Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Harding
5.1
Accidental Love (2015)
Accidental Love (2015) ***********************မင်းသမီးချော Jessica Biel နဲ့မင်းသား Jake Gyllenhaal တို့ ပါဝင် သရုပ်ဆောင် ထားတဲ့ Accidental Love ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရေးလောက၊ မူဝါဒတွေနဲ့ လွှတ်တော်ကို သရော်ထားတဲ့ ဟာသအချစ်ကားဖြစ်ပါတယ်။ချစ်သူက လက်ထပ်ခွင့်တောင်းတဲ့နေ့မှာ မတော်တဆဖြစ်ပြီး ခေါင်းထဲမှာ သံစိုက်ဝင်သွားတဲ့ စားပွဲထိုးမလေးအဲလစ္စဟာ ကျန်းမာရေးအာမခံမရှိတာကြောင့် ခွဲစိတ်ကုသခွင့် မရခဲ့ပါဘူး။ချစ်သူက ပစ်တာလည်းခံလိုက်ရတဲ့ အဲလစ္စတစ်ယောက် ဝါရှင်တန်ကိုသွားပြီး လူထုကိုကူညီဖို့ အဆင်သင့်ပါလို့ကြေညာထားတဲ့အမတ် ဟောင်းဝပ်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကိုယ်တိုင်ခွဲစိတ်မှုခံယူရဖို့ကြိုးစားရင်း အာမခံမရှိလို့ အရေးပေါ်ခွဲစိတ်မှုတွေ မလုပ်နိုင်တဲ့ လူပေါင်းများစွာရှိနေသေးတာကို သိခဲ့ရတာကြောင့် ကျန်းမာရေးဉပဒေသစ်ကို လွှတ်တော်က ပြဌာန်းပေးအောင် အဲလစ္စတစ်ယောက် ဟောင်းဝပ်နဲ့ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။လွှတ်တော်ရဲ့အထင်ကရအမတ်တစ်ဦးဖြစ်တဲ့ ပမ်ဟင်နရီကတော့ အဲလစ္စရဲ့ကျန်းမာရေးဥပဒေဟာ နိုင်ငံတော်အတွက် အများကြီးကုန်ကျစေပြီး အခွန်တွေ တိုးကောက်ရလိမ့်မယ်လို့ဆိုရင်း လပေါ်မှာ အမေရိကန်စစ်ခြေစိုက်စခန်း တည်ဆောက်ဖို့ကသာ ပိုအရေးကြီးတယ်လို့ အမတ်တွေကို စည်းရုံးထားခဲ့ပါတယ်။နိုင်ငံရေးလောကကို ဘုမသိဘမသိရောက်လာတဲ့အဲလစ္စနဲ့ နိုင်ငံရေးလောကကို ကြီးစိုးထားတဲ့ ပမ်ဟင်နရီတို့ကြား အမျိုးအမျိုးရင်ဆိုင်တိုက်ခိုက်ကြပုံကို ဟာသဖြစ်အောင် ရိုက်ကူး ပြသထားတာဖြစ်သလို ပြင်ပအမေရိကန်နိုင်ငံရေးလောကကိုပါ ထိထိရောက်ရောက် သရော်လှောင်ပြောင်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းကို JULY ...
movie
Accidental Love (2015)
6.9
The Dangerous Lives of Altar Boys (2002)
The Dangerous Lives of Altar Boys (2002)IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသား၊ မင်းသမီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ဇာတ်ကားကြည့်ရင်း ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.7 GB) ...
movie
The Dangerous Lives of Altar Boys (2002)
2002
Greedy People (2024)
ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ ........လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.6 GB)/(854 MB) Quality….Webrip 1080p / ...
