Channel Myanmar

Michaela Longden

Rob1n (2025) 4.0
Rob1n (2025)   Rob1n (2025)ဒီဇာတ်ကားလေး ကတော့ 2025 ခုနှစ်ထွက် Horror ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။အရုပ်သရဲလို့ လူသိများတဲ့ Chucky ဇာတ်ကားပုံစံမျိုးကို ဒီကားကတာ့ စက်ရုပ် သရဲ ပုံစံ ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရယ်သာဖော့ဒ် ဆိုတဲ့ စစ်တပ်အတွက် ခေတ်မှီလက်နက် တွေ တီထွင်ပေးနေတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ၁၁ နှစ်သားလေး သေဆုံးမှုကို သတိရလွမ်းဆွတ်ပြီးတော့ စက်ရုပ် တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။အဲ့ဒီစက်ရုပ်မှာပဲ သူ့သားလေးရဲ့ ဝိညာဉ်စွဲကပ်နေပြီးတော့ ဘယ်လိုမျိုး တွေ ဆက်ဖြစ်သွားသလဲ ဆိုတာနဲ့သူ့သားလေး ဘာကြောင့် သေသွားတာလဲဆိုတာကိုတာ့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (890 MB) / (540 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, ...
movie

Rob1n (2025)

2025
The Baby in the Basket (2025) 5.5
The Baby in the Basket (2025)  ဒီကားကိုတော့ ဒါရိုက်တာ Andy Crane နဲ့ Nathan Shepkaတို့ ရိုက်ကူးထားပြီး Maryam d'Ano, Paul Barber,Amber Doig-Thorne တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ပွဲတွေဖြစ်နေတဲ့ ကာလတစ်ခုအတွင်းမှာ ဝေးလံခေါင်ဖျားတဲ့လူသူသိပ်မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် စိန့်အောဂတ်စတင်းလို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခုရှိခဲ့ပါတယ်။တစ်နေ့မှာတော့ သီလရှင်တစ်ဦးက နတ်ဆိုးက ဝံပုလွေကသိုးရေခြုံလာသလို အားနည်းတဲ့ပုံနဲ့ရောက်လာပြီး ဘုရားကျောင်းကို ပျက်စီးစေလိမ့်မယ်လို့ ‌ပြောကြားခဲ့ပါတယ်။တစ်ခြားသူတွေက မယုံကြည်ကြတာကြောင့်သူကထွက်သွားဖို့ပဲ ရွေးခဲ့ပါတယ်။ဒီလိုနဲ့ မုန်တိုင်းတွေထန်တဲ့ ညတစ်ညမှာ ဘုရားကျောင်းကိုဘယ်ကမှန်းမသိတဲ့ မွေးကင်းစကလေး ရောက်လာခဲ့ပြီးအဲဒီအချိန်ကစလို့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။သီလရှင်တစ်ပါးသေဆုံးပြီး တစ်ပါးက ရူးသွပ်သွားတာကနေစပြီး ဆက်တိုက် သေဆုံးမှုတွေ ဖြစ်လာတဲ့အခါမှာတော့ဒီကလေးဟာ နတ်ဆိုးရဲ့ကိုယ်ပွားဖြစ်နိုင်တယ်လို့ သံသယဝင်လာခဲ့ကြပါတယ်။ ဒီနတ်ဆိုးလက်ကနေလွတ်အောင်သူတို့ဘယ်လိုကြိုးစားကြမှာလဲ......ဘယ်သူကရော လွတ်မြောက်သွားမလဲ.....တကယ်ပဲ အစစ်အမှန်လွတ်မြောက်ခြင်းလား။ဒါတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။  File size… (762 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 40m Genre …..Drama , Horror , ...
movie

The Baby in the Basket (2025)

