Channel Myanmar

Michele Hicks

Mulholland Drive (2001) 8.0
Mulholland Drive (2001) Mulholland Drive (2001)IMDB - 8/10 Metacritic – 81% Rotten Tomatoes - 82%Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။ City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။ သူစိတ်ဝင်စားနေတဲ့ ...
movie

Mulholland Drive (2001)

2001
4K HEVC
The Unheard (2023)
The Unheard (2023) The Unheard (2023)Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ...
movie

The Unheard (2023)

2023