Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michał Wawrykiewicz
6.4
Green Border (2023)
အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်းကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကိုစွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင်ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ရပါတယ်။Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာAgnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီးမှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီးထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲအမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံးစံချိန်တင်သွားခဲ့ပါတယ်။ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလိုရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲအရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကိုမီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ် ) File size… (2.17GB) Quality… WEB-DL 1080p Format… ...
movie
Green Border (2023)