Channel Myanmar

Mike Epps

Next Friday (2000)
Next Friday (2000) IMDb 6.1 နာမည်ကြီးရပ်ပါ Ice Cube ပါဝင်ထားတဲ့ ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် နာမည်ကျော် meme ပါဝင်တဲ့ Friday (1995) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ခရိတ်ဆိုတဲ့ကောင်လေး အနိုင်ယူလိုက်တဲ့ သူတို့ရပ်ကွက်ထဲက လူမိုက်တစ်ယောက်က ထောင်ဖောက်ပြေးလာတဲ့ သတင်းကြားရချင်း အဖေလုပ်သူက ခရိတ်ကို ထီပေါက်ထားတဲ့ ဦးလေးနဲ့ ဝမ်းကွဲညီတို့အိမ်ကို သွားရှောင်နေခိုင်းပါတယ် ဖြစ်ချင်တော့ သူ့ဦးလေးအိမ်နားမှာလည်း နောက်ထပ် ဂန်းစတားညီအစ်ကို ၃ ယောက် ရှိနေတဲ့အခါ ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါတယ်File size…(2.4 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie

Next Friday (2000)

Malibu’s Most Wanted (2003)
Malibu’s Most Wanted (2003) Malibu's Most Wanted (2003) ***************************အူနှိပ်ပြီး တစ်ကားလုံး ရယ်နေရမဲ့ ဟာသကားကောင်းကောင်းလေး တစ်ကားကို...ရှာနေတယ်ဆိုရင် ဒီကားကို ညွှန်ပေးပါရစေ။ဇာတ်လမ်းအကျဉ်း --------------မစ္စတာ ဘေလ်ဂလက်မန်းဆိုတဲ့ ရွေးကောက်ပွဲဝင်ပြိုင်နေတဲ့ လူကြီးမှာ...Eminem လိုလို ဘာလိုလို Rap ကို အရမ်း ရူးသွပ်ပြီး ဂန်းစတား ဖြစ်ချင်နေတဲ့...B Rad ဆိုတဲ့ လူဖြူသားလေးတစ်ယောက်ရှိပါတယ်။ ဘေလ်ဂလက်မန်းက...နိုင်ငံရေး ကမ်ပိန်းတွေ လုပ်နေတဲ့အချိန်မှာ သူ့သားဖြစ်သူ Rapper ရူးက...သူ့ကမ်ပိန်းပွဲတွေမှာ အနှောက်အယှက်လို ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်...ဘေလ်ဂလက်မန်းရဲ့ ကမ်ပိန်းအဖွဲ့က လူမည်း နှစ်ယောက်ကို ငှားပြီး B Rad ကို...ရှင်းထုတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ လူမည်းနှစ်ယောက်က B Rad ကို...ပြန်ပေးဆွဲတဲ့ပုံစံ ဟန်ဆောင်ပြီး လူမိုက်ရပ်ကွက်တွေထဲ ခေါ်သွားရင်း ...တကယ့် ဂန်းစတား လူမိုက် အစစ်တွေနဲ့ ကြုံကြိုက်ရတဲ့အခါမှာ...ဘယ်လို ဘာတွေ ဖြစ်ပြီး .. ဘယ်လောက် ခွီရမယ်ဆိုတာကတော့...ဇာတ်ကားထဲမှာပဲ ကြည့်ရှု ...
movie

Malibu’s Most Wanted (2003)

