Channel Myanmar

Matthias Habich

Downfall (2004) 8.2
Downfall (2004)   IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%)ဟစ်တလာ ကျဆုံးခန်း!!!၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ဘာလင်က Third Reich မြို့တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။" Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra Maria ...
movie

Downfall (2004)

2004
4K HEVC
Enemy at the Gates (2001) 7.5
Enemy at the Gates (2001) Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကိုလက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကိုအင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေအတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလိုသူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်ကမီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။  Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေကဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီးအမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကိုသူရဲကောင်းဆန်ဆန် ရေးသားပြီး ...
movie

Enemy at the Gates (2001)

4K HEVC
The Reader (2008) 7.6
The Reader (2008) IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ရသစုံပါတယ်...ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ..သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ...ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon
movie

The Reader (2008)

[18+] Berlin Syndrome (2017) 6.3
[18+] Berlin Syndrome (2017)   ဒီကားလေးကတော့သည်းထိတ်ရင်ဖိုစရာဒရာမာကားလေးဖြစ်ပါတယ်။ ကလျာဆိုတဲ့လူငယ်ဓာတ်ပုံဆရာမလေးတယောက်ဟာတကိုယ်တည်းဘာလင်မြို့ကိုထွက်လာပါတယ်။ ကမ္ဘာကြီးကိုစူးစမ်းချင်အသစ်အဆန်းတွေတွေ့ကြုံချင်တဲ့လူငယ်တယောက်ပေါ့။ လည်ပတ်ရင်းလမ်းမှာအားကစားကျောင်းတကျောင်းကအန်ဒီဆိုတဲ့ဆရာတယောက်နဲ့တွေ့မိကြပါတယ်။ ကံကြမ္မာဆိုးရဲ့အစတခုလို့ပြောရမှာပါပဲ။ အန်ဒီနဲ့တညတာသူ့တိုက်ခန်းမှာပျော်ပါးပြီးနောက်ကလျာတယောက်အဲဒီတိုက်ခန်းမှာပဲဆက်ပြီးပိတ်လှောင်ခံရပါတော့မယ်။ လူတွေကိုယုံကြည်ပြီးတဇွတ်ထိုးစိတ်အလိုလိုက်မှုကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေပါပဲ။   ၁၈++ခန်းတွေပါပြီးကလေးတွေလုံးဝမကြည့်သင့်တဲ့ကားလေးပါ။ မိသားစုနဲ့လည်းမကြည့်သင့်ပါဘူး။ ကဲဒီလိုဆိုတော့ကလျာဆိုတဲ့ဓာတ်ပုံဆရာမလေးအဲဒီကံကြမ္မာဆိုးကနေပဲထွက်နိုင်မလား။ အန်ဒီရဲ့ပြသနာကဘာလဲ။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)   File Size : 800 MB Quality : Webdl 720P Running Time : 1hr 45minutes Format : Mp4 Genre : Drama, Horror, Mystery Translator : Fridays Encoder :Thanhtike Zaw
movie

[18+] Berlin Syndrome (2017)

2017