Channel Myanmar

Melissa Leo

Ida Red (2021) 5.8
Ida Red (2021) Ida Red (2021)*****************IMDb... 5.8 ဇာတ်လမ်းအစမှာ ပြည်နယ်အစိုးရဲ့ ဆေးကုန်ကားကိုလူတစ်ချို့ရဲဟန်ဆောင်ပြီးwsae mqmလုယက်ကြတယ်။အဖော်ပါလာတဲ့တစ်ယောက်က သေပြီးတော့ ကားမောင်းသမားကတော့ အိုင်စီယူထဲရောက်သွားတယ်။ကျူးလွန်တဲ့သူတွေကို သက်သေမခိုင်လုံတဲ့အတွက် ဘော်ဒီကစောင့်ကြည့်နေတယ်။သူစောင့်ကြည့်နေရတဲ့သူက ယောက်ဖဖြစ်သူ ဝက်ထ်ဖြစ်နေတယ်။အကြောင်းက ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်တိုင်း လူသတ်မှုထောင်ကျနေတဲ့ သူရဲ့ယောက္ခမကြီးအက်ဒါရဲ့နာမည်ကအမြဲပါနေတယ်။ ဝက်ထ်ကလည်း သူစောင်ကြည့်ခံနေရပြီဖြစ်လို့ ဦးလေးဖြစ်သူဒဲလတ်စ်နဲ့တိုင်ပင်တယ်။ လက်ရဲဇက်ရဲ ဘာကိုမှမကြောက်တဲ့ ဒဲလတ်စ်က ဝက်ထ်ရဲ့အမေအက်ဒါခိုင်းတဲ့အတိုင်း ဒီအမှုမှာပါခဲ့လူတိုင်းကိုရှင်းပစ်ဖို့ကြိုးစားတဲ့အခါမှတော့.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်) File Size : 1.91GB/ 670MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff
movie

Ida Red (2021)

Novitiate (2017) 6.7
Novitiate (2017) Novitiate (2017)~ IMDb - 6.7/10, RT - 86%, Meta - 73% ~တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။"ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်"ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ...
movie

Novitiate (2017)

2017
Prisoners (2013) 8.2
Prisoners (2013) Prisoners (2013)IMDb Rating (8.2) / Rotten Tomatoes (82%)Duneတို့ Blade Runner 2049တို့ Arrivalတို့နဲ့ အော်စကာတွေ တစ်သီကြီးရဖူးသလို ပရိသတ်လက်ခံမှုအားလည်းများတဲ့ Denis Villeneuveရဲ့ Prisonersကို မကြည့်ဖူးတဲ့ လူလည်း မရှိလောက်တော့ပါဘူး။ သရုပ်ဆောင်တွေကလည်း Jake Gyllenhaalတို့ Hugh Jackmanတို့ Paul Danoတို့ David Dastmalchianတို့လို သရုပ်ဆောင်ပိုင်းမှာ နာမည်ကောင်းအပြည့်ရထားတဲ့ လူတွေချည်းပါပဲ။ အရင်ငါးနှစ်လောက်ကတည်းက တင်ထားခဲ့တာမို့ အားလုံးလည်းကြည့်ပြီးနေပြီမို့ Screenrantက Prisoners Ending Explained: Does Loki Find Keller?ဆိုတဲ့‌ ဆောင်းပါးထဲက အချက်တွေကို ပြန်ထုတ်နုတ်ထည့်ပြီး ဇာတ်လမ်းအစဉ်လိုက်အတိုင်းပဲ ဖြည့်စွက်ပြန် ပြောပြထားပါတယ်။ မကြည့်ရသေးရင်တော့ ဒီလောက်ထိပဲ ဖတ်သင့်ပါတယ်။အားလုံးသိတဲ့အတိုင်း ဒီရုပ်ရှင်ရဲ့ဇာတ်က ကလေးအခိုးခံရတာကို ပြန်ရှာတဲ့ဇာတ်ပါပဲ။ ကျေးဇူးတော်နေ့မှာ ဒိုဗာ ( ဟုချ်ဂျက်မန်း)တို့ ...
movie

Prisoners (2013)

