Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Pink
6.5
Andrea Gets a Divorce (2024) Andrea lässt sich scheiden
Andrea Gets a Divorce (2024)IMDb Rating (6.5) ဒီဇာတ်ကားမှာ အန်ဒရီရယ် (Birgit Minichmayr) ဆိုတဲ့ ရဲအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြသထားပါတယ်။သူ့ရဲ့ရွေးချယ်မှုတွေကနေ တဖြည်းဖြည်းပေါက်ကွဲလာပြီး သူ့ဘဝဟာ အတိတ်နဲ့လက်ရှိကြားမှာ အကျပ်ရိုက်လာပါတယ်။ဒါရိုက်တာ Josef Hader က ဟာသနဲ့ ဒရမ်မာကို စွဲမက်ဖွယ်ပေါင်းစပ်ထားပြီး လူနေမှုနဲ့ အတွေးအခေါ်တွေကို ထိတွေ့အောင်ဖန်တီးနိုင်ပါတယ်။ရုပ်ရှင်မှာ အတွေးတွေနဲ့ အနည်းငယ်ထိတ်လန့်ဖွယ်အခန်းတွေပါဝင်ပေမယ့်လည်း ဇာတ်ကွက်တွေ တဖြည်းဖြည်းတည်ဆောက်ထားတာကြောင့် အလွယ်တကူ နားလည်နိုင်မှာမဟုတ်ပါဘူး။မကောင်းတဲ့အချက်အနေနဲ့ ဇာတ်ညွှန်းဟာ တစ်ချို့လူတွေအတွက် ခံစားရခက်နိုင်ပြီး အနည်းငယ် ချွတ်ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အမြင်အသစ်နဲ့ ပြုလုပ်ထားတဲ့ ဇာတ်ကားတစ်ခုဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:34:34 Subtitle….Myanmar Subtitle ...
movie
Andrea Gets a Divorce (2024) Andrea lässt sich scheiden
2024
6.3
The Voices (2014)
The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie
The Voices (2014)
6.7
The Ordinaries (2022)
ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားကအရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီးဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားကrating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော်မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ်သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကိုဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာတွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေကရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက်ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက်ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံတစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုအတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီးအခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ...
movie
The Ordinaries (2022)
5.4
Æon Flux(2005)
AEon Flux (2005) ==============၂၀၁၁ ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုက ကမ္ဘာ့လူဦးရေရဲ့ ၉၉ရာခိုင်နှုန်းကိုသေဆုံးစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ထရေဗာဂွတ်ချိုင်းလ် က ကုသနည်းကို တီထွင်ခဲ့ပါတယ်။ငါးသန်းသော အသက်ရှင်ကျန်ရစ်သူတွေက ကမ္ဘာမှာ တစ်ခုတည်းကျန်တဲ့မြို့ ဘရက်ဂ်နာမှာ နေထိုင်ကြပါတယ်။ဂွတ်ချိုင်းလ်ဟာ နှစ် ၄၀၀ လောက်အထိ အုပ်ချုပ်ခဲ့ပြီးနှစ်တွေကြာလာတာနဲ့အမျှ နိုင်ငံဟာ တဖြေးဖြေးနဲ့ ပြိုလဲလာပါတယ်။ဂွတ်ချိုင်းလ်အစိုးရဟာ လူပျောက်မှုတွေကို လစ်လျူရှူရုံတင်မကသူတို့ကို အာခံသူတွေကိုပါ သုတ်သင်ကြပါတယ်။ပြည်သူတွေဟာ သူတို့မတွေ့ကြုံဖူးတဲ့ ပုံရိပ်တွေ ခြောက်လှန့်တာလည်း ခံစားနေရပါတယ်။ဒီတော့ ဂွတ်ချိုင်းလ်အစိုးရကို ဆန့်ကျင်ဖို့ မော်နီကန်ဆိုတဲ့လက်နက်ကိုင်ဆန့်ကျင်သူအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ File size…1.43GB / 594MB Quality…BluRay 1080p5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Æon Flux(2005)