Channel Myanmar

Michael Gladis

K-19: The Widowmaker (2002) 6.7
K-19: The Widowmaker (2002) K-19: The Widowmaker (2002)IMDb Rating (6.7)ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ...
movie

K-19: The Widowmaker (2002)

2002
4K HEVC
Not Safe for Work (2014) 5.8
Not Safe for Work (2014) ဂျွန်ဖာဂူဆန်ဟာ ဒန်နင်းဆိုတဲ့ ထိပ်သီးဆေးကုမ္ပဏီကြီးတစ်ခုရဲ့မသမာမှုတွေကိုဖွင့်ချခဲ့သူဖြစ်ပြီး ကုမ္ပဏီအပေါ် ထိရောက်တဲ့အရေးယူမှုတွေရှိမလာတာကြောင့် အလုပ်အမှုဆောင်တစ်ချို့ကိုပစ်သတ်ပြီး သူ့ကိုယ်သူပါ သေကြောင်းကြံသွားခဲ့ပါတယ်။ တွမ်မီလာဆိုတာကတော့ တရားရေးလက်ထောက်တစ်ယောက်ဖြစ်ပြီး ဒန်နင်းအမှုကို ကိုင်တွယ်နေတဲ့ Law Firm တစ်ခုမှာအလုပ်လုပ်နေပါတယ်။တစ်ညနေမှာတော့ အလုပ်ကအပြန်မသင်္ကာစရာပုဂ္ဂိုလ်တစ်ချို့ကို တွေ့လို့ရုံးခန်းပေါ်ပြန်အတက်မှာ လူသတ်သမားတစ်ယောက်ဟာ သူတို့ရုံးခန်းထဲမှာအလုပ်ချိန်ကျော်လွန်ပြီး ကျန်နေသေးတဲ့ လူတွေကိုလုပ်ကြံသတ်ဖြတ်နေကြောင်းသိလိုက်ရပါတော့တယ်။ လူသတ်သမားဟာ အချိန်ပိုဆင်းတဲ့လူတွေကိုကြည့်မရတာကြောင့်လား? ဘယ်သူတွေနဲ့ရန်ညှိုးရန်စရှိနေမလဲ? ဒါမှမဟုတ် နူတ်ပိတ်သတ်ဖြတ်မှုတစ်ခုခုလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရမယ့် thriller ကားတစ်ကားဖြစ်ပါတယ်။File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Not Safe for Work (2014)

Terminator Genisys (2015) 6.3
Terminator Genisys (2015) ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie

Terminator Genisys (2015)

2015
The Mental State (2022) 6.1
The Mental State (2022) 2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်.....လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ...Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး....Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(783 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

The Mental State (2022)

