Channel Myanmar

Mélanie Thierry

Suddenly (2023) 6.1
Suddenly (2023)  သင်္ဘောတစ်စီးနဲ့အတူ စွန့်စားခရီးထွက်လာကြတဲ့ လက်ဂ်နဲ့လော်ရာတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မူလ ပွယ်တိုအေဒင်မြို့ကိုသွားဖို့လုပ်ထားပေမယ့် ယောကျ်ားဖြစ်သူက ရေခဲစိုင်ကြီးတွေကိုမြင်ရတဲ့ အရမ်းလှတဲ့ကျွန်းလေးကို သွားချင်တယ်ဆိုတာနဲ့ပဲတောင်ဝင်ရိုးစွန်းဘက်မှာရှိနေတဲ့ကျွန်းသေးလေးကို ထွက်လာခဲ့ကြပါတော့တယ်။အဲဒီကျွန်းလေးကိုရောက်တဲ့အခါ လှပတဲ့ရှုခင်းတွေကို ခံစားနေတုန်းမုန်တိုင်းတစ်ခုက သူတို့ဘက်ကိုတည့်တည့် ဝင်လာပါလေရော...အဲဒါနဲ့ပဲ ပါလာတဲ့ လေထိုးလှေနဲ့ သင်္ဘောဆီကိုပြန်သွားဖို့လုပ်ပေမဲ့လှိုင်းလေထန်တာကြောင့် လက်လျှော့ပြီး ကျွန်းပေါ်မှာ တစ်ညတာအိပ်စက်လိုက်ရပါတယ်...အဲဒီလိုနဲ့ မုန်တိုင်းစဲပြီး မနက်နိုးတဲ့အခါမှာတော့ ပင်လယ်ပြင်မှာကျောက်ချထားခဲ့တဲ့ သူတို့သင်္ဘောကို မမြင်ရတော့ပါဘူးသင်္ဘောကို လေထိုးလှေစီးကာ လိုက်ရှာရင်း ဒီကျွန်းကနေပြန်ထွက်ဖို့လမ်းမရှိတော့ဘူးဆိုတာ သိရတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုကျော်ဖြတ်မလဲ...ဒီကျွန်းကနေ အသက်ရှင်ရက်နဲ့ ပြန်ထွက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1.21GB) / (710MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre ….. Adventur , Drama  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Suddenly (2023)

Pu-239 (2006) 6.7
Pu-239 (2006) Pu-239 (2006) ============ IMDb Rating - 6.7/10ရုရှားရဲ့လျှို့ဝှက်နျူကလီးယားစက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ တီမိုဖေးဟာ ရေဒီယို သတ္တိကြွမှုအဆင့် Rems 100 နဲ့ထိတွေ့ခံခဲ့ရပါတယ်။ ဒီပမာဏဟာ ကာယကံရှင်နဲ့ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှုနည်းပါးပေမယ့် စက်ရုံ ဒါရိုက်တာက ဖြစ်စဉ်တစ်ခုလုံးအတွက် တီမိုဖေးကိုအပြစ်ပုံချပြီး ခံစား ခွင့်တွေမှန်သမျှရုတ်သိမ်းခဲ့ပါတယ်။ တစ်ခုခုသိထားပုံရတဲ့ တီမိုဖေးဟာ ပလူတိုနီယမ် နည်းနည်းခိုးယူလာပြီးမြို့ပေါ်တက် ရောင်းချဖို့ကြိုးစား ရင်းနဲ့သူ့ဇနီး သူ့သားတို့နောင်ရေးတို့စိတ်အေးရအောင် စီစဉ်ပါတော့ တယ်။အဲ့ဒီမှာပဲ သူ ရှစ်ဇ်နဲ့စတွေ့ပါတယ်။ရှစ်ဗ်ဆိုတာကတော့ လူဆိုးဂိုဏ်းတစ် ခုရဲ့ ငွေကောက်တဲ့လူမိုက်အဆင့်တွေထဲကတစ်ယောက်ဖြစ်ပြီး လောလော ဆည်တော့ သူတို့ဂိုဏ်းနဲ့ပြိုင်ဘက်ဂိုဏ်နယ်မြေထဲက ဆိုင်တစ်ဆိုင်ကို လိပ် စာမှားပြီး ငွေဝင်ကောက်ရင်း ဆိုင်ကိုမီးရှို့ပစ်မိလို့ သူ့ဘော့စ်က လျော်ကြေး တောင်းထားတဲ့အတွက် အဲ့ဒီလျော်ကြေးကို နည်းပေါင်းစုံနဲ့ရှာနေရပါတယ်။ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပမာဏမရရင် အသတ်ခံရမှာဖြစ်တဲ့အတွက် သူလည်းအသည်းအသန်ဖြစ်နေတာပါ။ ဒီတော့ လက်ကျန်ဘဝသက်တမ်း အချိန်အကန့်အသတ်နဲ့ ငွေသိပ်လိုနေတဲ့လူနှစ်ယောက် နျူကလီးယားဗုံးထုတ် နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေကိုတစ်ညအတွင်း အမြန်ရောင်းထွက်ဖို့နည်း ပေါင်းစုံနဲ့ကြိုးစားကြတာတွေကိုမြင်တွေ့ရမှာပါ။ Drama ဆိုပေမယ့် ရှစ်ဗ် ပါဝင်လာတဲ့အပိုင်းကစပြီး Crime/Thriller ဆန်ဆန်နဲ့မြူးမြူးသွက်သွက် ဆွဲခေါ်သွားတာဖြစ်တဲ့အတွက် အဆုံးထိဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.13 GB) / (842 MB) Quality............WEB-DL 1080p / ...
movie