2013
4K HEVC
Long Gone Heroes (2024) 5.7
Long Gone Heroes (2024) အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက်စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိIMDb Rating 5.7 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy's တို့ The HungerGames တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက်ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီးရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင်မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေးကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့်ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေးတစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကိုစုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကိုသွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ်တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.84GB / 1.09GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. ...
movie

Long Gone Heroes (2024)

London Has Fallen (2016) 6.0
London Has Fallen (2016) Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။ CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ....ဒီမှာ https://www.channelmyanmar.to/?s=has+fallen ကြည့်လို့ရပါတယ်။+++++++++++London Has Fallen (2016)IMDB: 6.0 / Rotten Tomatoes: 28% Genre: Action/ThrillerHas Fallen ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီးတော့ ပထမရုပ်ရှင်က ဇာတ်ကောင်တွေနဲ့ပဲ ဆက်လက်ရိုက်ကူးထားပါတယ်။London has fallen ရဲ့ဇာတ်လမ်းကတော့...... လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ကဲ မိုက်ခ်နဲ့သူ့သမ္မတတို့ကတော့ ဒုတိယအကြိမ်ထောင်ခြောက်ထဲ ရောက်ရှိလာခဲ့ပြီ...ဘယ်လိုတွေအကြမ်းအရမ်းတွေနဲ့ သမ္မတကိုကယ်တင်ရမလဲဆိုတာ....။ File size…(4.2 GB) / (1.6 GB) / (910 MB) Quality….BluRay ...
movie

London Has Fallen (2016)

4K HEVC
Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။ CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ....ဒီမှာ https://www.channelmyanmar.to/?s=has+fallen ကြည့်လို့ရပါတယ်။+++++++++++Olympus Has Fallen (2013)IMDB: 6.5 / Rotten Tomatoes: 50% Genre: Action/ThrillerOlympus Has Fallen (2013) ကတော့ Has Fallen ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီးတော့ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... မိုက်ခ်ဆိုတာကတော့ သမ္မတကြီးရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ရာသီဉတုအရမ်းဆိုးတဲ့ညတစ်ညမှာ ပွဲတစ်ခုကိုလိုက်ပို့ရင်း ကံမကောင်းအကြောင်းမလှတော့ သမ္မတကတော်အသက်ဆုံးခဲ့ရပါတယ်။ အဲဒါကြောင့် မိုက်ခ်ဟာလည်း ရာထူးမှနှုတ်ထွက်ခဲ့ပြီး ဌာနတစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားသံအမတ် လီနဲ့သမ္မကြီးအက်ရှာတို့ဟာ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်မှာ မြောက်ကိုရီးယားစစ်ရေးပြင်နေတာကိုတားဆီးမယ့်ကိစ္စကို အိမ်ဖြူတော်မှာဆွေးနွေးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အမည်အသိ လေယာဉ်တစ်စင်းဟာ အမေရိကန်လေပိုင်နက်ထဲကိုရောက်လာခဲ့ပါတယ်။ အိမ်ဖြူတော်အတိုက်ခိုက်ခံလိုက်ရပါပြီ။ ကျန်တာတွေကတော့ ဆက်လက်ခံစားကြည့်လိုက်ကြပါ... မိုက်ခ်ဘန်းနင်းအဖြစ် မင်းသား Gerard Butler သမ္မတ အက်ရှာအဖြစ် မင်းသား Aaron Eckhart ယာယီသမ္မတအဖြစ် မင်းသားကြီး ...
movie

Olympus Has Fallen (2013)

