Channel Myanmar

Maya Wulan

Five Star Princess (aka) Putri Bintang Lima (2024)
Five Star Princess (aka) Putri Bintang Lima (2024) Five Star Princess (aka) Putri Bintang Lima (2024) "ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး"အားလပ်ချိန်မှာအပျင်း‌ပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံ တော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်း အလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။ သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာ အိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်က ပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ် အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကို ရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရော ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ...
movie

Five Star Princess (aka) Putri Bintang Lima (2024)

Si Juki the Movie: Harta Pulau Monyet (2024) 7.7
Si Juki the Movie: Harta Pulau Monyet (2024) Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက်ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ... အောင်မြင်စွာပဲ ရတနာတွေရလာမှာလား... ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား.... ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် ) File size… 1.4 GB / 688 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Si Juki the Movie: Harta Pulau Monyet (2024)

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)