All About the Benjamins (2002)
All About the Benjamins (2002) ဒီဇာတ်ကား‌လေးကတော့ West Coast ဆရာကြီး Ice Cube ရဲ့ action ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tyson Bucum လို့ခေါ်တဲ့ Bounty hunter တစ်ယောက်ဟာ တစ်နေ့ Reggie Wright လို့ခေါ်တဲ့ သူခိုးတစ်ယောက်ကိုလိုက်ဖမ်းရင်း နှစ်ကောင်သား စိန်ခိုးဂိုဏ်းတစ်ခုအကြောင်းကိုသိသွားခဲ့ပါတယ်။ဖြစ်ချင်တော့ စိန်ခိုးဂိုဏ်းခိုးလာတဲ့စိန်တွေကအတုတွေပါ။ Reggie ကလည်း သန်းခြောက်ဆယ်တန် ထီလက်မှတ်ပေါက်ထားပေမယ့် ထီလက်မှတ်က စိန်ခိုးဂိုဏ်းဆီပါသွားတဲ့ ပိုက်ဆံအိတ်ထဲရောက်သွားတော့ သူ့ကိုလိုက်ဖမ်းနေတဲ့ Tyson Bucum ကိုစည်းရုံးပြီး စိန်ခိုးဂိုဏ်းကိုဖမ်းကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Black Leading actor တွေပါတဲ့အလျောက်ဆဲသံဆိုသံကတော့ တစ်ကားလုံးတစ်ညံ့ညံ့နဲ့ကြည့်ရမှာဖြစ်ပါတယ်။စကားများတဲ့လူပိန်လေး Reggie နဲ့ လူရိုးတုတ်ရိုက် Bucum တို့နှစ်ယောက် ဘယ်လိုမျိုးအလွဲတွေနဲ့အတူ နှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ Bad Boys ဇာတ်လမ်းမျိုးသဘောကျတဲ့သူတွေအတွက်တော့ ရွေးချယ်စရာဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / ...
movie

All About the Benjamins (2002)

The Hangover Part III (2013) Part 3 5.8
The Hangover Part III (2013) Part 3 The Hangover Part III (2013) IMDb Rating (5.8) / Rotten Tomatoes (20%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie

The Hangover Part III (2013) Part 3

2013
The Hangover (2009) 7.7
The Hangover (2009) The Hangover (2009)IMDb Rating (7.7) / Rotten Tomatoes (79%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် ...
movie

The Hangover (2009)

2009
Madame Web (2024)
Madame Web (2024) ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်းကတ်စီ ဝက်ဘ် ဟာ ...
movie

Madame Web (2024)

4K HEVC
Resident Evil: Apocalypse (2004)
Resident Evil: Apocalypse (2004) ဒီဇာတ်ကားက Franchiseရဲ့ ဒုတိယ​မြောက်ကားပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဂိမ်းထဲက အဓိကprotagonistတစ်​ယောက်ဖြစ်တဲ့ ​ဂျေး ဗယ်လန်တိုင်း စတင်ပါဝင်လာခဲ့သလို Nemesisဆိုတဲ့ zombie ဗီလိန်ကြီးကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အဆုံးသတ်နဲ့ တိုက်ရိုက်ချိတ်ထားပြီး Hiveက​နေ ပြန်လွတ်လာတဲ့ အဲလစ်နဲ့မတ်ကို အမ်ဘရဲလားကလူ​တွေ ဖမ်းဆီးသွားတာနဲ့ ဇာတ် စဖွင့်ထားပါတယ်။Hiveထဲမှာ ပျံ့သွားတဲ့ ဗိုင်းရပ်ပိုးက သူ့အ​ပေါ်က ရက်ကွန်မြို့ကို ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံးမှာ ဇွန်ဘီကပ်ကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ အမ်ဘရဲလားက အ​ထက်လူကြီး​တွေကိုပဲ ကယ်ထုတ်ပြီး ပြည်သူ​တွေကို​တော့ ကွာရန်တင်းသ​​ဘော ပိတ်ဆို့ထားပြီး မြို့ကို ​နူကလီယားဗုံးနဲ့ဖောက်ခွဲကာ ပိုးဆက်မပျံ့​အောင် ထိန်းဖို့ကြိုးစား ခဲ့တာပါ။ အဲဒီအချိန် သမီးဖြစ်သူ အန်ဂျလာအက်ရှ်ဖို့ဒ် မြို့ထဲမှာ ကျန်​နေခဲ့တဲ့အခါ အမ်ဘရဲလားရဲ့သု​တေသနပညာရှင် ​ဒေါက်တာ ချားစ်အက်ရှ်ဖို့ဒ်က ရက်ကွန်းမြို့က​နေ ထွက်နိုင်မယ့်နည်းလမ်းနဲ့ သူ့သမီးကို အလဲအလှယ်လုပ်ဖို့ ​ကမ်းလှမ်းခဲ့ပါတယ်။အဲလစ်၊ဂျေးလ်နဲ့ ​ကြေးစားစစ်သားတစ်စုဟာ ဇွန်ဘီ​တွေပြည့်​နေတဲ့ ရက်ကွန်မြို့ထဲမှာ အက်ရှ်ဖို့ဒ်ရှာပုံ​တော်ထွက်ရင်း ဘယ်လိုကိစ္စ​တွေ ကြုံရမလဲ၊ အက်ရှ်ဖို့ဒ်ကို ရှာ​တွေ့ပါ့မလား၊ မြို့ကို ရှင်းပစ်ချင်​နေတဲ့ အမ်ဘရဲလားရဲ့လူ​တွေလက်က လွတ်ပါ့မလားဆိုတာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။   File size…     2.8 GB / 1.5 GB /  ...
movie

