Channel Myanmar

Michael Keaton

Desperate Measures (1998) 6.1
Desperate Measures (1998)    Desperate Measures (1998)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ action ဇာတ်ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Michael Keaton နဲ့ Andy Garcia တို့အဓိကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ ဖရန့်ကော်နာဟာရဲတပ်သားတစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သားလေးကသွေးကင်ဆာရောဂါခံစားနေရပါတယ်။ရိုးတွင်ခြင်ဆီအစားထိုးနိုင်မှအသက်ရှင်သန်ခွင့်ရမှာပါ...ဒီတော့ဖရန့်ကော်နာကရိုးတွင်ခြင်ဆီအစားထိုးဖို့သင့်တော်တဲ့သူကိုလိုက်ရှာရင်းနဲ့ တစ်ယောက်ထဲသောသင့်တော်တဲ့သူကိုတွေ့သွားပါတယ်။သူကတော့ပီတာမက်ကိပ်ဆိုတဲ့ထောင်သားပဲဖြစ်ပါတယ်။ပီတာမက်ကိပ်ကလူသတ်မှုနဲ့ထောင်ကျထားတာဖြစ်ပြီးထောင်ထဲမှာပါလူထပ်သတ်လို့သီးသန့်ခွဲထားရသူပါ။ဒီတော့ဖရန့်ကော်နာရဲ့သားလေးကိုပီတာမက်ကိပ်ကခြင်ဆီလှူဒါန်းပေးမလား...ဘယ်လိုတွေဉာဏ်နီဉာဏ်နက်ထုတ်မလဲဆိုတာဆက်လက်ရှုစားပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.6 GB) / (1.1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Action, Crime, Drama, Thriller Duration…. 01:41:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie

Desperate Measures (1998)

1998
Jack Frost (1998) 5.5
Jack Frost (1998) Jack Frost (1998)IMDb Rating (5.5) ဟိုး... 1998 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jack Frost ဆိုတဲ့ မိသားစုဒရာမာကားလေးအကြောင်း ပြောပြမယ်နော်။ဒီဇာတ်ကားက နွေးထွေးတဲ့ မိသားစုအချစ်အကြောင်းနဲ့ ခရစ္စမတ်ရဲ့ မှော်ဆန်တဲ့ခံစားချက်ကို ရောစပ်ထားတဲ့ ကားလေးပါ။နည်းနည်းတော့ ရင်ထဲထိမယ် ဒါပေမယ့် ရယ်လည်းရယ်ရတယ် ကလေးတွေရော လူကြီးတွေရော ကြည့်လို့အဆင်ပြေတဲ့ ဇာတ်လမ်းမျိုးပေါ့။ဇာတ်လမ်းက ဂျက် ဖရော့စ် (မိုက်ကယ် ကီတန်) ဆိုတဲ့ ဂီတသမားတစ်ယောက်အကြောင်းပါ။ ဂျက်က သူ့ရဲ့ ဂီတအဖွဲ့နဲ့ နာမည်ကြီးဖို့ အမြဲအိပ်မက်မက်နေတဲ့သူ။ဒါပေမယ့် သူ့ရဲ့ အိပ်မက်တွေနဲ့ တစ်ခါတလေ သူ့မိသားစုကို မေ့သွားတယ်။ သူ့မှာ ချစ်စရာဇနီးလေး ဂါဘီ နဲ့ သားလေး ချာလီ ရှိတယ်။ဂျက်က ချာလီကို အရမ်းချစ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် သားဖြစ်သူနဲ့ အချိန်မပေးနိုင်ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံဆိုးစွာနဲ့ ဂျက်တစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားပါလေရော။ဒါပေမယ့် ...
movie

Jack Frost (1998)

1998
Need for Speed (2014) 6.4
Need for Speed (2014) Need For Speed (2014)IMDb - 6.4ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ပြိုင်ကားချစ်သူတို့အကြိုက်တွေ့စေမဲ့ Need for Speed (2014) ဟာ အမေရိကန် လူငယ်အက်ရှင်-ဒရာမာ ဇာတ်ကားဖြစ်ပြီး Need for speed ဗီဒီယိုဂိမ်းတွေကိုအခြေခံရိုက်ကူးထားပါတယ်။အမေရိကန်ရဲ့ နာမည်ကြီးပေ့ဆိုတဲ့ ကားအကောင်းစားတွေကိုမှ CGI နည်းနည်းပဲသုံးထားပြီး တကယ့်ကားစတန့်ပြကွက်တွေ ထည့်သွင်းရိုက်ကူးထားတာကြောင့် Golden Trailer Awards (2014), World Stunt Awards (2015), Teen Choice Awards (2014), BMI Film & TV Awards စတဲ့ဆုတံဆိပ်ပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ နာမည်ကျော် Breaking Bad ထဲမှမင်းသား Aaron Paul က Tobey Marshall အဖြစ်လည်းကောင်း၊ Captain America ထဲကမင်းသား Dominic Cooper က ...
movie

