Channel Myanmar

Michael Douglas

Beyond the Reach (2014) 5.9
Beyond the Reach (2014) Beyond the Reach (2014)************************IMDb... 5.9 မိုဂျာဗီ သဲကန္တာရရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ အမဲလိုက်ဖို့ ထွက်လာတဲ့သူဌေးကြီး (Michael Douglas) နဲ့ လမ်းပြလူငယ် (Jeremy Irvine) တို့မမျှော်လင့်တဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ...ဘယ်သူက တကယ့် သားကောင်ဖြစ်လာမလဲ..ရက်စက်တဲ့ သဲကန္တာရထဲ အသက်ရှင်ဖို့ အခွင့်အရေးက ဘယ်လောက်ထိ နည်းပါးလဲ..သည်းထိတ်ရင်ဖိုနဲ့ အချိန်နဲ့အမျှ ပြိုင်ဆိုင်ရမယ့် ဒီခပ်အေးအေးဇာတ်လမ်းကဇာတ်ကားအဆုံးထိဆွဲခေါ်သွားမယ့် 'Beyond the Reach' ရဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဉ်လေးပါပဲ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ ZWT ပဲ ဖြစ်ပါတယ်။) File Size : 1.54GB/750MB Quality : BluRay 1080p/ 720p Format…mp4 Duration…01:21:55 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ZWT Encoded by Tiff
movie

Beyond the Reach (2014)

Ant-Man (2015) Ant Man 7.2

Ant-Man (2015) Ant Man

2015
4K HEVC
Wonder Boys (2000) 7.2
Wonder Boys (2000)  Wonder Boys (2000)IMDb Rating (7.2) / Rotten Tomatoes (81%) ဒီဇာတ်ကားလေးကတော့ Cast ကမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။အဓိကဇာတ်ဆောင်အနေနဲ့ Spider man မင်းသား Tobey Maguire နဲ့ Ant manသရုပ်ဆောင် Michael Douglas ကသရုပ်ဆောင်ထားပြီး Iron man မင်းသား Robert Downey Juniorကဇာတ်ပို့အနေနဲ့အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ဂရက်ဒီဟာသူ့လူမှုရေးအရှုပ်အရှင်းတွေကြားထဲ ဂျိမ်းစ်လီးရားဆိုတဲ့ တပည့်လေးတစ်ယောက်နဲ့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)File size…(2.2 GB) / (1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:51:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon
movie

Wonder Boys (2000)

2000
Traffic (2000) 7.6
Traffic (2000)  Traffic (2000)IMDb Rating (7.6) / Rotten Tomatoes (93%) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အော်စကာဆု ၄ခုရရှိထားတဲ့ Traffic ဆိုတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မူးယစ်ဆေးဝါးကို မှောင်ခိုရောင်းဝယ်နေကြတဲ့ ကုန်အဖွဲ့ကြီးတွေ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေနဲ့ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ကြိုးစားနေသူတွေကြားက မူးယစ်ဆေးဝါးတိုက်ပွဲကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖမ်းဆီးဖို့ကြိုးစားရင်း အထက်လူကြီးတစ်ဦးရဲ့ တားဆီးမှုကိုခံရပြီးနောက် နောက်ကွယ်ကဖြစ်ရပ်တွေကိုသိရှိသွားတဲ့ မက်ဆီကိုနိုင်ငံမှ ရဲအရာရှိ Javier အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့မှာ ခန့်ထားခံရပြီး မူးယစ်ဆေးဝါးကုန်သွယ်နေတဲ့ ဂိုဏ်းကြီးတွေကို နှိမ်နင်းဖို့ကြိုးစားနေတဲ့ တရားသူကြီး Robert Wakefield ကျောင်းမှာ စာသာမက ဘက်စုံတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပေမယ့် မူးယစ်သားကောင်ဖြစ်နေတဲ့ Caroline မူးယစ်ဆေးဝါးဖြန့်ဖြူးသူအဖြစ် တရားစွဲခံထားရသူ ခင်ပွန်းသည်ကို အမှုမှလွတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ Helena မူးယစ်ဂိုဏ်းကိုတရားဥပဒေအရ အပြစ်ပေးခံရဖို့ကြိုးစားနေရင်း မိတ်ဆွေရဲဘော်ကိုဆုံးရှုံးလိုက်ရတဲ့ အမေရိကန်ရဲအရာရှိ Moty စတဲ့ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ရုန်းကန်မှုတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။မူးယစ်ကုန်သည်ဂိုဏ်းကြီးတွေနဲ့ မူးယစ်ဆေးဝါးကိုတိုက်ထုတ်ဖို့ကြိုးစားနေတဲ့ သူတို့အကြား ...
movie