Resident Evil: Apocalypse (2004)

4K HEVC
Resident Evil: Extinction (2007)
Resident Evil: Extinction (2007) ဒီဇာတ်ကားက REရဲ့ တတိယဇာတ်ကားဖြစ်ပြီး ပ​ရောဂျက်အဲလစ် အ​ကြောင်း ဂဃနဏ သိရတဲ့ကားလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီဖြစ်ပြီး ​ခေတ်ပျက်ကာလကို ​​ရောက် ​နေတဲ့ အ​နေအထား ဖြစ်သွားပါပြီ။ Zombie​လက်က လွတ်​အောင် တစ်မြို့ဝင် တစ်မြို့ထွက်ပြီး ရိက္ခာနဲ့​လောင်စာ​တွေရှာ​နေတဲ့ အဖွဲ့နဲ့ အဲလစ်တို့ ဆုံခဲ့ကြပြီး zombieကင်းမဲ့ကာ ရိက္ခာနဲ့လုံခြုံမှုအပြည့် ရှိတယ်လို့ ​ရေဒီယိုလှိုင်းက​နေ ​ကြေညာ​နေတဲ့ အလက်စကာနယ်ကို အကုန်သွားဖို့ လုပ်ခဲ့ကြပါတယ်။အဲဒီမှာ မူလအဲလစ်ရဲ့​သွေးကမှ ​ဗိုင်းရပ်စ်​ဖြေ​ဆေးကို ​ဖော်နိုင်တယ် ဆိုပြီး ယုံကြည်ထားခဲ့တဲ့ အမ်ဘရဲလားက ​ဒေါက်တာအိုင်းဆက်က Zombie​ကောင်​တွေ လွှတ်ပြီး အဲလစ်ကိုဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲလစ်က အဲဒီဇွန်ဘီ​တွေကို တားရင်း တခြားသူ​တွေ လွတ်​အောင် ကြိုးစား​ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဲလစ်ရဲ့ telekinesis အစွမ်း ကို စတင်မြင်​တွေ့ခဲ့ရပါတယ်။ လာသမျှ ဇွန်ဘီ​တွေကို ​ရှင်းပစ်ရင်း အိုင်းဆက်တို့ကိုပါ ရှင်းပစ်ဖို့အသွား သူ့ရဲ့ဒီအန်​အေနဲ့ အဲလစ်​ပေါင်း များစွာကို ကိုယ်ပွားထုတ်ပြီး စမ်းသပ်​​နေမှန်း အဲလစ်တစ်​ယောက် သိသွားချိန်မှာ ဒီသု​တေသနရဲ့အဓိက​ခေါင်း​ဆောင် အမ်ဘရဲလားရဲ့ အဲလ်ဘတ်ဝက်စ်ကာကို ရှင်းပစ်ဖို့ ကြိုးစားရပါ​တော့တယ်။  File size…     3.4 GB ...
movie

Resident Evil: Extinction (2007)

