Channel Myanmar

Mickey Rourke

Animal Factory (2000)
Animal Factory (2000) ထောင်တွင်း ဇာတ်လမ်းတွေကို သဘောကျနှစ်သက်သူတွေအတွက် 2000 ခုနှစ်ထွက် ထောင်တွင်းဇာတ်လမ်း Animal factory ဖြစ်ပါတယ် မင်းသားကြီး Willem Dafoe ပါဝင်ထားတဲ့ကားတစ်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါက သဘာဝကျတဲ့ ထောင်ဇာတ်ကားတစ်ကားအဖြစ် အသိအမှတ်ပြုမှုတွေရရှိခဲ့ပါတယ်ဇာတ်လမ်းကတော့.... မိသားစုနောက်ခံကောင်းကောင်းကလာတဲ့ Rich Kid လေး ရွန်ဒက်ကာ တစ်ယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရပါတယ် ထောင်မကျအောင် အစွမ်းကုန်လျှောက်လှဲတဲ့ကြားက ထောင်ကျသွားပါတော့တယ် ထောင်ထဲမှာတော့ သူ့ကို နှစ်ကြီးသမားကြီး အားလ်ကိုပန် က အကာအကွယ်ပေးခဲ့ပါတယ် ထောင်ထဲမှာ ကြုံရမယ့်အခက်အခဲတွေကနေ ကာကွယ်ပေးရုံတင်မကဘဲ သူ့ရဲ့ပြစ်ဒဏ်ကနေပါ လွတ်ငြိမ်းခွင့်ရအောင် အားလ်က ကူညီပေးဖို့ကြိုးစားပါတော့တယ် အရာရာ အဆင်ပြေပြေနဲ့ပဲ ရွန် တစ်ယောက် အပြင်ပြန်ထွက်သွားနိုင်မလား ဒါမှမဟုတ် အခက်အခဲတွေကြုံလာရဦးမလားဆိုတာကတော့......File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie

Animal Factory (2000)

Rumble Fish (1983) 7.1
Rumble Fish (1983)  ဒီကားကို ရိုက်ထားတဲ့ director ကတော့ တခြားမဟုတ်ဘဲ The Godfather trilogy ကို ရိုက်ကူးပေးခဲ့တဲ့ Francis Ford Coppola ပဲ ဖြစ်ပါတယ်။S. E. Hinton ရဲ့ Rumble fish ဆိုတဲ့ ၀တ္ထုကိုပဲ ပြန်ရိုက်ထားပြီးတော့ cinematography မှာလည်း အတော်လေး ထူးခြားတဲ့ကားကောင်းတစ်ကားပါ။ဘယ်လိုမျိုးထူးခြားလဲဆိုတော့ သူ့အခေတ်အခါမှာရော အခုခေတ်အခါမှာပါ တွေ့ရနည်းတဲ့ camera ရှုထောင့်တွေကနေ creative ဖြစ်ဖြစ်ပဲ ရိုက်ကူးပေးထားပါတယ်။ close up ရိုက်ချက်တွေဆိုရင် ကျွန်တော့်အတွက်တော့ တော်တော်လေး unique ဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် အပေါ်က ပင့်ရိုက်တာတွေ အောက်ကပင့်ရိုက်တာတွေက ကြည့်ရတာ တစ်မျိုးကြီးလို့ ခံစားရပေမယ့် သဘောကျမိတာတော့ အမှန်ပဲဗျ။Main character အနေနဲ့က‌တော့ ဂျစ်ကန်ကန်ပေါ့ပျက်ပျက်နေတတ်တဲ့ လူငယ်တစ်‌ေယာက်လည်းဖြစ်၊ အကိုဖြစ်သူရဲ့ ကျော်ကြားမှုတွေ လွှမ်းမိုးခဲထားရတဲ့ ညီတစ်ယောက်လည်းဖြစ်တဲ့ Rusty ...
movie

Rumble Fish (1983)

Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

Once Upon a Time in Mexico (2003)