Traffic (2000)

2000
A Perfect Murder (1998) 6.6
A Perfect Murder (1998) ကျွန်တော်တို့ Iron-man ဇာတ်ကားထဲမှာ Iron-man ရဲ့အတွင်းရေးမှူးကနေ သူ့ရဲ့ဇနီးသည်ဖြစ်လာတဲ့သရုပ်ဆောင်မင်းသမီးချောလေး ဇာတ်ဆောင်မင်းသမီးအဖြစ်က ပါဝင်သရုပ်ဆောင်ထားပြီး၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဆိုတော့ သူ့ရဲ့ငယ်ရွယ်နုပျိုလှပဆဲ ကာလကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အသက်နည်းနည်းကြီးတဲ့ လူချမ်းသာတေလာမှာ အမ်မလီဆိုတဲ့ ဇနီးချောလေးရှိပါတယ်။သူတို့ကြည့်ရတာ အိမ်ထောင်ရေးက အဆင်ပြေတယ်ထင်ရပေမဲ့ လူကုံထံတွေအများစုရဲ့ထုံးစံအတိုင်း အပေါ်ယံမှာပဲ အဆင်ပြေနေတာပါ။တကယ်တမ်းမှာတော့ တစ်ယောက်ကိုတစ်ယောက် နားမလည်မှုတွေနဲ့ရှင်သန်နေခဲ့ကြရင်း အမ်မလီဟာပန်းချီဆရာကောင်လေး ခပ်ငယ်ငယ်တစ်ယောက်နဲ့ နောက်မီးလင်းပါတော့တယ်။အမျိုးသားဖြစ်သူ မစ္စတာတေလာ ဘာမှမသိဘူးအထင်နဲ့ပေါ့။တစ်နေ့မှာ မစ္စတာတေလာဟာ သူ့မိန်းမနဲ့ဖောက်ပြန်တဲ့သူနဲ့တွေ့ပြီး အပေးအယူလုပ်ပါတယ်။ဒေါ်လာ ၅သိန်းပေးမှာပါ။ အဲဒီပိုက်ဆံက သူတို့နဲ့ဝေးဝေးနေဖို့ပေးတာမဟုတ်ဘဲ သူ့မိန်းမကိုသတ်ပေးဖို့ ခိုင်းတဲ့ပိုက်ဆံဖြစ်နေပါတယ်။ဆိုတော့ အစကတည်းက ပိုက်ဆံမက်လို့ ချဉ်းကပ်လာတဲ့သူကရော ငြင်းမှာလား အမ်မလီတစ်ယောက် အသတ်ခံရမှာလားဆိုတာလင်ကြီးနဲ့လင်ငယ်ပေါင်းပြီး အကွက်ချသတ်တာကို စိတ်ဝင်တစား ကြည့်ရမှာပါ။  File Size :  2.12 GB, 963 MB Quality : Blu-Ray 1080p / 720p Running Time : 1hr ...
movie

A Perfect Murder (1998)

Basic Instinct (1992)[18+] 7.0
Basic Instinct (1992)[18+] Basic Instinct (1992)IMDb Rating (7.0)ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်...ခင်ဗျားတို့လဲပါပါလိမ့်မယ်...မပူပါနဲ့...တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် ...
movie

Basic Instinct (1992)[18+]

4K HEVCHDR
Wall Street (1987 ) 7.3
Wall Street (1987 )  IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie

Wall Street (1987 )

The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
The War of the Roses (1989) 6.8
The War of the Roses (1989) The War of the Roses (1989)~ IMDb - 6.8/10, Rotten Tomatoes - 83% ~လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ...
movie

The War of the Roses (1989)

1989
Fatal Attraction (1987)(18+) 6.9
Fatal Attraction (1987)(18+)  IMDb - 6.9 , RT - 74%( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ " အိမ်ထောင် "ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ...
movie

Fatal Attraction (1987)(18+)

Ant-Man and the Wasp: Quantumania (2023) 6.4
Ant-Man and the Wasp: Quantumania (2023) Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie

Ant-Man and the Wasp: Quantumania (2023)

2023
4K HEVC
The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)