4K HEVC
The Underdoggs (2024)
The Underdoggs (2024) The Underdoggs (2024) ===================အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ...
movie

The Underdoggs (2024)

2024
Friday After Next (2002) 5.8
Friday After Next (2002) Friday After Next (2002)IMDb-5.8ဇာတ်လမ်းအညွှန်းခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီးတိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာသူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size…  ...
movie

Friday After Next (2002)

2002
Next Day Air (2009)
Next Day Air (2009) ဒီတစ်ခါမှာတော့ Next Day Air ဆိုတဲ့ အက်ရှင်ဟာသကားလေယကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ ဂွတ်ချ်ရယ် ဘရိုဒီရယ် ဟက်စီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဒုစရိုက်မှုတွေလုပ်ကြပါတယ် ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်မှုတွေလုပ်တယ်ဆိုပေမဲ့ ပေါက်ကရလုပ်တတ်တဲ့ တလွဲဥာဏ်ကြီးရှင်ဒုစရိုက်သမားတွေပါ လီယိုဆိုတဲ့ကောင်လေးကတော့ ဆေးခြောက်သုံး ပစ္စည်းလိုက်ပို့ပေးရတဲ့ကောင်လေးပါ တနေ့မှာ လီယိုတစ်ယောက်ဆေးကွဲနေတုန်း အရေးကြီးတဲ့ ကိုကိန်းတွေပါတဲ့ ပစ္စည်းပုံးကို အခန်းမှားပို့မိပါတော့တယ် မှားပြီးပို့မိတဲ့အခန်းကလည်း ဂွတ်ချ်နဲ့ဘရိုဒီတို့ရှိနေတဲ့အခန်းဆိုတော့ သူတို့အတွက် ရွှေထုပ်ကြီးပြုတ်ကျလာသလိုပဲပေါ့သူတို့ဟာ အဲ့ဒီကိုကိန်းအထုပ်တွေကိုရောင်းဖို့ ကြိုးစားပါတော့တယ် တစ်ဖက်မှာလည်း အဲ့ကိုကိန်းထုပ်တွေကိုပို့တဲ့သူဟာ အကြီးစားမူးယစ်ဆေးရောင်းချသူ လူမိုက်ကြီး ဘွန်ဒေဂါ ဖြစ်နေတာကြောင့် သူ့ရဲ့ပစ္စည်းကိုပြန်လိုက်ရှာပါတယ် အဲ့တော့ ပေါက်ကရတွေ တလွဲတွေလုပ်တတ်တဲ့ ဂွတ်ချ်နဲ့ဘရိုဒီတို့နှစ်ယောက်က အဲ့ကိုကိန်းထုပ်တွေကိုရောင်းချနိုင်မလား ဘွန်ဒေဂါတို့အုပ်စုကပဲ ပြန်ပြီး ရယူနိုင်မလား ဒါမှမဟုတ် သူတို့ ဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ပစ္စည်းပို့တဲ့ကောင်လေးလီယိုကပဲ ကြားညပ်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အက်ရှင်ကားဆိုပေမဲ့ ဟာသနှောပြီးရိုက်ထားတာဖြစ်တဲ့အတွက် အရမ်းအပျင်းပြေစေပါတယ်File size…(2.2 GB)/(1 GB) Quality….Webrip 1080p / ...
movie

Next Day Air (2009)

Bait (2000) 5.7
Bait (2000) Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကိုအစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက်ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူးပြောထားတာကို တစ်ဖက်လူက အစောင့်တွေကိုသတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာထောင်ထဲဝင်နေလိုက်တယ်။ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့အခန်းတူတူကျပါလေရော။ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီးတစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲအဲဒီမှာတင် သေသွားခဲ့တယ်။ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ်အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူလူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက်သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကိုအမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ဆိုတော့ ထောက်လှမ်းရေးမှူးတို့ ...
movie

Bait (2000)

2000
You People (2023) 5.5
You People (2023) You People (2023)နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie ...
movie

You People (2023)