2013
4K HEVC
The Clean Up Crew (2024)
The Clean Up Crew (2024)  ဒီကားလေးကတော့ အဲလက်စ်နဲ့ မက်ခ်ဂန်တို့ အတွဲဟာ အခင်းဖြစ်ပွါးရာမှာ ကျန်ခဲ့တဲ့ သွေးတွေကို သန့်ရှင်းရေးလုပ်ရတဲ့ သန့်ရှင်းရေးအဖွဲ့ကပါ သူတို့အဖွဲ့မှာ ရှာအိုဟန်ဆိုတော့ အဖွဲ့ခေါင်းဆောင်ရယ် ချာလီဆိုတဲ့ဆေးအမြဲသုံးနေတဲ့လူနှစ်ယောက်ပါတယ်တနေ့သူတို့မှုခင်းတစ်ခုကိုသွားရာကနေ သေတ္တာတစ်ခုကိုတွေ့ခဲ့တယ် အဲ့သေတ္တာကိုဖွင့်ကြည့်ရမှာတော့ ယူရို၂မီလီယံကို တွေ့ခဲ့တယ် အဲ့တော့ အဲ့ပိုက်ဆံသေတ္တာက ဘယ်ကရောက်လာတာလဲ ပြီးတော့ အဲ့ပိုက်ဆံနောက်ကိုလိုက်နေတဲ့ လူဆိုးအဖွဲ့စည်းတစ်ခုလည်းရှိပါသေးတယ်အဲဒီတော့ဘာတွေဘယ်လိုဖြစ်သွားမှာလဲ အဲလ်လက်စ်တို့ကရော ပိုက်ဆံတွေဘာလုပ်မှာလဲ နောက်ဆုံးမှာရော သူတို့ကိုလိုက်နေတဲ့သူတွေနောက်ကနေလွတ်မြောက်သွားမလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးရှင် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Thriller, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

The Clean Up Crew (2024)

Hide and Seek (2005) 5.9
Hide and Seek (2005) ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Hide and Seek (2005)

The Ballad of Little Jo (1993) 6.7
The Ballad of Little Jo (1993)  လူလတ်ဘဝမှာ ယောကျ်ားတစ်ယောက်လိုနေထိုင်ခဲ့တယ်... သေကာမှ မိန်းမတစ်ယောက်ဖြစ်နေမှန်းသိရတော့တယ်။ ၁၉ရာစုလောက်က ဖြစ်ရပ်မှန်ဇာတ်ကြောင်းတစ်ခုကို စိတ်ကူးစိတ်သန်းယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျို့စ်ဖင်းမော်နက်ဟန်ဆိုတဲ့ သူဌေးသမီးက ဓာတ်ပုံဆရာနဲ့ကြိုက်ခဲ့ပြီး တရားမဝင်ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီခေတ်က ၁၉ရာစုဆိုတဲ့အတိုင်း အမျိုးသားတွေကအခွင့်ထူးခံဘဝမျိုးနဲ့နေရပြီး အမျိုးသမီးတွေရဲ့ဘဝကတော့ လူချမ်းသာမျိုးရိုးမှမဟုတ်ရင် သိပ်ပြီးမလုံခြုံလှပါဘူး။ တရားမဝင်ကလေးရခဲ့တဲ့ ဂျို့စ်ဖင်းအပေါ် အဖေဖြစ်သူရဲ့အမျက်ကြောင့် ဂျို့စ်ဖင်းက အိမ်ကနေထွက်လာခဲ့ရတယ်။ အိမ်ခြေရာမဲ့မိန်းကလေးအဖြစ်နဲ့သွားလာရင်း မလုံခြုံလာတာကြောင့် နောက်ဆုံးမှာ ယောကျ်ားလေးအဖြစ်အသွင်ပြောင်းပြီး ဂျိုးမော်နက်ဟန်အဖြစ်နဲ့ သတ္တုတွင်းတူးတဲ့မြို့လေးကိုရောက်လာခဲ့ပါတော့တယ်။  File size…(3.1 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama, Romance, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Ballad of Little Jo (1993)

Frozen River (2008) 7.1
Frozen River (2008)  Frozen River ဆိုတဲ့ဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.1 ရထားတဲ့ Crime နဲ့ Mystery အမျိုးအစားဖြစ်ပါတယ်။ယောကျာ်းဖြစ်သူက စုထားတဲ့ငွေတွေအကုန်ယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့အမေဖြစ်သူဟာ ကလေးတွေကို သေချာတောင်မကျွေးမွေးနိုင်တော့လို့ဒုက္ခရောက်ရပါတော့တယ်။ အရေးတကြီးပိုက်ဆံလိုနေတဲ့ အမေဖြစ်သူဟာ ပိုက်ဆံကိုရတဲ့နည်းနဲ့ရှာမှရမဲ့ အခြေအနေဖြစ်နေတာမလို့လူမျိုးခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး နိုင်ငံခြားသားလူမျိုးခြားတွေကို နိုင်ငံထဲလူမှောင်ခိုခေါ်သွင်းဖို့ဖြစ်လာရပါတော့တယ်။အဲဒီနောက်ပိုင်း ဘာတွေ့ကြုံလာရမလဲ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး.......... File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Frozen River (2008)

