Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Palin
6.0
Absolutely Anything (2015)
ဒီဇာတ်ကားကိုတော်တော်များများ TikTok တွေ Reels တွေမှာ အတိုလေးတွေအနေနဲ့ တွေ့ဖူးမှာပါ။simon pegg တစ်ယောက်မှန်မှာ ကြည့်ပြီးတော့ ဂွေးကြီးစမ်း ဘော်ဒီကြီးကြီးလာစမ်းဆိုပြီး လက်ကိုဝေ့ဝေ့ပြီး ပြောနေတဲ့ အခန်းကို။ ပြောရရင် တကားလုံးက ဒီလိုသောက်တလွဲတွေနဲ့ ပြည့်နေပြီးတော့ခွီနေအောင်ရယ်ရပါတယ်။ ဒီအတိုတွေထဲမှာ မပါတာကတော့ ဒီဇာတ်လမ်းထဲက မင်းသမီးKate Beckinsale ပါ။ ဗြိတိန်မင်းသမီးပိပိ အင်္ဂလိပ်ဆန်ဆန်လေး မှုန်နေအောင်လှတာပါ။ ကြည့်နေရင်းနဲ့တခြားဘာမှမကြိုက်တောင် ဒီမင်းသမီးကိုတော့ ကြွေသွားမှာ သေချာပါတယ်။ဒီတော့ ဒီ စက္ကန့်သုံးဆယ်စာ အတိုလေးတွေ ကြည့်နေမယ့်အစား ဒီဇာတ်ကားကိုသာအပြည့်ပြေးကြည့်လိုက်ပါ။ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးကနေ ပြင်ပမှာ ဂြိုဟ်သားတွေရှိလားဆိုပြီးတော့ ဆက်သွယ်ဖို့အာကာသယာဉ်မှာ လူတွေအကြောင်းရေးပြီး လွှတ်ပေးလိုက်ပါတယ်၊။ ဒီစာကိုရသွားတဲ့ ဂြိုဟ်သားတွေက လူသားတွေက စကြဝဠာ ထဲမှာ ဆက်ရှိနေသင့်တဲ့ မျိုးစိတ်လားကို စမ်းသပ်ဖို့ ကမ္ဘာပေါ်ကလူတစ်ယောက်ကို လိုတရ တဲ့ အစွမ်းပေးလိုက်ပါတယ်။ ဒီအစွမ်းနဲ့ နေးလ်တစ်ယောက်က သူ့အခန်းရှေ့က မိန်းမချောလေး ကတ်သရင်းအချစ်ကို ...
movie
Absolutely Anything (2015)
7.1
Arthur Christmas (2011)
Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ဘီလီယံကို သယ်ပို့ပေးရမှာဆိုပါတော့။ ဒီလိုနဲ့ သယ်ပို့ ရေးလုပ်နေစဉ်မှာ မမျှော်လင့်တဲ့ အကြောင်းတစ်ခုကြောင့် လက်ဆောင်လေးတစ်ခုက ကျန်ခဲ့ပါတယ် အဲ့လက်ဆောင်လေးကို ...
movie
Arthur Christmas (2011)
2011
7.3
The Death of Stalin (2017)
The Death of Stalin (2017)***************************IMDb....7.3,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်... လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ.. သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်.... ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆု ရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကို ရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : 2.18GB/ 840MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Death of Stalin (2017)
8.2
Monty Python and the Holy Grail (1975)
Monty Python ဆိုတာကတော့ ဗြိတိန်က ဟာသအဖွဲ့ တစ်ခုပဲဖြစ်ပါတယ်။ ဒီမှာ လူသိနည်းပေမယ့် Monty Python ဟာ တော်တော်လေးကို လွှမ်းမိုးမှုကြီးတဲ့ အဖွဲ့တစ်ခုဖြစ်ခဲ့တာပါ။ဒီဇာတ်ကားကလည်း Monty Python တို့ရဲ့ ထုံးစုံအတိုင်း သရော်ထားတဲ့နေရာမှာ တဘက်ကမ်းခပ်ပါပဲ။ နိုင်ငံရေးတွေ ဘာသာရေးတွေပါ မချန် အကုန်ထည့်ပြီး လှော်ထားတာပါ။ ထွက်ထားတာကြာပြီဆိုပေမယ့် သူတို့ရဲ့သရော်လုံးတွေက ထိမိနေတုန်းပါပဲ။မသေခင် ကြည့်သွားသင့်တဲ့ ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ဘုရင် အာသာ ဆိုတာကိုတော့ တော်တော်များများသိကြလိမ့်မယ်ထင်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကကျောရိုးကတော့ ဘုရင်အာသာရဲ့ ဇာတ်လမ်းကို လှောင်ထားတာပါပဲ။ ဒီဇာတ်ကားမှာတော့ ဘုရင်အာသာ သူရဲကောင်းတွေလိုက်စုတဲ့အချိန်ကနေစပြီး ရိုက်ပြထားပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်က အာသာတို့အုပ်စုကို ဘုရားသခင်ရဲ့သောက်တော်ခွက်ကို ရှာဖို့ တာဝန်ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သောက်တော်ခွက်ရှာရာ လမ်းတစ်လျှောက်မှာ အလွဲပေါင်းများစွာနဲ့ ပေါက်ကရတွေဖြစ်ကြတာကို ကြည့်ရှုရမှာပါ။Fun fact တစ်ခုအနေနဲ့ပြောခဲ့ချင်တာကတော့ ဒီဇာတ်ကားထဲမှာ မြင်းတွေမပါရတဲ့အကြောင်းအရင်းက ပိုက်ဆံမရှိလို့ပါတဲ့ခင်ဗျာ။ File size…(2 ...
movie
Monty Python and the Holy Grail (1975)
7.5
A Fish Called Wanda (1988)
ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကိုလေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်ကအဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့သူကဉာဏ်နီဉာဏ်နက်များတယ်။တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး... သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကိုအရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 2.9 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie
A Fish Called Wanda (1988)
1988
8.1
Life of Brian (1979) Monty Python’s Life of Brian
IMDb Rating (8.1) / Rotten Tomatoes (95%)ဒီဇာတ်ကားကတော့ မကြည့်ဖူးရင်တောင် Memes တွေမှာ မြင်နေကျမို့ ရင်းနှီးနေမှာပါ...တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့်ဇာတ်ကားပါ...ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့ဗြိတိန်ဟာသအဖွဲ့ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ...ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီးထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် ..ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ပြီးအဲ့အဖွဲ့ရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပါတော့တယ်...အဲ့အဖွဲ့က အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ ...သူတို့ဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲအစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ..ဝမ်းနည်းကြောင်းတွေ စာထုတ်နေတဲ့ UN လိုအဖွဲ့မျိုးပါ ..၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိုင်းတွေနဲ့ကမ္ဘာကြီးအတွက်အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။ File size…(1.5 GB)/ (900 MB) Quality…BluRay 1080p /720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie
Life of Brian (1979) Monty Python’s Life of Brian