Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Swatton
5.0
Silent Bite (2024)
Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက်မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့....ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကိုဓားပြဝင်တိုက်ခဲ့တဲ့ "ဆန်တာဦးထုပ်ဓားပြအဖွဲ့"လို့ အမည်ပေးထားတဲ့ဓားပြအဖွဲ့ ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်...သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့်ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာ ခေတ္တခြေငြိမ်ပြီးခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်ကသူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီးရဲတွေကို လမ်းလွှဲမယ်...အခြေအနေ ငြိမ်သွားရင် လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ...။သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ်ဆိုတာပါပဲ...။ဒီတော့ ဓားပြအဖွဲ့သားတွေ အန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင်ပြေးကြမလဲဆိုတာကိုတော့.....။ File size… (1.15GB) / (523MB ) Quality… WEB-DL 1080p HEVC ...
movie
Silent Bite (2024)
5.0
Blood and Snow (2023)
သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သလို Horror အမျိုးအစားလည်းဖြစ်တဲ့Blood And Snow ရုပ်ရှင်ကားကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ဒါရိုက်တာ Jeese Palangio ရိုက်ကူးထားပြီး Michael Swatton ၊Anne-Carolyne Binette ၊ Vernon Wells နဲ့ Simon Phillips အစရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ဇာတ်ကောင်တွေရဲ့များပြားလှတဲ့စကားပြောခန်းတွေ၊ ခြောက်ခြားစရာအသံနောက်ခံတွေနဲ့ Horror ဇာတ်ကားကို အရှိန်မြင့်အောင်ဆွဲခေါ်သွားတဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း**************သိပ္ပံပညာရှင်နှစ်ယောက်ဟာ အာတိတ်ရေခဲပြင်ကြီးထဲကျရောက်ထားတဲ့ဥက္ကာခဲတစ်ခုကို လာရောက်လျှို့ဝှက်လေ့လာရင်းကနေ တစ်ဦးက အသတ်ခံလိုက်ရပြီး ကျန်တစ်ဦးကတော့ ကူးစက်ခံလိုက်ရပါတယ်။ကပ်ပါးကောင်ပါလာမှန်းမသိဘဲ အသက်ရှင်ကျန်ရစ်တဲ့သိပ္ပံပညာရှင်မိန်းမငယ်လေးကို အနီးဆုံးစခန်းက လက်ခံစောင့်ရှောက်ထားရာကနေစခန်းတွင်းမှာ မမျှော်လင့်ထားတာတွေဖြစ်ပျက်လာခဲ့ပါတယ်။ဘာတွေဖြစ်နေလဲဆိုတာကိုနားလည်အောင်ကြိုးပမ်းကြရင်းကနေ သူတို့ကယ်တင်လာတဲ့မိန်းကလေးဟာ အရင်ကတွေ့ခဲ့ဖူးတဲ့လူမဟုတ်တော့တာကိုသိရှိလိုက်ရတဲ့အခါ ကပ်ပါးကောင်ကထိန်းချုပ်နေတဲ့မိန်းကလေးကိုရင်ဆိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ File size…1.25GB Quality…WEB-DL 1080p HEVC Format…mp4 Duration….1h 54m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Blood and Snow (2023)
Butchers (2020)
ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန်အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး.. File size…1.29GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Butchers (2020)
Butchers Book Two: Raghorn (2024)
ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့နောက်ဆက်တွဲ Butchers Book : Raghorn ကိုကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း****************ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကိုကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီးနယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှုဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစားစိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ်ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့လူသားစားတွေပါ။ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ်ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေမကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ...
movie
Butchers Book Two: Raghorn (2024)
5.0
Ice Road Killer (2022)
ဟယ်လန်ဟာ သမီးဖြစ်သူ လော်ရာကို ကောလိပ်သွားကြိုပြီး မြောက်ပိုင်းက သူတို့ရဲ့ သစ်သားအိမ်လေးကို သွားဖို့ ကြံရွယ်ထားခဲ့ပါတယ်။မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့နှင်းမုန်တိုင်းကြောင့် ရာသီဥတုအခြေအနေ လမ်းအခြေအနေ အတော်ကလေး ဆိုးရွားလို့ နေပါတယ်... ဒီလိုနဲ့ သွားနေရင်း လမ်းခုလတ်မှာ ကားကြုံစီးလိုတဲ့ ကာလီနဲ့ ကြုံဆုံပါတော့တယ်... မိန်းမချင်းလည်းဖြစ် ကာလီကလည်း တစ်ကိုယ်တည်းဖြစ်နေတာမို့ ကားကြုံတင်စီးလေ့မရှိတဲ့ ဟယ်လန်ဟာ ကိုယ်ချင်းစာစိတ်နဲ့ ခေါ်တင်ခဲ့ပါတယ်။ ဟယ်လန်မသိတာကတော့ ကာလီဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ...ဟယ်လန်က သမီးဖြစ်သူကို ကြိုပြီး ကားကြုံစီးသူကာလီနဲ့အတူ ခေါင်ဖျားတဲ့ မြောက်ပိုင်းကို ခရီးဆက်တဲ့အခါမှာပဲ ဇာတ်လမ်းက စတင်ပါတော့တယ်...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:25:00 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing ...
movie
Ice Road Killer (2022)
5.5
Two Deaths of Henry Baker (2020)
Two Deaths of Henry Baker ( 2020 ) ---------------------------------------------- ဟင်နရီဘိတ်ကာလို့ခေါ်တဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ရှိတယ်။ နာမည်ကြီးသလို ရန်သူလည်းများသလို သူ့ပိုင်ဆိုင်မှုတွေနောက် လိုက်နေတဲ့လူတွေလည်း မနည်းဘူး။ သူ့မှာ ဆမ်ဘတ်လို့ခေါ်တဲ့ သူနဲ့ရုပ်ချင်း ချွတ်စွပ်တူနေတဲ့ ညီတစ်ယောက်ရှိတယ်။ ဒီတော့ သူ့ရန်သူတွေဟာ သူ့ညီနဲ့သူ့ကို မှားကြတာပေါ့။ သူတို့နှစ်ယောက်ကြား ရှင်းမရတဲ့ ကိစ္စတစ်ခုဖြစ်လာသလို တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ဖြတ်ဖို့အထိပါ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်က သေပြီး တစ်ယောက်က ထောင်ကျသွားခဲ့တယ်။ဒီလိုနဲ့ နှစ်အတော်ကြာပြီး သူတို့သားတွေ အရွယ်ရောက်လာခဲ့တယ်။ အဲဒီအချိန် ထောင်ကျနေတဲ့တစ်ယောက်ကလည်း လွတ်လာခဲ့ပြီ။ သူတို့ကြားက ဇာတ်ရှုပ်ဟာ သူတို့သားတွေလက်ထပ်မှာ ဘာဆက်ဖြစ်ဦးမလဲဇ ကြည့်ရမှာပါ။ ဒီရုပ်ရှင်ဟာ ရှိတ်စပီးယားရဲ့ ဗင်းနစ်မြို့ကကုန်သည်ကိုမသိမသာ အငွေ့ထည့်ထားပြီး ရှိတ်စပီးယားစာသားနဲ့အဆုံးသတ်ထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အမျိုးအစားက သည်းထိတ်ရင်ဖို မှုခင်းကားဖြစ်သလို Plot Twistတွေလည်း ပါတာမို့ စိတ်ဝင်စားစရာအတန်အသင့်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ ...
movie
Two Deaths of Henry Baker (2020)