Righteous Kill (2008) 6.0
Righteous Kill (2008)    IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့...တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ...
movie

Righteous Kill (2008)

The Equalizer 3 (2023) 7.1
The Equalizer 3 (2023) The Equalizer 3 (2023)IMDb Rating (7.1) / Rotten Tomatoes (75%)"မင်းက အငြိမ်းစားပါ" "ဒါပေမဲ့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ရက်ရက်စက်စက်တစ်ခုခုလုပ်လိုက်တာကို မြင်ရင် မင်း တစ်ခုခုပြန်လုပ်ပေးလိုက်မိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းမှာလုပ်နိုင်စွမ်းရှိလို့ပဲ" "မင်းဟာ ဒီလိုလူစားပဲ၊ အမြဲတမ်း ဒီလိုလူစားပဲ"မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ကမ္ဘာကျော် Equalizer ရုပ်ရှင်တွေဟာဘာအကြောင်းလဲဆိုတာ ဒီဒိုင်ယာလော့တွေနဲ့တင် ဖော်ပြသွားခဲ့ပါတယ်။ မက်ကောဆိုတဲ့ စီအိုင်အေရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်။ အငြိမ်းစားယူပြီး အေးဆေးနေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ရှေ့မှာ မတရားမှုမြင်လာတိုင်း မပါဖို့ကြိုးစားပေမဲ့ ဝင်ပါမိသွားတယ်။ သူပြန်ယူပေးတဲ့ တရားမျှတမှုက သွေးအေးအေးနဲ့ ရက်ရက်စက်စက်ပါပဲ။ ဘဝမှာအရေးကြီးဆုံးက အချိန်ကိုက်ဖို့ပဲလို့ ခံယူထားတဲ့လူတစ်ယောက်။ မတိုက်ခိုက်ခင် နာရီလေးနဲ့ အချိန်ကိုက်တဲ့အကွက်ဟာ အားလုံးမှတ်မိနေမဲ့အချက်ပါပဲ။ အခုရုပ်ရှင်ကတော့ ၃ ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကွာလတီအကြည်အသစ်၊ ဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်လို့ရပါတယ် ။ဒီရုပ်ရှင်အစမှာတော့ ...
movie

The Equalizer 3 (2023)

4K HEVC
The Equalizer 2 (2018) 6.7
The Equalizer 2 (2018) The Equalizer 2 (2018)IMDb Rating (6.7) / Rotten Tomatoes (52%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2 (2018) မှာလဲ ပထမဇာတ်ကားထဲကလိုပဲ မတရားမှုတွေကို ဆက်လက်ချိန်ညှိနေတဲ့ Robert McCall အဖြစ် ဒန်ဇဲကိုဆက်လက်ရှုစားရမှာပါ။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=the+equalizer ...
movie

The Equalizer 2 (2018)

2018
4K HEVC
The Equalizer (2014) 7.2
The Equalizer (2014) The Equalizer (2014)IMDb Rating (7.2) / Rotten Tomatoes (61%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=the+equalizer ကြည့်ပါ။ File size…(5.1 ...
movie

The Equalizer (2014)

2014
4K HEVC
Flight(2012) 7.3
Flight(2012) Flight(2012) IMDb....7.3,,,,,Rotten....78%  Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်..... တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် ...ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့ အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်... လူအနည်းငယ်သာ သေဆုံးခဲ့ရပြီး သူလည်း  ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်....လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် ... ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ...သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ ...သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ...လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ... သူဘာတွေများလုပ်ခဲ့လို့လဲ...သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား.. Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်း မရိုးနိုင်ပါဘူး...သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာ ရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်.. ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ... ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။File Size…(4.37GB) (1.6GB) and (718MB) Quality…Blu-Ray4K.HEVC.EAC3.6CH, 1080p,720p Format…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae 
movie

Flight(2012)

2012
4K HEVC
Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

Oblivion (2013) 7.0
Oblivion (2013) Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Oblivion (2013)