2023
Where’s the Money (2017) 5.1
Where’s the Money (2017) Where's the Money (2017) ===================ဒဲလ်ဆိုတဲ့ကောင်လေးတစ်​ယောက်က တစ်နေ့တစ်နေ့ ရပ်ကွက်ထဲမှာ သူ့​ဘော်ဒါဂျု့စ်နဲ့ သောက်ပေါလုပ်လိုက် သူငယ်ချင်းမလေးကို ကြောင်လိုက်နဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား နေတဲ့ လူငယ်လေးပေါ့။ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့ အား ကစားရုံကို ဘဏ်ကသိမ်း တော့မယ်ဆိုတာသိတော့ စိတ်ညစ်နေတုန်း ဘဏ်ကိုဓားပြ တိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူ့အဖေက သူဖွက်ထားတဲ့ ပိုက် ဆံတွေရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။ ဒီငွေတွေရှာပုံတော် ဖွင့်ရင်း သူ့အဖေလိုပဲ ဂျေးထပ်အောင်းသွားမလား၊ ပိုက်ဆံ တွေရပြီးအားလုံးအဆင်ပြေသွားမလား၊ ပိုက်ဆံတွေက တကယ် ရောရှိရဲ့လား ဆိုတာကို တကားလုံးပါးစပ်မပိတ်ရပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်ရယ်ရတဲ့ကားလေးပါ မင်းသမီးလေးကလဲ အရမ်းလှပါတယ်။ ကဲအားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့  Momo ဖြစ်ပါတယ်)File Size..........(1.49 GB) / (562 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Momo Encoder..........SWM
movie

Where’s the Money (2017)

2017
The House Next Door: Meet the Blacks 2 (2021) 3.9
The House Next Door: Meet the Blacks 2 (2021) The House Next Door: Meet the Blacks 2 (2021)==================================ဒါလေးမကြည့်ခင် Meet the Blacks 1 လေး အရင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အတွဲ၁ မကြည့်ရသေးသူတွေအတွက်spoiler လေးတွေပါနိုင်ပါတယ်။ကားလ်ဘလက်ခ်တို့မိသားစု ဘီဗာလီဟေးလ်မှာ The Purge ဆိုတဲ့ သုတ်သင်ခြင်းညကြီးကို ကျော်ဖြတ်ခဲ့ရပြီးနောက်ပိုင်းကားလ်ရဲ့ ငယ်ဘဝအိမ်လေးရှိရာ အက်တလန်တာကို တစ်စခန်းရွှေ့ကြပြန်ပါတယ်။၁၀၉ ၁၁၀ ဖြစ်နေတဲ့ ကားလ်တစ်‌ယောက် သုတ်သင်ခြင်းညအကြောင်းရေးထားတဲ့ သူ့ရဲ့ Terror Night စာအုပ် အတွဲ၂ ကိုဆက်ထုတ်ဖို့လုပ်ပေမယ့် ကုန်ကြမ်းရှာမရဖြစ်နေရှာတာပါ။ဒီလိုနဲ့ စာအုပ်အတွက် ကုန်ကြမ်းရလာတယ်ဆိုမလား သူတို့မိသားစုကိုက အေးအေးလူလူနေရဖို့ကံမပါဘူးဆိုမလားတစ်ည ညလယ်ကောင်ကြီးမှာ သူတို့ဘေးအိမ်ကို စုန်းလိုလိုဆံရှည်လူကြီးတစ်‌ယောက်ရယ်၊ မျက်လှည့်ဆရာလို ဦးထုပ်ကြီးနဲ့လူတစ်ယောက်ရယ်၊ ညလယ်ကောင်ကြီး ရေကန်ဘေးမှာနေပူဆာလှုံနေကြတဲ့ ဘစ်ကနီနဲ့ကောင်မလေးတွေရယ် ပြောင်းလာတာကိုကားလ်တို့တစ်တွေ စုံထောက်လုပ်ကြရင်း....ဘာတွေတွေ့ရှိလာရမလဲ ဘယ်လိုတွေလွဲကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ဖြစ်ပါတယ်။) Quality – 1080p, ...
movie

