Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Kaufman
7.5
National Lampoon’s Christmas Vacation (1989)
မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကိုပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။လက်ဆောင်တွေ ဖလှယ်ကြတယ်။ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသောအခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကိုတလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစုအဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက်ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကိုယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းကထွက်ရှိခဲ့တဲ့ “National Lampoon's ChristmasVacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… ...
movie
National Lampoon’s Christmas Vacation (1989)
6.2
Dick (1999)
IMDb Rating (6.2) / Rotten Tomatoes (72%)ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara ...
movie
Dick (1999)
7.4
Good Time (2017)
Good Time (2017) IMDb - 7.4/10_____Rotten - 92% Rating 7.4 ထိရထားတဲ့ Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။ (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (852 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Thanhtike Zaw
movie
Good Time (2017)
2017