Wall Street: Money Never Sleeps(2010) 7.0
Wall Street: Money Never Sleeps(2010) Wall Street: Money Never Sleeps(2010)***********************************Shia LaBeouf နဲ့ Michael Douglas  တို့လို ဆရာကြီးတွေအဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်... ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါ Gordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် ...အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်းဆုံးရှုံးခဲ့ရပါသေးတယ်... အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ... တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် ...ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်... အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီးသူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ... သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ....File Size :(3.06GB)(1.01GB) and (378MB) Quality :BLU-RAY1080P5.1Ch,720p Format…mp4 Duration…02:13:00 Genre :  Drama Subtitle : ...
movie

Wall Street: Money Never Sleeps(2010)

The Ghost and the Darkness (1996) 6.8
The Ghost and the Darkness (1996) 90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်... ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို ...
movie

The Ghost and the Darkness (1996)

[18+]Disclosure(1994) 6.7
[18+]Disclosure(1994) [18+]Disclosure(1994)********************* ရည်းစားဟောင်းတစ်ယောက် ကောင်းမှုကြောင့် ဘယ်လောက် အကျိုးပေးခံလိုက်ရလဲဆိုတာကိုတွမ်ဟန်းဒါးစ် တစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့ Micheal Douglas ကြီးက သေချာသရုပ်ဖော်ပေးထားပါတယ်နည်းပညာကုမ္ပဏီက မန်နေဂျာတစ်ဦးဖြစ်တဲ့ တွမ်ဟန်းဒါးစ်က အလုပ်အရမ်းကြိုးစားပြီးဇနီးမယားသမီးသားတွေကိုလည်း အရမ်းချစ်တဲ့သူကြီးပါ တစ်နေ့တော့ ရာထူးတိုးဖို့ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရပြီးအကောင်အထည်ပေါ်တော့မယ့်နေ့မှာပဲ တစ်စုံတစ်ယောက် ပေါ်လာပါတယ်...တွမ့်ရည်းစားဟောင်းပါပဲ... အရမ်းဆွဲဆောင်မှုရှိပြီး တော်လည်းတော် ထက်လည်းထက်တဲ့မဲရီဒစ်ဂျွန်ဆန်ဟာ သူမနဲ့မဆိုင်တဲ့ တွမ့်ဌာနမှာ ရာထူးတိုးသွားပါလေရဲ့ တွမ်ကတော့ သူ့ဌာနက သူ မလုပ်တဲ့ ထုတ်လုပ်ရေးပြဿနာတစ်ခုကို အဖြေရှာနေရသပေါ့။အဲ့ဒီနောက်မှာတော့ ပြဿာနာအကြီးကြီးသူဆက်လက်ရင်ဆိုင်ရပါတော့တယ်..Demi Moore ရဲ့  လှသွေးကြွယ်ဆုံးအချိန်ဖြစ်သလို အဖော်အချွတ်ဘာညာခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..  File Size :(2.07GB )(861 MB) and (380 MB) Quality : Blu-Ray1080p,720p Format…mp4 Duration…02:08:00 Genre :Adult , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by SD
movie

[18+]Disclosure(1994)

Falling Down (1993) 7.6
Falling Down (1993) Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Falling Down (1993)

Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

Last Vegas 2013 6.6
Last Vegas 2013 ဒီရုပ်ရှင်မှာတော့ ဆရာ့ဆရာကြီးတွေ စုပြီး ဟာသတွေ လုပ်ထားကြတာပါပဲ။ ကြည့်မိရင်ကြိုက်ကြမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ နည်းနည်းပဲ ပြောမယ်နော်။ ခွီစရာတွေအများကြီးပါပဲ။အသက် ၆၀ ကျော်ပြီဖြစ်တဲ့ငယ်သူငယ်ချင်းလေးယောက်ရှိပါတယ်။ သူတို့ဟာ ဘဝရဲ့ အဆုံးသတ်နားကို ရောက်လာကြပေမယ့် သူတို့ရဲ့ မိတ်ဆွေ သံယောဇဉ်တွေက မကုန်ဆုံးသွားပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ ၄ ‌ယောက်ထဲက တစ်ကိုယ်တည်းသမား ဘီလီက မင်္ဂလာဆောင်တော့မှာမို့လို့ လောင်းကစားမြို့တော် Last Vegas မှာ လူပျိုညပါတီလုပ်ဖို့ သွားကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ File Size : 1GB and 500mb Quality : webrip 720p/ 480p Format…mp4 Duration…1hr 50min Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin Encoded by Littleneo
movie

Last Vegas 2013