Channel Myanmar

Michael Everson

Lilies Not for Me (2025) 7.1
Lilies Not for Me (2025)  ဒီတစ်ခါမှာတော့ ထူးထူးခြားခြား LGBT ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Lilies Not For Meဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိတောင်ရရှိထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ငြင်းစရာကိုမရှိပါဘူး။သရုပ်ဆောင်တွေအနေနဲ့ကလည်း Lord Of The Ringsထဲက Robert Aramayo တို့ ဒရာမာမင်းသားချောFionn O'Shea တို့အပြင် တခြားသော သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အခုခေတ်မှာတော့လွတ်လပ်ပွင့်လင်းနေပြီဆိုပေမဲ့ အရင်ခေတ်တုန်းက ယောက်ျားချင်းချစ်ကြိုက်တဲ့သူတွေဆိုရင်ရောဂါဖြစ်နေတယ်လို့တောင်သတ်မှတ်တာတွေ ဥပဒေနဲ့ထိန်းချုပ်ထားတာတွေရှိခဲ့ဖူးပါတယ်။ဒီဇာတ်ကားလေးကို အဲ့ဒီအချိန်ကာလအနေနဲ့ရိုက်ကူးထားပြီး အဓိကလိင်တူချစ်သူ ၂ ယောက်ကတော့အိုဝင်နဲ့ဖီးလစ်တို့နှစ်ယောက်ဖြစ်ပြီး အိုဝင်က စာရေးဆရာ ဖီးလစ်ကဆရာဝန်ဖြစ်ပါတယ်။သူတို့နှစ်ယောက်က ဝေးကွာနေခဲ့တာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ဖီးလစ်ကအိုဝင့်ဆီကို ကိစ္စတစ်ခုနဲ့ပြန်လာခဲ့ပါတော့တယ်။အဲ့ဒီကိစ္စကတော့ သူ့ဆီမှာလိင်တူစိတ်ဝင်စားမှုကို ကုသနိုင်တဲ့လုပ်ထုံးရှိပြီး သူတို့နှစ်ယောက်လုံး အဲ့ဒါကိုအတူတူလုပ်ကြဖို့ တိုက်တွန်းတာပါပဲ။အိုဝင်က စစချင်းမှာတော့တုံ့ဆိုင်းနေခဲ့ပေမဲ့ ဖီးလစ်အဲ့ဒါကိုလုပ်ပြီး ဖြစ်လာတဲ့ရလာဒ်အပေါ်မှာမူတည်ကာ မီးစင်ကြည့်ကသွားမှာဖြစ်တဲ့အတွက် ဒါကြီးကအောင်မြင်သွားပါ့မလား ဒါမျိုးတွေဆိုတာကရော တကယ်ရှိရဲ့လားလိင်တူစိတ်ဝင်စားတယ်ဆိုတာကရော ရောဂါတစ်ခုလားဆိုတာတွေကိုရှုစားရမဲ့ စိတ်ဝင်စားစရာ LGBT ဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။  File size… ...
movie

Lilies Not for Me (2025)

My Spy the Eternal City (2024)
My Spy the Eternal City (2024)  IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie

My Spy the Eternal City (2024)

Action Point (2018) 4.9
Action Point (2018) ဒီတစ်ခေါက်မှာလဲ CM Fan တွေကို ဟာသ ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် တစ်ကားလုံး ရယ်နေရလို့စိတ်ညစ်တာတွေတောင် ပျောက်သွားပါလိမ့်မယ်တစ်ခုရှိတာတော့ ညစ်ညမ်းအပြုအမှု နဲ့ ညစ်ညမ်းစကားလေးတွေအနည်းငယ်ပါတာကြောင့် မိသားစု နဲ့ ကြည့်ရင်တော့ သိပ်ပြီးအဆင်ပြေမယ် မထင်ပါဘူး ဒါလေး တစ်ခုပါပဲဇတ်လမ်း ပုံစံကတော့ဒီစီ ဆိုတဲ့ လူဟာ သူ့ ဘဝ ကြီးလို့ သက်မှတ်ထားတဲ့ကစားကွင်းကြီး တစ်ခု ပိုင်ပါတယ် ကစားကွင်းလို့သာပြောရတာ ကစားစရာ ပစ္စည်းက မစုံလင် ဘာမှ မခိုင်ခံညစ်ပတ်စုတ်ပြတ်နေတဲ့ ကွင်းလေး တစ်ခုထဲမှာအဖြစ်သဘော လုပ်ထားတဲ့ ကစားကွင်းတစ်ခုဖြစ်ပြီးဘာမှ အထိန်းမကွပ်မရှိ လုပ်ချင်ရာလုပ်နေတဲ့ သူဖြစ်ပါတယ်တစ်ရက်မှာတော့ ကွာရှင်းထားတဲ့ ဒီစီ မိန်းမဆီကနေသမီးလေး ဖြစ်သူ ဘိုဂီ လာလည်ပါတယ်ဘိုဂီ လာလည်တုန်း တစ်ခဏ ဒီကစားကွင်းကိုအောင်မြင်အောင် လုပ်ဖို့ကြံရွယ်ရင်းဘဏ်က အကြွေးတွေလဲ ဆပ်ချင်နေတဲ့ဒီစီ တစ်ယောက် ဘယ်လို ပေါက်တက်ကရတွေလုပ်ပြီး ကမောက်ကမ တွေ ဖြစ်မယ်ဆိုတာဟား ဖို့ ပြင်ရင်း ကြည့်ရှုလိုက်ရအောင်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Bommy Chan ဖြစ်ပြီး Thit San ...
movie

Action Point (2018)

2018