Need for Speed (2014)

Goodrich (2024)
Goodrich (2024) IMDb – 6.3/10RT – 78% (6.2/10)ဇာတ်လမ်းအကျဉ်းအန်ဒီဂွတ်ရစ်ချ် (Michael Keaton) ဟာ ပန်းချီပြခန်းလေးတစ်ခုကို ဦးစီးနေတဲ့ အလုပ်စွဲနေသူတစ်ဦးဖြစ်ပါတယ်။မိသားစုကိုလဲ ဂရုမစိုက်သလို အငြင်းလဲ အင်မတန်သန်သူဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ ပထမအိမ်ထောင်နဲ့ကွဲကွာခဲ့ရပြီး ဒုတိယလက်ရှိအိမ်ထောင်နဲ့လဲ အဆင်မပြေလှပါ။ တစ်ညမှာတော့ လက်ရှိဇနီးက ဆေးဖြတ်စခန်း (ရုပ်ရှင်ထဲကအသုံးအနှုန်းကတော့ ပြန်လည်ထူထောင်ရေးစခန်း)ကနေ ဖုန်းလှမ်းဆက်ပြီး ရက်ပေါင်း ၉၀ စခန်းဝင်မယ့်အကြောင်းကို ပြောပြချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ စလုပ်ရပါတော့တယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နဂိုကတည်းက ယိုင်နဲ့နေတဲ့ ပန်းချီပြခန်းကလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။လက်ရှိအိမ်ထောင်နဲ့မွေးထားတဲ့ အမွှာနှစ်ယောက်ကို ကြည့်ပေးဖို့ ပထမအိမ်ထောင်နဲ့ရထားတဲ့ လက်ရှိကိုယ်ဝန်ဆောင်နေတဲ့သမီး ဂ‌ရေ့စ် (Mila Kunis) ကို အကူအညီတောင်းရပါတော့တယ်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကြီး အန်ဒီတစ်ယောက် သမီးဂ‌ရေ့စ် တစ်သက်လုံးမရဘူးတဲ့ အဖေအဖြစ် ပြောင်းလဲသွားနိုင်မလား ၊ ပန်းချီပြခန်းလုပ်ငန်းလေးကို အသက်ပြန်ဆက်နိုင်မလား၊ ဆေးစွဲနေတဲ့ ဇနီးကကော အိမ်ပြန်လာပါ့မလားဆိုတာတွေကို ...
movie

Goodrich (2024)

Dumbo (2019) 6.6
Dumbo (2019) 90's born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ ့ Disney's Dumbo ကိုအခြေခံပြီးယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ ့အောင်မြင်မှုတွေရယူခဲ့ပြီးယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီးLive Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက်US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို ့လည်းသိရပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီးဇာတ်လမ်းကြာချိန်ကတော့ 112 ...
movie

Dumbo (2019)

2019
4K HEVC
Jackie Brown (1997) 7.5
Jackie Brown (1997) Jackie Brown(1997)IMDb Rating (7.5)/ Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ (၃) ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။Robert De Niro , Samuel L. Jackson , Michael Keaton , Robert Forster , Pam Grier , Bridget Fonda တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့မလို့ အမိုက်စားရုပ်ရှင်လဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ သန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီခွဲပြီး မက္ကဆီကိုကနေ မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …... သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက် ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေပါတယ်...သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမားဟာ အနည်းဆုံး လူဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇက်ရဲ သတ်ဖြတ်တတ်သူပါ … ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် ...
movie

Jackie Brown (1997)

1997
4K HEVC
First Daughter (2004)
First Daughter (2004) ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie

First Daughter (2004)

Knox Goes Away (2024)
Knox Goes Away (2024)  Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.3 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Knox Goes Away (2024)