Pu-239 (2006)

2006
The Legend of 1900 (1998)
The Legend of 1900 (1998) နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Legend of 1900 (1998)

Babylon A.D. (2008) 5.6
Babylon A.D. (2008) Babylon A.D. (2008)မင်းသားကြီး Vin Diesel ရယ်၊ တရုတ်မင်းသမီး Michelle Yeoh ရယ်၊ 20th Century Fox production ရယ်နဲ့တင် ဒီဇာတ်ကားက ကြည့်ဖို့ ထိုက်တန်နေပါပြီ။ rating နည်းပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရင်ဘတ်နဲ့ rating နဲ့ သိပ်မကိုက်ညီတာမျိုးတွေလည်း ရှိတတ်ပါတယ်။ခေတ်လွန်နှောင်းပိုင်းအခြေ‌အနေတွေမှာ လူတွေရဲ့ ရှင်သန်ရပ်တည်ပုံတွေ နည်းပညာတွေကို ခပ်ပါးပါးလေး ပြထားတဲ့ဇာတ်ကားပါ။ 2008 ခုနှစ်က ထွက်ခဲ့ပြီး ကားဟောင်းတစ်ကားဖြစ်ပေမယ်လို့ ပြန်ကြည့်ထိုက်တဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ ရုန်းကန်ရှင်သန်ရပ်တည်မှု၊ ဘာသာရေးခုတုံးလုပ်ပြီး အကျိုးရှာချင်တဲ့ ခေါင်းဆောင်တစ်ယောက်၊ ဓာတ်ခွဲခန်းထဲက ဘဝစခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ စတေးခံရမှုတွေအကြောင်း ထူထူမပုတ်ဘဲ ပါးပါးလျပ်လျပ်ပဲ ပြသွားတာမလို့ သေချာအာရုံစိုက် ဆွဲထုတ်ဖို့တော့ လိုမယ်ထင်ပါတယ်။မင်းသားကြီး Vin Diesel ဒီဇာတ်ကားထဲမှာ ကြမ်းပြ ရမ်းပြနေရတာထက် မျက်လုံးတစ်ပေါက်နဲ့ ...
movie

Babylon A.D. (2008)

2008
Da 5 Bloods(2020) 6.9
Da 5 Bloods(2020) Da 5 Bloods(2020)ဒီဇာတ်ကားဟာ  ၁၉၅၀ခုနှစ်များအလွန်က ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲပေါ်မှာအခြေခံပြီး ရိုက်ကူးထားပါတယ်..Bloodsအဖွဲ့လို့ သူတို့ကိုယ်သူတို့ခေါ်ကြတဲ့ အမေရိကန်ကလူမည်းဗီယက်နမ်စစ်ပြန်ကြီးလေးယောက်ဟာစစ်အတွင်းကကျဆုံးသွားတဲ့ အဖွဲ့ခေါင်းဆောင်လဲဖြစ် သွေးသောက်ညီအစ်ကိုလဲဖြစ်သူ‌နော်မန်ဆိုတဲ့ လူမည်းစစ်သားရဲ့ကြွင်းကျန်တဲ့ရုပ်အလောင်းကိုရှာဖို့ ဗီယက်နမ်နိုင်ငံကိုခရီးထွက်ခဲ့တယ်...သူတို့ဟာ ဗီယက်နမ်ကို သွားခဲ့တဲ့ အခြားရည်ရွယ်ချက်လည်းရှိသေးတယ်..အဲ့ဒါက စစ်အတွင်းမှာပဲသူတို့ရှာတွေ့ပြီး ဝှက်ထားတဲ့ရွှေတွေကို ပြန်လည်သယ်ဆောင်ဖို့ဖြစ်တယ်...သူတို့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်File Size : (1.2 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:34:00 Genre :  Adventure, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Da 5 Bloods(2020)