Lord of Wolves (2024) 5.0
Lord of Wolves (2024)  ကမ္ဘာပေါ်မှာမတရားဆုံးအရာကိုပြောပြပါဆိုရင်တော့ ကံကြမ္မာလို့ပြောရမှာပါပဲ။ကိုယ်တိုင်ကကြိုးစားချင်စိတ်ရှိတဲ့ သဘောကောင်းတဲ့နှလုံးသားလှတဲ့ လူကောင်းတစ်ယောက်ဖြစ်နေရင်တောင်လောကကြီးကလက်ခလယ်ထောင်ပြပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုခက်ခဲစေခဲ့တာတွေကို လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Lord Of Wolves ဆိုတဲ့ဇာတ်ကားထဲမှာတော့အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့နေရတဲ့သူတွေအတွက်မလွယ်ကူပေမဲ့ ကိုယ့်ဆန္ဒတွေကိုတကယ်ဖြစ်လာစေမဲ့အခွင့်အရေးတွေကိုကမ်းလှမ်းလာရင်ကိုယ်တိုင်ကရော သူတို့လိုလက်ခံနိုင်ပါ့မလားဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေကတော့ နစ် ရှောင်ဘက်သ်ဆိုတဲ့လူ ၃ ယောက်ပဲဖြစ်ပါတယ်။နစ်ကဓာတ်ပုံဆရာအရမ်းဖြစ်ချင်သူတစ်ယောက်ဖြစ်ပြီး သူ့ဆရာရဲ့အိမ်မှာကပ်နေနေရသူတစ်ယောက်ဖြစ်ပါတယ်။ကင်မရာလေးတစ်ကားကားနဲ့သူ့ဘ၀ကိုသာသာယာယာဖြတ်သန်းနေပေမဲ့ တစ်ညမှာတော့ရှိသမျှပစ္စည်းတွေအကုန်အလုခံလိုက်ရပြီး သူ့ရဲ့တန်ဖိုးထားရတဲ့ကင်မရာအကောင်းစားလေးပါပျက်စီးသွားခဲ့ပါတော့တယ်။ရှောင်ကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုကိုမိဘတွေကစိတ်ပျက်နေတဲ့အတွက် တစ်နေ့တစ်ခြားပိုပိုဆိုးပြနေတဲ့ကောင်လေးဖြစ်ပါတယ်။ဒါပေမယ့်အစ်မဖြစ်သူကတော့သူ့ကိုချစ်တဲ့အတွက် သူ့ဘ၀မှာသူ့ကိုဂရုစိုက်တဲ့သူတစ်ယောက်တော့ရှိနေပါသေးတယ်။ဘက်သ်ကတော့ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီးရုံးကသူဌေးချစ်တဲ့အားကိုးတာခံရတဲ့လူတစ်ယောက်ကသူ့ကိုအဓမ္မပြုကျင့်ခဲ့တဲ့အတွက်အခုအချိန်မှာကိုယ်ဝန်ရနေပြီဖြစ်ပါတယ်။သူ့ယောက်ျားရဲ့အခြေအနေကကိုယ်ဝန်မရနိုင်တာဖြစ်တဲ့အတွက်ယောက်ျားကိုလည်းမပြောပြရဲဘဲနဲ့ သူတစ်ယောက်တည်းဝေဒနာပေါင်းစုံကိုရူးမတတ်ခံစားနေခဲ့ရပါတယ်။သိပ်မကြာခင်မှာဇာတ်ကားနာမည်ထဲက ဝံပုလွေတွေရဲ့သခင်ပေါ်ထွက်လာခဲ့ပြီး ဒီလူ ၃ ယောက်ကိုသူတို့ရဲ့နာကျင်ခံစားမှုတွေပျောက်ကွယ်သွားပြီး လိုချင်တာတွေရအောင်ကမ်းလှမ်းလာတဲ့အခါမှာ လက်ခံလိုက်ကြမလား အဲ့ဒီဝံပုလွေသခင်ကြီးကရောဘယ်ကနေပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…1.05GB / 611MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Lord of Wolves (2024)

The Jack in the Box: Awakening (2022)
The Jack in the Box: Awakening (2022) The Jack in the Box: Awakening (2022)ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ...
movie

The Jack in the Box: Awakening (2022)

2022
The Ghost Within (2023)
The Ghost Within (2023)  မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့်အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေးဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာအပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီး ငယ်ဘဝကမှတ်ဉာဏ်တွေကပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင်နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်ကနေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာ ယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူကသူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ ပိုက်ဆံတွေကိုပဲစိတ်ရောက်နေပါတော့တယ်။အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့ အိမ်မှာတစ်ယောက်တည်းကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့သူ့ညီမက သူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီးအဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီး အစ်မဖြစ်သူကိုဘာတွေပြောဖို့ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။  File size…836MB / 347MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 43m Genre …..  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Ghost Within (2023)