Channel Myanmar

Melinda Betron

Braddock: Missing in Action III (1988)
Braddock: Missing in Action III (1988) Missing in Action Trilogy ရဲ့နောက်ဆုံးကားဖြစ်ပြီး MIA II ရဲ့ Sequel ရုပ်ရှင်ဖြစ်ပါတယ်။ထုံးစံအတိုင်း အတော်လေးကိုကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး အက်ရှင် ပြကွက်မျိုးစုံကိုခံစားမိမှာဖြစ်ပါတယ်။ဇာတ်ညွှန်းကာနယ် ဂျိမ်းစ်ဘရက်ဒေါ့ခ် ဟာ စစ်ပွဲကြီးအပြီး ၁၉၇၅ ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ပြန်လာခဲ့ပါတယ်။သူဟာ စစ်ပွဲထဲမှာ အမေရိကန်သံရုံးမှာအလုပ်လုပ်နေတဲ့ ဗီယက်နမ်မလေး လင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး လက်ထပ်ထိမ်းမြားနိုင်ခဲ့ပါတယ်။သို့သော်လည်း ကံမကောင်းစွာနဲ့ လင်းကတော့အသက်ရှင်လျက်နဲ့ ဗီယက်နမ်ကနေမထွက်နိုင်ခဲ့ပါဘူး။ဒါကတော့ ဘရက်ဒေါ့ခ်ရဲ့အမြင်ပေါ့လေ။တစ်ရက်မှာတော့ ဖာသာကြီးတစ်ယောက်ရောက်လာပြီး ဘရက်ဒေါ့ဒ်ကို သူ့မိန်းမ လင်း မသေသေးကြောင်းနှင့်ကလေးတစ်ယောက်ပါရှိနေကြောင်းလာပြောခဲ့ပါတယ်။ဒါပေမယ့် မျက်စိနှင့်တပ်အပ်မြင်ခဲ့တဲ့ ဘရက်ဒေါ့ခ် ဟာ အဆိုပါအကြောင်းအရာကိုယုံကြည်ခြင်းမရှိခဲ့ပဲ ဖာသာကြီးကိုမောင်းထုတ်ခဲ့ပါတယ်။သို့သော်လည်း သိပ်မကြာခင်မှာ အမှန်တရားကိုသိရှိသွားခဲ့ပြီး ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်ကို တရားမဝင်ပြန်ဝင်လာပြီးမိန်းမနဲ့ သားလေးကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ဘယ်လိုမျိုး အတားအဆီးတွေနဲ့ ကြုံရမယ် ဘယ်လိုကြမ်းမလဲဆိုတာကို တော့ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါ။ File Size :  3.5 GB, 1.5 GB Quality : Blu-Ray 1080p ...
movie

Braddock: Missing in Action III (1988)