2003
Passion Play (2010) 5.5
Passion Play (2010) Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Passion Play (2010)

Jade (2024)
Jade (2024) ဂျိတ်နဲ့သူ့အကိုဘရန်တို့ဟာ ငယ်ငယ်ကတည်းမိဘတွေသေဆုံးခဲ့ပြီး အဖွဲ့စည်းတစ်ခုတည်းဝင်ခဲ့တယ် မစ်ရှငိတွေလုပ်ရင် ဂျိတ်ဟာသူ့အကို ဘရန်ကိုမတော်တဆပစ်သတ်မိခဲ့တယ် အဲ့ကတည်းကဂျိတ်ကအဖွဲ့ထဲထွက်ခဲ့ပြီး သေနတ်ဘယ်တော့မှမကိုင်တော့ပါဘူးဒါမဲ့တစ်နေ့မှာတော့သူ့သူငယ်ချင်းလိုဂန်ကသူ့ဆီ စတစ်ပြားပါတဲ့ အမဲရောင်ဘူးလေးတစ်ဘူးပေးခဲ့ပါတယ် အဲ့အချိန်ကစပြီး သူ့နောက်ကိုဂိုဏ်းတွေကလိုက်ခဲ့ကြပြီး သူထွက်ပြေးနေခဲ့ပါတယ် သူလွတ်မြောက်မလားဖမ်းရမလားဆိုတော့ ကြည်ှရှူခံစားကြည့်လိုက်ကြပါရှင် File size…(1.4 GB)/(749 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

Jade (2024)

Not Another Church Movie (2024)
Not Another Church Movie (2024) Not Another Church Movie (2024)ခင်ဗျားတိုအတွက် ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်စေမဲ့ အနုပညာလောကနဲ့ ဥပဒေလောကကိုသရော်ထားတဲ့ အမေရိကန်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာ Jamie Foxxကြီးက ဘုရားသခင်နေရာကနေပါဝင်ထားပြီး နပန်းသမားကြီး Mickey Rourkeကတော့ နတ်ဆိုးနေရာကပါဝင်ထားပါတယ်။ဟိုပရာဆိုတဲ့ နာမည်ကျော်အမျိုးသမီးတစ်ယောက် talk showတစ်ခုမှာ ပရိသတ်တွေ သူ့ကိုငြီးငွေ့လာကြပြီဆိုတာသိတော့ အမျိုးသမီးတွေကို ခွန်အားပေးနိုင်မဲ့သူကို သူ့ရဲ့ဆက်ခံသူအဖြစ်သတ်မှတ်မယ်လို ကြေငြာလိုက်ပါတယ်။ အဲဒီမှာ ဘုရားသခင်ဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး သူ့နေရာဆက်ခံနိုင်မဲ့သူကို ရှာခိုင်းပါတော့တယ်။ ကောင်းကင်ဘုံမှာ တော်ကီလေးဖုတ်လိုက် ဆိုင်ကယ်လျောက်ပတ်စီးလိုက်လုပ်နေတဲ့ ဘုရားသခင် အငြိမ်မနေရတော့ဘဲ ကမ္ဘာမြေပေါ်မှာ ဆက်ခံသူနေရာနဲ့ ထိုက်တန်မဲ့သူလိုက်ရှာရပါတော့တယ်။ အဲဒီမှာပဲ ခွဲစိတ်ဆရာဝန်အစ ရှေ့နေအလယ် ရေပိုက်ပြင်သမားအဆုံးလုပ်တဲ့ ကြိုးစားတဲ့လူငယ်လေး တေလာအယ်ရီကိုသွားတွေ့ပါတော့တယ်။ တေလာတစ်ယောက် ဆက်ခံသူနေရာနဲ့ ကိုက်မကိုက် မစ်ရှင်တွေပေးပါတော့တယ်။ ဒီမှာပဲ နတ်ဆိုးကလည်း ဘုရားသခင်ရဲ့ဆန္ဒကို ကဖျက်ကယက်လိုက်လုပ်ရင်း အပျော်သဘောနဲ့ ဟာသနှောရိုက်ကူးထားတာကို ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB |897MB Format… mp4 Duration…. 1h 31min Subtitle…. ...
movie

Not Another Church Movie (2024)

The Palace (2023) 5.4
The Palace (2023) The Palace (2023)Black Comedy ဇာတ်ကားလေးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာကြီးတွေက ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာ ခံထားရပြီး Box Office မှာလည်း ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ဇာတ်ကားပါ။ဒါပေမဲ့ ဒါရိုက်တာက ရုပ်ရှင်လောကမှာ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရွှေဥကြီးတစ်လုံးဖြစ်တဲ့ Rosemary's Baby ဇာတ်ကားကို မွေးထုတ်ပေးခဲ့သူ Roman Polanski ပဲဖြစ်ပါတယ်။ China Town, Macbeth, The Pianist, Oliver Twist တို့လို ဇာတ်ကားကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာအနေနဲ့ ငါမအိုသေးလို့ ဟစ်ကြွေးနိုင်လောက်တဲ့ ပညာစွမ်းတွေကို ဒီဇာတ်ကားမှာ ပြသွားပေမဲ့ ဇာတ်ညွှန်းကြောင့် ဒီဇာတ်ကားက ဒီလောက်ထိ အခြေအနေဆိုးသွားတာလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လို Black Comedy ကြိုက်သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။သရုပ်ဆောင်တွေကလည်း Old but Gold လို့ ပြောလို့ရတဲ့ ထိပ်တန်းသရုပ်ဆောင်တွေ အများကြီး ...
movie

