Channel Myanmar

Max Lloyd-Jones

Final Destination Bloodlines (2025) 7.0
Final Destination Bloodlines (2025)  IMDb Rating (7.0) / Rotten Tomatoes (92%)လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ "သေခြင်းဆိုးဖြင့်သေကြသူများ" ရုပ်ရှင် ၆ ကားမြောက်ထွက်လာပါပြီ။ဒါရိုက်တာကတော့ Zach Lipovsky & Adam Stein တို့ပါပဲ။FD ရုပ်ရှင်တွေရဲ့ အမာခံ ဇာတ်ကောင်ကြီး Tony Todd (Nov 2024 တွင် ကွယ်လွန်) လည်း နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။အရင်ရုပ်ရှင်တွေကြောင့် သံချောင်းတွေ၊ သစ်လုံးတွေ၊ ရိုလာကိုစတာတွေ တွေ့တိုင်း လန့်နေရအပြီးမှာ ဒီရုပ်ရှင်ကြည့်ပြီးရင်ရော ဘာတွေလန့်ရမလဲ တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း +++++++++++++ဒီ ရုပ်ရှင်ထဲမှာ ပထမဆုံး အမြင်ကြိုရခဲ့တဲ့ အိုင်းရစ်ကတော့ ရုပ်ရှင် ၆ ကားလုံးမှာ အစောဆုံး အမြင်ကြိုရတဲ့သူ ဖြစ်ပါတယ်။1968 မှာ ဖြစ်ခဲ့တဲ့အဖြစ်ကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ရုပ်ရှင်တွေနဲ့ ဆက်စပ်ခဲ့သလို နောက်ဆုံး ဖြစ်စဉ်အထိ ဆွဲခေါ်သွားခဲ့တာပါပဲ။အိုင်းရစ်ဆိုတဲ့ ...
movie

Final Destination Bloodlines (2025)

4K HEVC
Debbie Macomber’s Joyful Mrs. Miracle (2024)
Debbie Macomber’s Joyful Mrs. Miracle (2024) အရွယ်ရောက်ပြီး ညီအစ်ကို မောင်နှမ သုံးယောက် (Lamothe-Kipnes၊ Dowden၊ Lloyd-Jones) သည်် သူတို့ရဲ့ ကွယ်လွန်သွားတဲ့ အဖွားရဲ့ ဆန္ဒကို ဖြည့့််် ဆည်းဖို့အတွက် ခရစ္စမတ်တွင် သူတို့ရဲ့ငယ်ဘဝက အိမ်လေးကို ပြန်လာပြီးတော့ ကုမ္ပဏီအတွက််ဆက်ခံသူအသစ်ကို ရွေးဖို့အတွက် မစ္စစ် Miracle လို့လည်းလူသိများတဲ့ Annie Merkel အိမ်ခြံမြေစီမံကိန်းရေးဆွဲသူအဖြစ်ပါဝင်ပြီးမိသားစုအတွက်် သူတို့ရဲ့ သံယောဇဉ်ကြိုးတွေပြန်အဆင်ပြေသွားစေဖို့အတွက် သူ့ရဲ့လှည့်ကွက်လေးတွေကိုသုံးပြီးတော့ ညီကိုမောင်နှမများပြန်လည်အဆင်ပြေရန််ကြိုးပမ်းပေးပါတော့တယ်။Rachel Boston၊ Pascal Lamothe-Kipnes၊ Tanner Novlan၊ Matthew James Dowden နှင့် Max Lloyd-Jones တို့ ပါဝင်သရုပ်ဆောင်ထားသည်။File size…(1.1 GB)/(688 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie

Debbie Macomber’s Joyful Mrs. Miracle (2024)

Woman of the Hour (2024) 6.7
Woman of the Hour (2024)  ၁၉၇၈ ခုနှစ်က ကွင်းဆက်လူသတ်သမားရတ်ဒ်နီဟာThe Dating Game တီဗီရှိုးမှာ သူပါဝင်ခဲ့စဥ်အချိန်ကမင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ရှယ်လ်နဲ့ တွေ့ဆုံမှုတစ်ဖြတ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ Crime Thrillerရုပ်ရှင်ဖြစ်ပါတယ်။ရတ်ဒ်နီဟာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအများကြီးကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သွေးအေးကွင်းဆက်လူသတ်သမားတစ်ယောက်ပါ။ ရတ်ဒ်နီအတွက် ကလေးဘဝမှာစိတ်ထိခိုက်တာ၊ အနိုင်ကျင့်ခံခဲ့ရတာအစရှိသဖြင့် လူသတ်သမားဖြစ်လာ​စေတဲ့အကြောင်းရင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ဥာဏ်ကြီးရှင်တစ်ယောက်ရဲ့ IQ အဆင့်ရှိတဲ့ရတ်ဒ်နီက ချောတယ်။အပြောအဆိုတတ်တယ်။ အပေါင်းအသင်းဆံ့တယ်။အချစ်ခံရတဲ့မိသားစုကနေကြီးပြင်းလာတာလည်းဖြစ်ပေမယ့်မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အရသာခံလုပ်ဆောင်ခဲ့တာပါ။ရတ်ဒ်နီဟာ လူသတ်မှုခုနှစ်ခုနဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပေမယ့်ရှေ့နေတွေရဲ့အဆိုအရတော့ သူသတ်ခဲ့တဲ့မိန်းကလေးတွေဟာ၁၃၀ ကျော်အထိရှိနေနိုင်တာပါပဲ။ ရတ်ဒ်နီကို စိတ်ဝိညာဥ်တစ်ခြမ်းနဲ့မွေးဖွားလာတဲ့လူသတ်သမားလို့လည်း ခေါ်ဆိုကြပါတယ်။ The Woman of the Hour မှာတော့ ရတ်ဒ်နီနဲ့ရှယ်လ်တို့တွေ့ဆုံခဲ့စဥ်ကာလအတွင်း ရတ်ဒ်နီရဲ့သတ်ဖြတ်မှုတွေကိုချောက်ချားစရာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။  File size… 1.36GB / 662MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Woman of the Hour (2024)

War for the Planet of the Apes (2017) 7.4
War for the Planet of the Apes (2017) War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94%   အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie

War for the Planet of the Apes (2017)

2017
4K HEVC
Hotel for the Holidays (2022) 5.3
Hotel for the Holidays (2022)   သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie

Hotel for the Holidays (2022)