Channel Myanmar

Michael Patrick McGill

Danny Collins (2015) 7.0
Danny Collins (2015)  ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pacino ကြီးရဲ့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက်အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါAl Pacino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ် American Beauty, 20th Century Women ထဲက Annette Bening, Christopher Plummer, Jeniffer Garner, Bobby Cannavale တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဒီ ဒန်နီကောလင်း ဆိုတာက အပြင်က Steve Tilston ဆိုတဲ့ အင်္ဂလိပ်Folk သီချင်းတေးရေးတီဆိုသူကို အခြေခံထားတာပါ IMDb rating 7, Rotten Tomatoes 78%ထိရရှိထားတဲ့ comedy/drama ရုပ်ရှင်လေးမို့ ကြည့်မကောင်းမှာတော့မပူရပါဘူးဇာတ်လမ်းအကြောင်းအရာကဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ်စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ...
movie

Danny Collins (2015)

Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Message from the King (2016)

Dark Skies (2013) 6.3
Dark Skies (2013) Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie

Dark Skies (2013)

2013