The House Next Door: Meet the Blacks 2 (2021)

2021
Meet the Blacks (2016) 4.8
Meet the Blacks (2016) Meet the Blacks (2016)=================IMDb Rating - 4.8/10ခင်ဗျားတို့ကို ၁၂ နာရီတိတိ ကြိုက်တာ လုပ်ခွင့်ပေးမယ်? အဲဒီ ၁၂ နာရီအတွင်းမှာ လူသတ်ချင်လည်း သတ်၊ခိုးချင်လည်း ခိုး၊ ဘယ်ဒုစရိုက်မှုမဆို လုပ်လို့ရမှာဖြစ်ပြီး ဘယ်သူကမှလည်း အရေးယူခွင့်မရှိဘူး။ ဒါဆို ဘာလုပ်မလဲဒီလို အချိန်အတိုင်းအတာတစ်ခုနဲ့ လုပ်ချင်တာလုပ်ခွင့်ပေးထားခြင်းကို Purge (သုတ်သင်ခြင်း)လို့ ခေါ်သဗျ။တရားမမျှတသူတွေ မကောင်းတဲ့သူတွေကို လောကကြီးက ရှင်းထုတ်ဖို့ရာ နှစ်စဉ် တရားဝင် သတ်မှတ်ထားတာမျိုးပေါ့ကားလ် ဘလက်ခ်ဆိုတဲ့ လူညစ်ကတော့ ဒီကိစ္စကြီးကို ရှောင်နိုင်ဖို့ သူနေတဲ့ ချီကာဂိုကနေ မိသားစုနဲ့ လစ်ထွက်အရှုပ်ထုတ်တွေချန်ခဲ့ပြီး ဘီဗာလီဟေးဘ်ဆိုတဲ့ လူဖြူတွေချည်းရှိတဲ့ အရပ်ဒေသတစ်ခုမှာ လာအခြေချလေရဲ့။ ကံဆိုးချင်တော့ လူဖြူရပ်ကွက်က လူမည်းကို အလိုမရှိ အတိတ်က နောက်ကြောင်းမရှင်းခဲ့တာတွေကလည်းနေရာသစ်ထိ လိုက်လာ . ၁၂ နာရီတိတိ ရမ်းကားချင်သလို ရမ်းကားလို့ရတဲ့ Purge ဆိုတဲ့ သုတ်သင်ခြင်းနေ့နဲ့တည့်တည့်ကြီး ...
movie

Meet the Blacks (2016)

2016
Troop Zero (2019) 7.0
Troop Zero (2019) unicodeမိတဆိုးလေး Christmas ဟာ အာကာသအကြောင်းဂြိုဟ်သားအကြောင်းတွေ အလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။သူက ရေဒီယိုလေးတစ်လုံးနဲ့ ဂြိုဟ်သားတွေဆီအမြဲတမ်း အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတတ်တယ်။ကျောင်းမှာတော့ သူ့ကို အိပ်ယာထဲသေးပေါက်ချတတ်တယ်ဆိုပြီးကျောင်းသူကျောင်းသားတွေက အမြဲနောက်ပြောင်ကြတယ်။တစ်နေ့ NASA အဖွဲ့ဝင်တစ်ယောက် သူတို့ကျောင်းဆီရောက်လာပြီး ပွဲတော်မှာအနိုင်ရမယ့်အဖွဲ့ကို ဂြိုဟ်သားတွေဆီစာပို့နိုင်ဖို့ ဆုချမယ်လို့ ကြေညာလိုက်တယ်။Christmas လေးက အရမ်းစိတ်ဝင်စားသွားပြီး ပွဲတော်မှာအနိုင်ရဖို့အတွက် ကြိုးစားချင်လာတော့တယ်။ဒါပေမဲ့ ကျောင်းသူအဖွဲ့က သူ့ကို လက်မခံကြတဲ့အခါသူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ကြိုးစားရတော့တယ်။ဒီဇာတ်ကားလေးက ၁၉၇၀ ခုနှစ်တွေဆီ အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့Comedy-Drama ဇာတ်လမ်းလေးပါ။အရမ်းလည်း Motivation ရစေမယ့် ဇာတ်ကားတစ်ကားဆိုရင် မှားမယ်မထင်ပါဘူး။File Size : ( 904 MB , 292 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Comedy , Drama ...
movie