movie
Greedy People (2024)
6.9
Radio (2003)
ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Radio (2003)
7.2
Secretariat (2010)
တစ်ချိန်က ပြိုင်မြင်းလောကရဲ့ အမြန်ဆုံးမြင်းဖြစ်ခဲ့တဲ့စက်ကပ်ထရီးရက် 25 နှစ်ကြာစံချိန်ကိုချိုးဖျက်ပြီးတော့triple crownကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်မြင်းကြီး ဘစ်ရက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ biography sport dramaကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။မြင်းပြိုင်ပွဲ ခေတ်စားတဲ့နိုင်ငံတွေမှာတော့ Secretriatကိုမသိသူမရှိကြပေမဲ့ ဒီမှာလည်း ပြိုင်မြင်းအကြောင်း စိတ်ဝင်စားသူတွေရှိရင်တော့ ကြည့်ဖူးထားသင့်တဲ့ရုပ်ရှင်လေးပါပဲ။ဒန်ဗာမှာ အိမ်ရှင်မလုပ်နေတဲ့ ပန်နီချနရီတစ်ယောက် အမေဆုံးသွားတဲ့အကြောင်း ကြားလိုက်ရချိန်မှာတော့ ရုတ်တရက် သူ့ရဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာပါတယ်။ အဲဒီမှာပဲ အဖေလည်းသတိမေ့ရောဂါအခြေအနေဆိုးနေပြီ မိသားစုလုပ်ငန်းဖြစ်တဲ့မြင်းမွေးခြံလုပ်ငန်းကြီးကလည်း အုပ်ထိန်းသူမရှိတော့ ဖရိုဖရဲပေါ့။ဒီလို အမျိုးသားတွေကြီးစိုးတဲ့ ပြိုင်မြင်းလောကထဲကို မိဘအမွေမို့ထိန်းဖို့ ဖြစ်လာတဲ့ လူသစ်အမျိုးသမီးပန်နီချနရီ၊ လူတွေရဲ့ အထင်သေးမှု လှောင်ပြောင်မှုတွေကြားက သူယုံကြည်ရတဲ့ မြင်းမွေးခြံကလူတွေနဲ့ သူရွေးချယ်ထားတဲ့ သူ့ကိုသိပ်ချစ်တဲ့ မြင်းနီကြီး Secretriatနဲ့အတူ ယောက်ျားကအစ အစ်ကိုအဆုံး တစ်လောကလုံးနဲ့ ဘယ်လိုဆန့်ကျင်ရင်း triple crownဆုကို ဘယ်လိုယူပြမလဲဆိုတာရှုစားကြရအောင်ပါ။ File size…2.22GB / 1.1GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 3m Genre ….. ...
movie
Secretariat (2010)
Cabin Fever (2002)
ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ်ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။ သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File size…(1.8 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Cabin Fever (2002)
7.6
The Devil All the Time 2020
ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie
The Devil All the Time 2020
7.5
Just Mercy (2019)
unicodeဖစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားသစ်လေးပါ။နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ Michael B. Jordan နဲ့Jamie Foxx တို့ သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟားဗတ်ကနေ Law နဲ့ ဘွဲ့ရလာတဲ့Bryan Stevenson က South Center မှာလူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်အနေနဲ့အလုပ်သင်ဝင်လုပ်ပြီးနောက်မှာ သူ့ရဲ့ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။နောက်တော့ သူက Alabama မှာ အကျဉ်းသားတွေရဲ့အခွင့်အရေးအတွက် တိုက်ခိုက်ပေးဖို့Equal Justice Initiative (EJI) ကို တည်ထောင်ခဲ့တယ်။ဒေသခံ Eva Ansley ရဲ့အကူအညီနဲ့သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေရဲ့အမှုကို စတင်ပြီး ကိုင်တွယ်တော့တယ်။အဲဒီမှာ လူသတ်မှုကြီးတစ်ခုအတွက် မှားယွင်းစွာစွပ်စွဲခံထားရတဲ့Johnny D နဲ့ စပြီး ဆုံကြတော့တယ်။ဒီဇာတ်ကားလေးထဲမှာ စနစ်အတွင်း အကျင့်ပျက်ချစားမှု၊အပြစ်မဲ့တဲ့အကျဉ်းသားတွေအတွက် Stevenson တစ်ယောက်ဘယ်လိုကြိုးပမ်းမလဲဆိုတာတွေ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။File Size : ( 1 GB , 401 MB) Quality ...
movie
Just Mercy (2019)