Channel Myanmar

Maurice P. Kerry

The Perfect Mother (2024) 5.6
The Perfect Mother (2024) The Perfect Mother (2024) ======================မိခင်တစ်ယောက်ရဲ့ မေတ္တာက ဘယ်လောက်ကြီးမားလဲဆိုတာ..... လင်ဒါက ယောက်ျားက ‌ဆေးမှုနဲ့ ‌ထောင်ထဲရောက်သွားလို ယောင်းမအိမ်မှာ သားလေးနဲ့ကပ်နေနေရပြီး လုပ်ခ အနည်းဆုံးလခလေးနဲ့ရှင်သန်နေရတဲ့မိခင်တစ်ယောက်ပါ။ဒီလိုနဲ့ သူ့ယောက်ျားထောင်ကပြန်ထွက်လာပြီမလို သူတိုအခက်အခဲတွေအဆင်ပြေတော့မယ်အထင်နဲ့ လင်ဒါတစ်ယောက်ပျော်လိုမဆုံးသေး ယောက်ျားက သားနဲ့သူ့ကိုထားသွားရမယ့်ကိစ္စဖန်လာပြန်ပါတယ်။ယောက်ျားလည်း မရှိပဲ တစ်ယောက်တည်း အလုပ်လုပ်လိုက် ကလေးနဲ့အချိန်ကုန်လိုက် သူမအပေါ် လောကဓံက မျက်နှာသာမပေးပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလို တစ်ခုပြီးတစ်ခုကံဆိုးနေတဲ့အခါ သူ့သားလေးကိုကာကွယ်ဖို ဘယ်လိုကြိုးစားမလဲဆိုတာ ကရုဏာသက်ဖွယ် ရင်တစ်မောမောကြည့်ရမှာဖြစ်ပါတယ်။လူမည်းတွေရဲ့ အဆင့်အတန်းခွဲခြားခံရမှု ရာဇဝတ်မှု မှတ်တမ်းဝင်တာနဲ့ ထောင်ထဲက ထွက်လာပြီး နေထိုင်စားသောက်ရတာ ဘယ်‌လောက်ခက်ခဲလဲဆိုတာကိုပါ ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ရုပ်ရှင်ပါ။ သားလေးနဲ့တူတူနေနိုင်ဖို အစွမ်းကုန်ကြိုးစားနေကြတဲ့ လင်မယားနှစ်ယောက်ကို ကြည့်ရတာ စိတ်ဝင်စားဖိုလည်းကောင်း ရင်ထဲလည်းထိရပါတယ်။ပိတ်ရက်မှာ မိသားစုနဲ့တူတူကြည့်လိုကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာမို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ File size… 922 MB / 521 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 33min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yoon Hsu
movie

The Perfect Mother (2024)

Gunner (2024) 6.0
Gunner (2024)  ဒီဇာတ်ကားလေးကတော့ နာမည်ကြီးသရုပ်ဆောင် Morgan Freemanပါဝင်ပြီး မင်းသား Luke Hemsworth က အဓိက ဇာတ်ဆောင်Lee Gunner အဖြစ်ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း**************Lee Gunner က ဂုဏ်ပြုဆုတံဆိပ်ရ အမေရိကန်အထူးတပ်ဖွဲ့စစ်ပြန်တစ်ဦးပါ။ သူက စစ်ပွဲတွေထဲမှာပဲအချိန်ကုန်နေခဲ့တာကြောင့်မိသားစုနဲ့ ဝေးကွာခဲ့တယ်။ သူအိမ်ကိုပြန်လာတဲ့အခါမှာတော့သူ့သားတွေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ပြီး အေးစက်နေခဲ့သလို ဇနီးဖြစ်သူနဲ့လည်း ကွာရှင်းခဲ့ရပါပြီ။တစ်ဖက်မှာတော့ ထောင်ကျနေတဲ့မူးယစ်ရာဇာ Kendrick Lyker နဲ့သားဖြစ်သူ Dobbs တို့ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းက Gunner တို့ရဲ့နယ်တဝိုက်မှာ ကြီးစိုးနေခဲ့တယ်။စစ်ပွဲကနေ ပြန်လာပြီး ကလေးတွေနဲ့ ရင်းနှီးမှုယူဖို့ တောထဲကိုCamping ထွက်လာတဲ့ Lee Gunner တို့အဖွဲ့ဟာ တောထဲကိုရောက်တဲ့အခါ မထင်မှတ်ပဲ မူးယစ်ဂိုဏ်းရဲ့ဆေးချက်ခန်းတစ်ခုနဲ့တည့်တည့်တိုးမိပါတော့တယ်။ပစ်ခတ်မှုတွေကြားမှာ ကလေးနှစ်ယောက်ဟာ မူးယစ်ဂိုဏ်းလက်ထဲရောက်သွားပြီးတော့ အဖေဖြစ်သူ Lee Gunner က သူ့ကလေးတွေကိုဘယ်လိုပြန်ကယ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှူစားကြရမှာပါ။အက်ရှင် အတိုက်အခိုက် အသတ်အပုတ် ...
movie

Gunner (2024)