Knights of Badassdom (2013) 5.6
Knights of Badassdom (2013)  မှော်ဇာတ်လမ်းကောင်းတွေကြိုက်တတ်လား။ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရတဲ့ဇာတ်ကားမျိုးကြိုက်တတ်လား။အချစ်‌တွေ၊အမုန်းတွေနဲ့၀မ်းနည်း၀မ်းသာဖြစ်ချင်ပါသလား။အားလုံးချစ်တဲ့ မင်းသားကြီး Peter Dinklage ပါ၀င်တဲ့Knights of Badassdom လာပါပြီ။ ဂျိုး၊ အဲရစ် နဲ့ ဟန်း တို့ဟာ အတူတူနေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ အဲရစ်နဲ့ဟန်းဟာ ဂန္ဓ၀င်စာအုပ်တွေ၊ ဂိမ်းတွေ၊ ကစားစရာတွေကို အင်မတန်မှသဘောကျကြပြီး ဂျိုးကတော့ ရည်းစားနဲ့ဂီတ သူ့ဘ၀ပါ။ အချစ်နဲ့တည်ဆောက်ထားတဲ့ ဂျိုးရဲ့ဘ၀လေး... တစ်ရက်မှာ ချစ်သူကလမ်းခွဲသွားတဲ့အခါ အရိုးများထိအောင်ရူးပါတော့တယ်။ဒီတော့ မကြည့်ရက်နိုင်လွန်းတဲ့ သူငယ်ချင်းတွေက စိတ်ပြေလက်ပျောက် ဆေးတစ်ပေါက်တိုက်လိုက်ပြီး ဂျိုးခံစားရတာတွေသက်သာအောင် ကူညီပါတော့တယ်။ သူငယ်ချင်းဆိုတဲ့အတိုင်း သွေးရိုးသားရိုးတော့မဟုတ်ပါဘူး။ ဂျိုးပြန်နိုးလာတဲ့အချိန်မှာ အဲရစ်နဲ့ဟန်းတို့ ပိတ်ရက်တိုင်းလာကစားနေကျစစ်မြေပြင်ဂိမ်းတစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ ဂျိုးလည်းချော်လဲရောထိုင်ရင်း ကစားပွဲထဲပါပြီးတဲ့နောက်မှာတော့အဆန်းထွင်လွန်းတဲ့ အဲရစ်ဟာ ဘယ်ကမှန်းမသိတဲ့မှော်စာအုပ်ကြီးထုတ်ပြီး ရွတ်ပါတော့တယ်။ သူဖတ်လိုက်တဲ့စာအုပ်ဟာ‌ကစားစရာသက်သက်မဟုတ်ဘဲ နတ်ဆိုးတွေကိုဆင့်ခေါ်တဲ့စာအုပ်ဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ဟာ နတ်ဆိုးကိုဆင့်ခေါ်မိခဲ့ကြပြီး အားလပ်ရက်မှာလာပျော်ကြတဲ့လူတစ်စု တကယ့်နတ်ဆိုးနဲ့ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေများစွန့်စားနှိမ်နှင်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။  File size…1.73GB  / 751MB Quality…Blu-Ray 1080p 5.1CH / ...
movie

Knights of Badassdom (2013)

Devil’s Knot (2013) 6.1
Devil’s Knot (2013) Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ‌ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…  1.58 GB /  768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Devil’s Knot (2013)

2013
Without Ward (2022) 5.2
Without Ward (2022) Without Ward (2022) ဇာတ်လမ်းအညွှန်းSci-Fi romantic ဇာတ်ကား အမျိုးအစားလေးတစ်ခုပါ။ အင်မတန်တော်တဲ့ တီထွင်သူ ဝေါ့ဒ်ဟာ လူတွေ ဟေ့စ်လို့ခေါ်တဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနိုင်ဖို့အတွက် ဆေးတစ်ခု တီထွင်ခဲ့တယ်။ ကမ္ဘာ့အချမ်းသာ‌ဆုံး ပုဂ္ဂိုလ်တွေကစလို့ ငွေကြေးတတ်နိုင်သူတွေဟာ စည်းစိမ်တွေပုံအောပြီး အဲ့ဆေးကို သုံးခဲ့ကြတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ကမ္ဘာ့လူဦးရေ ၅၀% ‌လောက်ဟာ အဲ့ဆေးကို သုံးပြီး ဟေ့စ်ထဲမှာပဲ ရှင်သန်ကြတော့တယ်။ အက်စကွိုင်ရာလို့ခေါ်တဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ ရှေ့နေတွေက ဆေးသုံးသူတွေကို စောင့်ရှောက်ပေးဖို့ စာချုပ် မချိုးဖောက်ဖို့ ကြီးကြပ်ပေးရတယ်ပေါ့။တစ်ကမ္ဘာလုံးကို Contractualiam လို့ခေါ်တဲ့ အစိုးရ တစ်ရပ်က ချုပ်ကိုင်ထားတယ်။ တစ်နေ့ ဆေးကို တီထွင်သူ ဝေါ့ဒ်ဟာ ကိုယ့်ကိုယ်ကို သတ်သေလိုက်တယ်။ ဟေ့စ်ထဲမှာပဲ တစ်သက်လုံးနေပြီး မနိုးလာတော့ဘူးလို့ ယုံကြည်ခဲ့တဲ့သူတွေဟာ ဝေါ့ဒ်မရှိလို့ ဆေးပြတ်သွားပြီး လက်တွေ့ဘဝထဲမှာ နိုးလာကြတယ်။တစ်ချို့က ...
movie

Without Ward (2022)