The Palace (2023)

2023
The Courier (2012) 4.5
The Courier (2012) The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie

The Courier (2012)

2012
Man on Fire (2004) 7.7
Man on Fire (2004) Man on Fire (2004) IMDb-(7.7) The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းကရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့....နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်...သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက်အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ....တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့်အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်...သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်...ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်...ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ...ဒါရိုက်တာTony Scott ရိုက်ကူးပြီးကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး  Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်....ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့  Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်...သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်...ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်...သူစောင့်ရှောက်ရတဲ့ ...
movie

Man on Fire (2004)

2004
Buffalo ’66 (1998) 7.4
Buffalo ’66 (1998) Buffalo '66 (1998)~ IMDb - 7.4/10, Rotten Tomatoes - 76% ~အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်‌နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ...
movie

Buffalo ’66 (1998)

1998
The Legion (2020) 5.0
The Legion (2020) ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာအုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကိုပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာအာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီးဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းကနှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီးရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေစေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီးစစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာတပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကိုအာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီပေးပို့ရမှာဖြစ်ပါတယ်။ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီးနှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ်ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ဆက်လက်ကြည့်ရှုကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။ File size…  1.51 GB /  722 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Action , Comedy Subtitle…. ...
movie

The Legion (2020)

2020
Hunt Club (2022)
Hunt Club (2022) Hunt Club (2022) =============ကက်ဆန်ဒရာဆိုတဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ ရည်းစားနဲ့ ရန်ဖြစ်ပြီး ချန်ထားခံရလို့ ဘယ်သွားရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ဂျက်ဆန်နဲ့ ကာတာဆိုတဲ့ သားအဖ နှစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ ကက်ဆန်ဒရာလည်း ကာတာတို့နဲ့ ရင်းနှီးသွားပြီး မဲလိုက်ခရီးကို လိုက်ဖို့ခေါ်တာနဲ့ ဒေါ်လာ ၁ သိန်း ရမယ်လို့ ပြောတာမို့ ကက်ဆန်ဒရာလည်း အမဲလိုက်ခရီးကို လိုက်ခဲ့ပါတယ်။ တကယ်တမ်း ကာတာတို့ သားအဖ အမဲလိုက်တယ်ဆိုတာ တိရစ္ဆာန်တွေကို မဟုတ်ဘဲ မိန်းမတွေကို အမဲလိုက်တာ ဖြစ်နေတဲ့အချိန်မှာတော့ ကက်ဆန် ဒရာတစ်ယောက် လူသူမရှိတဲ့ ကျွန်းကြီးမှာ မုဆိုးတွေလက်ထဲက ဘယ်လို လွတ်အောင် ရုန်းကန်ရမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ဒီဇာတ်ကားကတော့ သာမန်မြင်တွေ့နေကြ ပုံစံမျိုးဖြစ်တဲ့ သူငယ်ချင်းတစ်သိုက် ခရီးထွက်လာ၊ လူသတ်သမားနဲ့တွေ့ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရ၊ ထွက်ပြေးကြ နောက်ဆုံးမှာ မင်းသမီးတစ်ယောက်ပဲ လွတ်သွားဆိုတဲ့ မဲပြားပုဆိုး ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် Low Budget အမျိုးအစားဖြစ်တာမို့ ဇာတ်လမ်းကောင်းသလောက် ပေါ့သွားတဲ့နေရာမျိုးတွေ ရှိပါတယ်။ အများကြီး လုပ်ပြနိုင်ရဲ့သားနဲ့ ဒီအတိုင်း သာမန်လောက်ပဲဆိုတာမျိုးနဲ့ ဇာတ်သိမ်းသွားတာ ကိုတော့သိပ်မကြိုက်ချင်ပါဘူး။ သာမန်အပျင်းပြေပဲ ကြည့်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ပါ ...
movie