Toy Story 3 (2010) 8.3
Toy Story 3 (2010) ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့ Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင် မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေး ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ် ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး ထဲကို ရောက်သွားခဲ့ပါတယ်။ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေက အမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့် ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့ မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့ အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့ လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…5.5GB/ 2.4GB / 1.22GB Quality…4k HEVC / ...
movie

Toy Story 3 (2010)

2010
4K HEVC
Penthouse North (2013) 5.5
Penthouse North (2013)  ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီးသူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်းမကြိုက်တတ်ပါဘူး။ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာသောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်းအိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကိုသိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း ......သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ .......လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေကဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ .....သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား ......ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား .....ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Penthouse North (2013)

White Noise (2005) 5.5
White Noise (2005)  ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

White Noise (2005)

Worth (2020) 6.8
Worth (2020) Worth (2020)~ IMDb - 6.8/10, Rotten Tomatoes - 82% ~အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ​ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။~ ဇာတ်လမ်းအကျဉ်း ~ကန်တစ်​ယောက် နိုင်ငံ​ရဲ့ ထိပ်သီး ဥပ​ဒေလုပ်ငန်း​တစ်ခုကို ဦး​ဆောင်​​နေရင်း တစ်​​နေ့ 9/11 ဖြစ်စဥ်​ကြောင့် ​လူအမြောက်အများ​သေဆုံးမှုတစ်ခုဖြစ်​​ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူ​တွေ ​လေ​ကြောင်းလိုင်း​တွေကို တရားမစွဲ​ရေး လုပ်​ဆောင်ဖို့ ​လျော်​ကြေးကိစ္စတစ်ခုနဲ့ ​ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို​ အောင်‌အောင်မြင်မြင် အ​ကောင်အထည်​ဖော်ဖို့ ​ကန်တစ်​ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။လူတစ်​ယောက်ရဲ့ အသက်တန်ဖိုးကို​ငွေပမာဏဘယ်​လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။တစ်​ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်း​နေတာ​တွေကို ​ထောက်ပြဖို့ ချားစ်ဦး​ဆောင်တဲ့ အဖွဲ့​​ပေါ်​ပေါက်လာပြီး ...
movie

Worth (2020)

2020
The Flash (2023) 7.4
The Flash (2023) The Flash (2023) =============ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ...
movie

The Flash (2023)

2023
4K HEVC
Morbius (2022) 5.1
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie

Morbius (2022)

2022
4K HEVC Web-DL
Inventing the Abbotts (1997) 6.4
Inventing the Abbotts (1997) Inventing the Abbotts (1997)Joker ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Joaqin Phoenix နဲ့ LoTR ထဲက Liv Tyler တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Jennifer Connelly နဲ့ Billy Crudup စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားကြပါတယ်...ခုလို မိုးအကုန်ကာလမှာ စောင်လေးခြုံပြီး ကော်ဖီလေးတစ်ခွက်နဲ့ စီးကရက်လေးခဲပြီး ဆွေးချင်ရင်တော့ ဒီကားလေးက အဖော်ပြုပေးမှာပါ...မိသားစုနှစ်ခုရဲ့ ပြဿနာတွေ..ချမ်းသာတဲ့ မိသားစုရဲ့ လူတန်းစားခွဲခြားမှုတွေ..စတဲ့ မတူညီမှုတွေ ကြားထဲမှာ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါပဲလားလို့ ခံစားမိစေမယ့် ဇာတ်ကားလေးဖြစ်မယ်ဆိုတာ ပြောကြားလိုက်ရင်း...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Additional hintsSize - 1.6GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - ...
movie

Inventing the Abbotts (1997)

1997
The Protégé (2021) The Protege 6.6
The Protégé (2021) The Protege IMDb Rating (6.6) / Rotten Tomatoes (60%)နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q.. မားသားဖက်ခါကြီး Samuel L. Jackson နဲ့ မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​ ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ်။ကြေးစားလူသတ်သမား မူဒီဟာ ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို ​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ... အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်... တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်... ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ... နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ...။မင်းသမီးလည်းမိုက် မင်းသားတွေကလည်း ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့ ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့ အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Pyi T Nyein နဲ့ Chit Tee တို့မှ တင်ဆက်ထားပါတယ်။)File size…(1.8 GB) / (1 GB) / (500 MB)Quality…WEB-DL 1080p / 720p ...
movie

The Protégé (2021) The Protege