Channel Myanmar

Michael Wayne Foster

The Haunted, the Possessed and the Damned (2024) 5.5
The Haunted, the Possessed and the Damned (2024)  စိတ္တဇလူသတ်ကားလေးတွေမှကြိုက်ပါတယ်ဆိုရင်တော့အခုတင်ဆက်ပေးမဲ့ The Haunted The Possessed AndThe Damned ဆိုတဲ့ဇာတ်ကားလေးကိုရှုစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။အရမ်းကြီးကြမ်းလားဆိုရင်တော့ Terrifier တို့Scream တို့လောက်တော့မကြမ်းပေမဲ့ နှစ်ကိုယ့်တစ်စိတ် စိတ္တဇလူသတ်သမားရဲ့ လူသတ်ချင်စိတ်ကိုနှစ်ဖက်လွန်ဆွဲပြီး ရုန်းကန်နေရတဲ့ စိတ္တဇလူသတ်သမားရဲ့ဇာတ်လမ်းကိုကြည့်ရမှာဖြစ်တဲ့အတွက် အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေတဲ့အနေအထားရှိပါတယ်။အဲ့ဒီနှစ်ကိုယ့်တစ်စိတ်လူသတ်သမားကတော့အက်ဒမ်ဖြစ်ပြီးသူကလက်ရှိမှာ အာမခံကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ လျော်ကြေးမန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။သူကအရမ်းခင်စရာကောင်းပြီးစကားပြောကောင်းပေမဲ့ တစ်ဖက်မှာလည်း လူသတ်ချင်နေတဲ့သူ့ကိုယ်ထဲကသားရဲက သူ့ကိုအတင်းတွန်းအားပေးနေပါတော့တယ်။ဒီလိုနဲ့သူလူတွေသတ်ဖြစ်ခဲ့ပြီး အဲ့ဒီအမှုကိုလိုက်စုံစမ်းတဲ့စုံထောက်ကတော့ ကိုယ်တိုင်ကလူသတ်မှုနဲ့စုံစမ်းစစ်ဆေးခံနေရတဲ့ စုံထောက်ကက်စီဖြစ်ပြီး သူကိုယ်တိုင်ကလည်း သွေးအေးသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရက်ရက်စက်စက် ၂ လောင်းပြိုင်လူသတ်မှုတွေကျူးလွန်နေတဲ့အက်ဒမ့်ကို လိုက်စုံစမ်းစစ်ဆေးရင်းနဲ့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။  File size… (1.90 GB) / (936 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Haunted, the Possessed and the Damned (2024)

The Thundermans Return (2024) 5.5
The Thundermans Return (2024)  Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီးဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုးအဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်းThundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ်ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကိုThundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင်အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ...
movie

The Thundermans Return (2024)

Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie

Road to Boston (2023)

2023
My Best Friend’s Exorcism (2022) 5.1
My Best Friend’s Exorcism (2022) Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ...အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်... တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြို့အစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။ ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး....ဘယ်သူမှမသိလိုက်ပါဘူး ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး....နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ် ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက ရိပ်မိသွားပါတော့တယ်....အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(1.95GB)/(877MB)/(428Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Horror / / Comedy / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

My Best Friend’s Exorcism (2022)

Wolf Hound (2022)
Wolf Hound (2022) Wolf Hound (2022)ဟုတ်ကဲ့ စစ်ကားကြိုက်သူများအတွက် ၂၀၂၂အသစ်ထွက် စစ်ကားလေးကို တင်ဆက်ပေးသွားမှာပါ။ ဇာတ်ကားကို စစဖွင့်လိုက်ချိန်မှာ နေဝန်းထဲကို လေယာဉ်သုံးစင်းပျံသွားတာကို တွေ့ရမှာပါ။ ဒီအခန်းကို ကျွန်တော် တော်တော်ရင်းနီးနေပါတယ်။ ဆက်ပျံပြနေပါတယ်။ ရင်းနီးနေပါတယ်။ ဟော သိလိုက်ပါပြီ။ ဘယ်တော့မှ ဘတ်ဂျက်မနိုင်တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ ဒစ်အလည်ခဲ့ဆုံး ရုပ်ရှင်မှာ တွေ့ဖူးတာပါ။Apocaplyse Nowဆိုတဲ့ ရုပ်ရှင်မှာ ဒီလိုခပ်ဆင်ဆင်အခန်းမျိုးပါပါတယ်။ စစ်ကားချင်းလည်းတူတာဆိုတော့ Apocaplyse Nowလိုများ မာစတာ့ မာစတာပိစ်ဖြစ်သွားမလား ဆက်ကြည့်ကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ ဇာတ်ကားနာမည်ကြီးကို နေထွက်တဲ့ဘက်မှာ စာတန်းထထိုးပါတယ်။ WOlF HOUNDတဲ့။ စာလုံးပုံစံကိုက အထင်ကြီးစရာပါပဲ။ တော်တော်ခက်ခက်ခဲခဲလုပ်ယူရမှာ။ ငယ်ငယ်က ကျားကုတ်ကျားခဲကလိဖူးတဲ့သူတွေတော့ သိကြမှာပါ။ မိုက်ခရိုဆော့ ပါဝါပွိုင့်ထဲက 3D EFFECT ရယ် SHADOW EFFCT ရယ်ကိုသုံးထားတာပါ။ လုံးဝကွက်တိချွတ်စွတ်ပါပဲ။ ပေါကားတော့မဟုတ်လောက်ပါဘူး။ အမြင်သစ်နဲ့လုပ်ထားတာပဲဖြစ်မှာပါလေဆိုပြီး ကျွန်တော်ဆက်ကြည့်ကြည့်ပါတယ်။လေယာဉ်တွေ ပစ်ပါတယ်။ ခတ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကားဆိုတော့ နာဇီတွေနဲ့ချတာပါ။ ဘာလို့ချတယ် ဘယ်လိုချတယ်တော့ မပြောတော့ဘူးလေနော့။ အကုန်ပြောမိလို့ တစ်ယောက်မှမကြည့်တော့ရင် အလုပ်ကပြုတ်ဦးမယ်။ဒီနားကတော့ ...
movie

Wolf Hound (2022)

2022