Troop Zero (2019)

Faster (2010) 6.4
Faster (2010) (Unicode)Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။မကြမ်းမှာတော့မပူပါနဲ့။အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီးထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ...
movie

Faster (2010)

Mac & Devin Go to High School (2012) 4.5
Mac & Devin Go to High School (2012) အားလုံးပဲ ခဏခဏ တောင်းဆိုနေကြတဲ့ Mac and Devin go to high school ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် …၂၀၁၂ ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Snoop Dogg နဲ့Wiz Khalifa တို့ နှစ်ဦး အဓီက ပါဝင်သရုပ်ဆောင်ထားပါတယ် …ဒီကားက ဘာကားလဲဆိုတာမပြောဘဲနဲ့ ဒီကားအစမှာ ပြောထားတဲ့ စကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်“၀ိ အကြာင်းရိုက်ထားတဲ့ ရုပ်ရှင်ကို ၀ိ မသောက်ဘဲ ဘယ်လိုကြည့်မလို့တုန်း”“ခင်ဗျားတို့ရဲ့ စက္ကူလိပ်တွေ အိုးတွေ ခွက်တွေ ယူပြီး အလိပ်ကြီးလိပ်ပြီး မီးပွင့်သွားအောင် ဖွာလိုက်စမ်းပါ”“ကံဆိုးစွာပဲ ခင်ဗျားတို့မှာ ၀ိ မရှိရင်တော့ စိတ်မကောင်းပါဘူး လို့ပဲပြောပါရစေ ဒါပေမယ့် ရုပ်ရှင်ကိုတော့ ဆက်မကြည့်လိုက်ပါနဲ့ အဆင်ပြေမှာမဟုတ်ဘူး”တချို့လူတွေက ရုပ်ရှင်ကြည့်ရင် ပေါက်ပေါက်ဆုပ်တွေ စားရင်းကြည့်ကြတယ်..ဒီဇာတ်ကားထဲမှာတော့ ဒီလိုပြောထားပါတယ်…ဘာကားလဲတော့မသိဘူးကိုယ်တိုင်ပဲ ကြည့်ရှူခံစားကြည့်လိုက်ပါ (ဘာသာပြန်ပေးထားသူကတော့ Zuel Khant Thwin ပါ) File ...
movie


2012
Death Wish (2018) Blu-Ray 1080p 5.1 CH x264 6.4
Death Wish (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264Death Wish (2018)_____IMDb - 6.4/10   2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားသစ် Death Wish ကိုတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ဒီဇာတ်ကားကို1972 ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Brian Garfield ရဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒါရိုက်တာကတော့ Eli Roth ဖြစ်ပြီး၊Die Hard Franchise မှာဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအဖြစ် လူအများသိကြတဲ့ မင်းသားကြီး Bruce Willis က ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ Box Office မှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့်လည်း IMDb rating 6.4 ရှိတာကြောင့် တော်တော်ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ========== ပေါလ်ကာစီဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ လူစီသမီးဖြစ်သူ ဂျော်ဒန်တို့နဲ့အတူ မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူအေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့မိသားစုအပေါ်ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရပါတော့တယ်။ဓားပြတွေရဲ့လက်ချက်နဲ့ ဇနီးဖြစ်သူ လူစီသေဆုံးပြီး သမီးဖြစ်သူဂျော်ဒန်ဟာမသေရုံတမယ်ဘဝမျိုးကိုရောက်ရှိသွားပါတော့တယ်။အဆိုပါမှုခင်းဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ ဘာသတင်းမှမထူးတာကြောင့် ရဲတွေကို အားကိုးလို့မရဘူးဆိုတာကို ဒေါက်တာကာစီတစ်ယောက် ...
movie

Death Wish (2018) Blu-Ray 1080p 5.1 CH x264

2018