရဲ့ အကြွင်းအကျန်တွေနဲ့အတူ အဲ့ဒီသတ္တဝါကြီးကိုပါ ရင်ဆိုင်တိုးမိချိန်မှာတော့..။သူတို့အားလုံး ခြေဦးတည့်ရာပြေးရင်းက တောအုပ်ထဲမှာ သစ်သားအိမ်တစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအိမ်ထဲမှာလည်း သူတို့ထက်ကြိုရောက်နှင့်သူတွေရှိနေပြီး သူတို့ကိုယ်တိုင်ဟာလည်း ဒီသတ္တဝါရဲ့ရန်က လွတ်အောင်ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အားလုံးစုပေါင်းပြီးအမည်မသိသတ္တဝါကြီးရဲ့ အန္တရာယ်ကလွတ်အောင် ကြိုးစားကြရတော့မှာပါ။creature feature ဇာတ်ကားတွေရဲ့ ဖော်မျူလာအတိုင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သတ္တဝါကြီးကိုပုံဖော်ထားတာတွေ၊ suspense တွေအားလုံး သေသပ်စနစ်ကျပြီး ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပါတယ်။File size…(1.4 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:22:00 Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Animal (2014)
5.4
Hellraiser: Inferno (2000)
Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie
Hellraiser: Inferno (2000)
2000
6.2
Feast(2005)
Feast(2005) ===========ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင်ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲသောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီးအပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကိုဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ်ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာမထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့်ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Feast(2005)