Hunt Club (2022)

2022
WarHunt (2022)
WarHunt (2022)  Genre – Action, Horror, Thriller ၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်းတစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးကဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်းရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီးအတင်းလာပို့သွားတယ်။ ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက်လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန်ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာသည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲဖြစ်ပါတယ်ဗျ။ File size…1.35GB / ...
movie

WarHunt (2022)

[ 18 + ] Wild Orchid (1989) 5.5
[ 18 + ] Wild Orchid (1989)  ဇာတ်လမ်းအကျဉ်းလေးကအမ်မလီရိဒ်ဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး နယူးရော့ခ်မှာအလုပ်လာရှာတာပါစွမ်းဆောင်ရည်ကောင်းတွေပိုင်ဆိုင်ထားတဲ့အတွက် ကုမ္ပဏီကအလုပ်ခန့်လိုက်ပြီးကလော့ဒီဒန်းနစ်ဆိုတဲ့ စီနီယာတစ်ယောက်နဲ့အလုပ်တွဲလုပ်ဖို့ဖြစ်လာပါတော့တယ်၊အလုပ်ကတော့ ငွေအကြေးအခက်အခဲဖြစ်နေတဲ့ ကုမ္ပဏီက အပန်းဖြေဟိုတယ်တစ်ခုတည်ဆောက်ဖို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကိုသဘောတူအောင်ညှိနှိုင်းဆောင်ရွက်ပေးရမှာဖြစ်တယ်၊အလုပ်ကိစ္စကိုသေချာဆွေးနွေးဖို့ချိန်းထားပေမယ့် တာဝန်ခံဖြစ်တဲ့သူကနိုင်ငံခြားကိုထွက်သွားတဲ့အတွက် ကလော့ဒီဟာ အမ်မလီကိုလုပ်ငန်းခွင်မှာထားပြီ းလိုက်ခေါ်ပါတော့တယ်၊ လိုက်မခေါ်ခင်မှာ ကလော့ဒီဟာ ဒိတ်ဖို့ချိန်းထားတဲ့အတွက် အမ်မလီကိုလူစားသွားတွေ့ခိုင်းတယ်၊ လူစားတွေ့ရမယ့်သူက နာမည်ကြီးသူဌေးဂျိမ်းစ်ဝီလာဖြစ်ပြီး ကလော့ဒီကိုဂွင်ကျော်ရိုက်တဲ့သူလည်းဖြစ်ပါတယ်၊ ရှေ့နေမလေးအမ်မလီနဲ့ ဂျိမ်းစ်ဝီလာတို့ဘယ်လိုတွေတွေ့ကြမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး[ ၁၈- များပါတဲ့အတွက်ကလေးသူငယ်များကြည့်ရှုဖို့မသင့်တော်ပါဘူး ]  File size…4.12GB / 1.18GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Tin Myo Lwin
movie

[ 18 + ] Wild Orchid (1989)

Angel Heart (1987)
Angel Heart (1987)   လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် ...
movie

Angel Heart (1987)

Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Sin City (2005) 8.0
Sin City (2005) Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie

Sin City (2005)

2005
1080p HEVC
Weaponized (2016) 3.9
Weaponized (2016) Weaponized (2016) ==============လက်နက်ကုမ္မဏီပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုင်လ်နောရစ်ဟာ အကြမ်းဖက်မှုတစ်ခုမှာသားဖြစ်သူကို ဆုံးရှုံးရပြီးနောက် အကြမ်းဖက်မှုတွေကိုနှိမ်နင်းဖို့ အလွန်အန္တရာယ်များတဲ့ လက်နက်တစ်ခုကိုတီထွင်ဖို့ကြိုးစားပါတယ်။သူ့လမ်းကိုပိတ်ပင်သူမှန်မျှကိုလည်းရှင်းပစ်ဖို့ကြိုးစားပါ တော့‌တယ်။ ထိုလက်နက်ရဲ့အန္တရာယ်များပုံ၊ကောင်းကျိုး ထက် ဆိုးကျိုးများပုံကို စုံထောက်ဝေါလ်ကာ ရိပ်စားမိသော အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Eunice ဖြစ်ပါတယ်)File Size..........(1.34 GB) / (573 MB) / (344 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi, Thriller Translator.......Eunice Encoder..........SWM
movie

Weaponized (2016)

2016