Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michel Fau
6.4
Habib (2024) Habib, la grande aventure
Habib (2024) Habib, la grande aventureIMDb Rating (6.4) ဟာဘစ်က ဇာတ်ဆောင်အသေးလေးတွေကို သရုပ်ဆောင်ရင်းနဲ့ ပိုပြီးကြိးမားတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ရဖို့ အိမ်မက်မက်နေတဲ့ လူငယ်လေးဖြစ်ပါတယ်။သူက ရွေ့ပြောင်းနေထိုင်လာတဲ့ မိသားစုမှ ဖြစ်ပြီး သူ့မိသားစုကတော့ သူ့အိမ်မက်တွေကို အားပေးခြင်းမရှိခဲ့ပါဘူး။ကတ်သရင်းဒနီဗာဆိုတဲ့ ပြင်သစ်မင်းသမီး ကြီးနဲ့ တူတူ သရုပ်ဆောင်ခွင့် မရခင်ထိပါပဲ ။ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.1 GB) / (530 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:28:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin
movie
Habib (2024) Habib, la grande aventure
2024
With a Friend Like Harry…(2000)
IMDb 7.1/10 Rotten Tomato 96%ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ် ။လျို့ဝှက်သည်းဖိုဇတ်လမ်း တွေကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ ပြင်သစ်ရုပ်ရှင်တွေကလည်းလျှော့တွက် မရတဲ့ အထဲပါပါတယ်။ တစ်ချို့ဇာတ်ကား တွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင်ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ဒီဇတ်ကားထဲမှာ ပြင်သစ်ပြည်က တောင် တန်းတွေနဲ့ ကျေးလက်အပန်းဖြေအိမ် လေးကသဘောကျစရာပါပဲ။ကလောမြို့ ကိုတောင်အမှတ်ရမိပါသေးတယ်။ ပြင်သစ်ခေတ်ဟောင်း တေးဂီတနဲ့သီချင်း ကိုလည်း ဇာတ်နဲ့လိုက်ဖက်အောင်သုံး ပေးထားပါတယ်။ ဒါရိုက်တာက Dominik Moll ပါ။ ဇတ်လမ်းအကျဥ်း မီရှယ်ပတ်ဖ်က ဇနီးသည်ကလယ်ရာ သမီးသုံးယောက်တို့နဲ့အတူ သူတို့ဝယ် ထားတဲ့ပြင်သစ်ပြည်တောင်ပေါ်ကျေး လက်က အပန်းဖြေအိမ်မှာ အားလပ် ရက်အပန်းဖြေဖို့တက်လာကြပါတယ်။ ကားကအဲယားကွန်းမပါပူတော့ကလေး အကြီးကဂျီကျတဲ့အပြင်အငယ်ဆုံးက လည်း တစ်ကျီကျီငိုလာပါတယ်။ လမ်းမှာခဏနားတဲ့အချိန် သန့်စင်ခန်း ထဲမှာမီရှယ်ကကျောင်းတုန်းကအတန်း ဖော် ဟာရီနဲ့ဆုံပါတယ်။ ဟာရီကမှတ်မိပေမဲ့ မီရှယ်ကမမှတ်မိ ပါဘူး။ ခရီးဆက်ထွက်မယ်လုပ်တော့ စကားစပ်မိကြပြီး ဟာရီနဲ့သူ့ရည်းစား ပလမ်းတို့ ...
movie
With a Friend Like Harry…(2000)
7.0
Borgo (2023)
ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့...အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ်Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Borgo (2023)
6.7
Swimming Pool (2003)
Swimming Pool (2003)~ IMDb - 6.7/10, Rotten Tomatoes - 83% ~ရုပ်ရှင်ဆုပေးပွဲတွေအများကြီးမှာ ဆန်ခါတင်အဆင့်အများကြီးဝင်ခဲ့ပြီး အမျိုးသမီးဇာတ်ဆောင်ဆု တစ်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်တစ်ဆုရခဲ့တဲ့ ဇာတ်ကားလေးပါ။သက်လတ်ပိုင်းအရွယ် အောင်မြင်နေတဲ့ လျှို့ဝှက်ဆန်းကြယ် စုံထောက်စာရေးဆရာမတစ်ယောက် စုံထောက်ဇာတ်လမ်းတွေ ရေးရတာ စိတ်ကုန်နေပါတယ်။ အဲဒါကြောင့် ထုတ်ဝေသူက စိတ်အနားရအောင် သူပိုင်တဲ့ ပြင်သစ်က အိမ်လေးတစ်အိမ်မှာ ခဏအနားယူဖို့လွှတ်လိုက်ပါတယ်။ စာရေးဆရာမက အေးဆေးတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ သာသာယာယာနဲ့ စာရေးနေတုန်း ထုတ်ဝေသူရဲ့ သမီးရောက်လာပြီး သူ့ရဲ့ ငြိမ်းချမ်းမှုကို ထိခိုက်လာပါတော့တယ်။ဇာတ်လမ်းကတော့ ဒါပါပဲ။ အေးအေးဆေးဆေးနေချင်တဲ့ စာရေးဆရာမနဲ့ ဆူဆူပူပူနေတတ်တဲ့ တက်ကြွတဲ့ မိန်းကလေး သူတို့နှစ်ယောက်တစ်အိမ်တည်းမှာ တူတူနေရတဲ့အကြောင်းလေးကို ပြထားတာပါ။ဒါပေမဲ့ ဇာတ်လမ်းသွားတဲ့ပုံစံက ဟော်ရာလိုလို၊ လူပဲထသတ်တော့မှာလိုလို၊ ဒရာမာလို အကြီးအကျယ်ခံစားစရာတွေ ပါတော့မလိုလိုနဲ့ ခပ်အေးအေးနဲ့ ကြည့်ဖြစ်သွားအောင် ဆွဲခေါ်သွားပါလိမ့်မယ်။ဇာတ်ကားနဲ့ပတ်သက်ပြီး အများကြီးပြောချင်တာတွေရှိပေမဲ့ အကုန်လုံးက ဇာတ်လမ်းရဲ့ ...
movie
Swimming Pool (2003)
2003
6.6
The Crime Is Mine (2023)
The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie
The Crime Is Mine (2023)
2023