Chasing Raine (2024) 5.0
Chasing Raine (2024)  Action ၊ Thriller အမျိုးအစားဖြစ်တဲ့ Chasing Raineရုပ်ရှင်ဟာ ၂၀၂၄ မေလ ၁၄ ရက်မှာထွက်ရှိထားတာဖြစ်ပြီးMaurice P. Kerry ၊ Krystal Jordan နဲ့ DJ Walton တို့ကအဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားကာ မိဘနဲ့သားသမီးကြားကမေတ္တာကိုဖော်ကျူးထားပြီး အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်းကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************ကလိုက်ဒ်နဲ့စကိုင်းဟာ ကွာရှင်းထားကြတဲ့အထူးတပ်ဖွဲ့ဝင်စစ်သားနှစ်ဦးဖြစ်ပါတယ်။ ကလိုက်ဒ်ရဲ့အရက်ပြဿနာကြောင့်တစ်ဦးတည်းသောသမီးလေးရိန်းကို စကိုင်းက တစ်ဦးတည်းအုပ်ထိန်းခွင့်ရရှိထားပါတယ်။ ကလိုက်ဒ်က သမီးဖြစ်သူကိုအမြဲပြန်လိုချင်နေခဲ့ပြီး တစ်ရက်မှာတော့ စကိုင်းက အတူနေချစ်သူနီကိုနဲ့အတူ တခြားပြည်နယ်တစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အရမ်းချစ်ရတဲ့သမီးနဲ့အဝေးကြီးခွဲနေရမှာစိုးတာကြောင့် ကလိုက်ဒ်က သမီးကိုခေါ်ပြီးထွက်ပြေးဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကလိုက်ဒ်ရဲ့အစီအစဉ်တွေမှားယွင်းပြီး သမီးဖြစ်သူရိန်းဟာ ကလေးလူကုန်ကူးဂိုဏ်းတစ်ခုရဲ့လက်ထဲမှာအဖမ်းခံလိုက်ရချိန်မှာတော့ အထူးတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ကလိုက်ဒ်နဲ့စကိုင်းသာမက စကိုင်းရဲ့အလုပ်ရှင်ဆီဇာလည်းပါ၀င်လာပြီး ရာဇဝတ်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…1.50GB / 791MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Chasing Raine (2024)

A Merry Single Christmas (2022) 5.4
A Merry Single Christmas (2022)  အနောက်တိုင်းကလူတွေရဲ့အယူအဆအရ နှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးခရစ်စမတ်အချိန်မှာ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ crushကပြန်မကြိုက်လို့ပဲဖြစ်ဖြစ် မပျော်နိုင်ပဲ ခရစ်စမတ်ကိုတစ်ယောက်တည်းဖြတ်သန်းကြမယ့်တစ်ကိုယ်တော် ဆင်ဂယ်လေးတွေရှိကြလား?ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါး ခရစ်စမတ်ဇာတ်လမ်းလေးကတော့ ခရစ်စမတ်မကျခင်မှာ ရည်းစားနဲ့ပြတ်သွားတဲ့ မော်ဂန်တစ်ယောက် ခရစ်စမတ်ကိုအထီးကျန်စွာတစ်ယောက်တည်းမဖြန်သန်းချင်တဲ့အတွက် “ခရစ်စမတ်အထီးကျန်နှလုံးသားလေးများ”ဆိုတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အစီအစဉ်ကို joinလိုက်ပါတယ်။ တစ်ကိုယ်တော်သမားတွေစုပြီး ခရစ်စမတ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြမယ့် အစီအစဉ်မှာ စည်းမျဉ်းကတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ “အဖွဲ့ထဲက ဆင်ဂယ်အချင်းချင်း ချိန်းမတွေ့ရပါဘူး”တဲ့။ ဆင်ဂယ်အပန်းဖြေအိမ်မှာ အသည်းကွဲရောဂါကိုကုစားမယ့်မော်ဂန်တစ်ယောက် ကံမကောင်းစွာနဲ့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လီယမ်လည်း ကြေကွဲဆင်ဂယ်အဖြစ် အဲဒီကိုရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အလွဲလေးနည်းနည်း ရိုမန့်စ်များများနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.85GB)  / (`898.45Mb) / (457.4MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

A Merry Single Christmas (2022)

Weekend Warriors (2021) 4.9
Weekend Warriors (2021) Weekend Warriors (2021)==================ဖခင်ဖြစ်သူကိုဆုံးရှုံးထားရပြီး မိခင်ဖြစ်သူ ညီမဖြစ်သူနဲ့နေနေရတဲ့ ဆယ်ကျော်သယ်ကျောင်းသားလေး စကော့တီ...ကျောင်းမှာလည်း သူငယ်ချင်းဆိုတာမရှိ အားလပ်ချိန်တွေမှာလည်းအခန်းထဲပဲအောင်း နေတဲ့သူက ကျောင်းပိတ်ရက်တစ်ရက်မှာစိတ်ပြေလက်ပျောက် အဖိုး အဖွားဆီသွားချင်လို့ မိခင်ကိုပူဆာပါတော့တယ်။ ဒီလိုမိခင်က ဦးလေး ဖြစ်သူကိုဖုန်းဆက်ခေါ်ပြီး သူတို့ကိုဦးလေးနဲ့အတူထည့်ပေးလိုက်ပါတယ်။ ကျောင်းပိတ်ရက်လေးမှာ အေးအေးဆေးဆေးအပန်းဖြေဖို့စိတ်ကူးထားတဲ့ စကော့တီအတွက် မထင်မှတ်ထားတဲ့အလှည့်အပြောင်းကဖြစ်လာပြီး အသက်လုပြေးရတဲ့ကျောင်းပိတ်ရက်ဖြစ်သွားပါတော့တယ်။ ဒီဇာတ်ကား လေးကတော့ စကော့တီနဲ့ညီမဖြစ်သူတို့ရဲ့စွန့်စားခန်းတွေကိုအသားပေး ရိုက်ကူးထားတာဆိုတော့ ကလေးစွန့်စားခန်းကားလေးလို့ပြောရမလိုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.93 GB) / (906 MB) / (618 MB) Quality – WebDL 1080p / 720p/480p Duration - 1h 33mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Thriller Translator – Chit Tee Encoder – SWM
movie

Weekend Warriors (2021)

2021