Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Micheline Lanctôt
6.9
The Nature of Love (2023)
2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေးကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက်ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမားဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့်တာတွေကိုလုပ်မိပါတော့တယ်။နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာပါတော့တယ်။အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလားဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင်တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံအမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်းမတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိမြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… (1.89GB) / (975MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie
The Nature of Love (2023)
5.6
Frontiers (2023)
ကိုယ်ချစ်ရတဲ့လူတွေ လောကကြီးထဲကထွက်ခွာသွားရရင်သူတို့မရှိတော့တာကိုစိတ်ထဲကသိနေပေမဲ့ မသိစိတ်ထဲမှာသူတို့ကိုဆက်ရှိနေစေချင်သေးတဲ့ အခါမှာတော့ ထင်ယောင်ထင်မှားတွေဆိုတာဖြစ်လာတတ်ပါတယ်။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.6 ရရှိထားတဲ့Frontiers ဆိုတဲ့ဇာတ်ကားလေးမှာလည်းအဲ့လိုအစွဲအလမ်းကြီးမှုတွေကို ဒရာမာ သည်းထိပ်ရင်ဖိုလေးတွေနဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီရန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က စိုက်ပျိုးမွေးမြူရေးခြံကြီးတစ်ခုမှာ သမီးလေးနဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်ကပဲ သူမရဲ့အဖေဆုံးပါးသွားတာကြောင့်စိတ်ဒဏ်ရာတွေကို ခံစားနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။အိမ်မှာ တစ်ခါတစ်လေ တကယ်မရှိတဲ့အရာတွေကိုမြင်နေတွေ့နေကြားနေရပြီး အဖေဖြစ်သူပြန်လာတယ်လို့ထင်နေတဲ့အတွက် သူ့ညီမတွေက သူ့ကိုအကူအညီပေးဖို့အတွက် သူတို့ကိုပစ်ပြီးဖလော်ရီဒါကို ထွက်သွားတဲ့အမေဖြစ်သူကို လှမ်းခေါ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ အမေဖြစ်သူရောက်လာပြီး သေတမ်းစာကိစ္စတွေဘာတွေစီစဉ်ပြီးသူတို့နဲ့ ရက်ပိုင်းလောက် အတူတူနေပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီကြားထဲမှာ အမေရိကန်ထောင်ကနေလွတ်မြောက်လာတဲ့ ထောင်သားနှစ်ယောက်ကသူတို့နေထိုင်ရာ ကနေဒါနယ်စပ်ကို ဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေလဲကြားနေရတဲ့အခါမှာ ဒီရန်းတစ်ယောက်ကြုံတွေ့နေရတာတွေက သူ့စိတ်ကူးတွေလား တကယ့်အဖြစ်အပျက်တွေလားဆိုတာကို ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.19GB / 532MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Frontiers (2023)
5.8
Ravenous (2017)
Ravenous (2017)~ IMDb - 5.8/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်နေရတဲ့ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား... ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား... ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။Cinematography ကလည်း အရမ်းကိုလှပပြီး ...
movie
Ravenous (2017)
2017