Channel Myanmar

Matthias Hues

Taken from Rio Bravo (2024)
Taken from Rio Bravo (2024) Taken from Rio Bravo 2024‌ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့ ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလား သိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့် စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့... အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါ ဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့ တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့် ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့ အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့ ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ် အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲ ဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီး သူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ... အဲ့တော့ ပရိသတ်ကြီးပဲအပန်းဖြေကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ်Genre..... Action, Western Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB |  628MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein ...
movie

Taken from Rio Bravo (2024)

Dragon Wars: D-War (2007) 6.1
Dragon Wars: D-War (2007) Dragon Wars ============ King Kong တို့ Gozilla တို့ ကြိုက်တဲ့ သူတွေအဖို့ ဒီနဂါးကားကလည်း အကြိုက်တွေ့စေမယ့်ကားထဲပါပါတယ်ကိုရီးယားတွေရဲ့ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်နဲ့ချီက အသက်ရှင်ခဲ့တဲ့ နဂါးမျိုးဆက်ဟာ ကမ္ဘာကိုပြန်ပြီးကြီးစိုးမယ်လို ဟောကိန်းထုတ်ခဲ့ပါတယ်။ဒဏ္ဍာရီအရ အီမူဂီလိုခေါ်တဲ့ မျိုးရိုးမြင့်မွေတစ်ကောင်ဟာ လူမိန်းမတစ်ယောက်ရဲ့ ကိုယ်ထဲက ဝိညာဉ်အစွမ်းကိုစုပ်ယူပြီး စကြဝဠာနဂါးအဖြစ်အသွင်ပြောင်းဖို အဲဒီအမျိုးသမီးကို မြေလှန်ရှာဖွေတဲ့အခါမှာတော့....( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Action, Drama, Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Dragon Wars: D-War (2007)

The Last Kumite (2024)
The Last Kumite (2024)  ဒီတစ်ခါတင်ဆက်မယ့်ဇာတ်ကားကတော့ သေနတ်ပစ်ခန်း၊ ဓားခုတ်ခန်းတွေမပါဘဲ လက်ဗလာနဲ့ချတဲ့ ဖိုက်တင်ကားစစ်စစ်ပါပဲ။ ကိုယ်ခံပညာဖိုက်တင်ကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ဇာတ်လမ်းအညွှန်းကတော့ မိုက်ကယ်ရေးဗားက သူ့ရဲ့မြို့မှာတော့ ကိုယ်ခံပညာမှာပြိုင်ဖက်ကင်းတဲ့သူတစ်ယောက်ပါ။ ကျင်းပသမျှတိုက်ခိုက်ပွဲတွေတော်တော်များများကိုလည်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲလို့သတ်မှတ်ထားတဲ့ပြိုင်ပွဲမှာလဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူအနားယူမယ့်နေ့မှာ လူတစ်ယောက်ကရောက်လာပြီးတော့ Kumiteလို့ခေါ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြောင်းနဲ့ ထိုပြိုင်ပွဲမှာနိုင်ရင် ဒေါ်လာတစ်သန်းရမယ်ဖြစ်ကြောင်းမက်လုံးပေးခဲ့ပေမဲ့ ထိုပြိုင်ပွဲကအသေသတ်ပြိုင်ပွဲဖြစ်ပြီး အန္တရာယ်များတာကြောင့် သူကငြင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်ဖက်ကတော့ သူငြင်းလို့မရအောင် သူ့ရဲ့သမီးကိုဓားစာခံအဖြစ်ခေါ်သွားပါတော့တယ်။ ဒီတော့ မတတ်သာတဲ့နောက်ဆုံး ကမ္ဘာတစ်ဝှမ်းကအတော်ဆုံးချန်ပီယံ‌တွေလာရောက်ပြိုင်တဲ့ Kumiteတိုက်ခိုက်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastro
movie

The Last Kumite (2024)

Kickboxer 2: The Road Back (1991) 5.0
Kickboxer 2: The Road Back (1991) Kickboxer 2: The Road Back (1991) ==============================Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ‌ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လိုက်‌ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ...
movie

Kickboxer 2: The Road Back (1991)

Gunfight at Rio Bravo (2023) 4.8
Gunfight at Rio Bravo (2023) Gunfight at Rio Bravo (2023) ====================ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြ တယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်း ခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းက လူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန် Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူး Vernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကို လက်ခံလိုက်ပါတယ်။အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန် ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းက သူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက် ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan ...
movie

Gunfight at Rio Bravo (2023)

2023
Terror on the Prairie (2022) 6.7
Terror on the Prairie (2022) Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie

Terror on the Prairie (2022)

2022