2013
4K HEVC
Jane (2022) 5.1
Jane (2022) Jane (2022)~ IMDb - 5.1/10, Rotten Tomatoes - 63% ~ပေါကားတွေများလို့စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းအစကနေအဆုံးအထိ ဇာတ်ရှိန်မကျဘဲ စိတ်ဝင်စားစရာ‌ကောင်းတဲ့ Psychological Thriller ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစကတော့ Jane ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့စထားတာပါ။ Olivia နဲ့ Izzy ကတော့ Jane ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး Jane သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်လည်းအရင်လိုမရင်းနှီးကြတော့ပါဘူး။ Olivia တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ Stanford တက္ကသိုလ်ဝင်ခွင့်ရွှေ့ဆိုင်းခံရတာ ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်ကြောင့် Debate team ခေါင်းဆောင်နေရာကိုဆုံးရှုံးလိုက်ရတာတွေကြောင့် ဖိအားတွေအရမ်းများနေတဲ့အချိန်မှာ Izzy နဲ့ ပြန်ရင်းနှီးလာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် Jane ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုသုံးပြီး သူတို့မကျေနပ်တဲ့သူတွေကို လူသိရှင်ကြားအရှက်ခွဲဖို့ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဲဒီအကောင့်ကနေ သူတို့နှစ်ယောက်လုံးမတင်ဘဲ ပို့စ်တွေတင်လာတဲ့အခါမှာ...Jane ရဲ့အကောင့်ကိုသူတို့အပြင်သုံးနေတာ ဘယ်သူဖြစ်မလဲ။ အပျော်ကနေအပျက်ဖြစ်တတ်တယ်ဆိုသလိုပဲ ကိုယ့်ရဲ့ပို့စ်တစ်ခုကြောင့် တစ်ဖက်လူရဲ့ဘဝ ဘယ်လိုပျက်စီးသွားနိုင်လဲဆိုတဲ့ ...
movie

Jane (2022)

2022
Alone Together (2022) 5.1
Alone Together (2022) Alone Together (2022)ကိုဗစ်ကာလတွင်းက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ကိုဗစ်တွေစဖြစ်တော့ လမ်းတွေ အကုန် ဗလာကျင်းသွားတာကိုတောင် သွားသတိရမိပါသေးတယ်။ အလုပ်တွေပိတ်၊ ဆိုင်တွေ ပိတ်၊ လမ်းပေါ်မှာ ဘယ်သူမှမရှိ။ တစ်ကမ္ဘာလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတာကို မှတ်မိကြမှာပါ။ စားဖို့သောက်ဖို့ကို ဖွင့်တဲ့ဆိုင် ပတ်ရှာရတာလည်း အမော။ ဒီကြားထဲ ကမ္ဘာပဲပျက်တော့မလိုလို ဇွန်ဘီးတွေ ဖြစ်တော့မလို ပေါက်တတ်ကရပြောကြတဲ့လူတွေကရှိသေး။ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုဗစ်ရောဂါကို တာဝန်သိသိ ဂရုစိုက်ပြီး အနိုင်ယူနိုင်တော့မယ့် အနေအထားကို ရောက်လာပြီဆိုတော့ တစ်ရန်အေးရတာပေါ့။ ဒီဇာတ်လမ်းလေးက ကိုဗစ်ကာလမှာ ရောဂါရှောင်ဖို့ လူနေကျဲပါးတဲ့နေရာကို သတင်းစာမှာ အစားအသောက် အညွှန်းရေးတဲ့ သတင်းထောက်မလေးတစ်ယောက် သွားရာက စပါတယ်။သူငှားထားတဲ့ အိမ်ပိုင်ရှင်လင်မယားက နားလည်မှုလွဲပြီး တခြားသူတစ်ယောက်ကိုပါ ငှားထားမိပါတယ်။ သတင်းထောက်မလေးနဲ့ တူတူလိုက်လာမယ့် သူ့ကောင်လေးကလည်း စီစဉ်မထားဘဲ မိဘအိမ်ကို ပြန်သွားတော့ သူ့ခမျာ နေစရာမရှိတဲ့ ဒုက္ခတွေ့ရတော့မယ့်အချိန်မှာ အရင်ရောက်နေတဲ့ သဘောကောင်းတဲ့ ကိုလူစိမ်းက ...
movie

Alone Together (2022)

2022