Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Warzel
Vampires Suck (2010)
Vampires Suck (2010) ဟာ ဗန်ပိုင်းယားတွေ သမန်းဝံပုလွေတွေနဲ့ အရမ်းမိုက်တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ Becca Crane ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ဗန်ပိုင်းယားတပိုင်း လူတပိုင်းဖြစ်တဲ့ Edward Sullen နဲ့ သမန်းဝံပုလွေတပိုင်း လူတပိုင်းဖြစ်တဲ့ Jacob White တို့ကြား သံယောဇဉ်တွေငြိတွယ်ပြီး နှစ်ယောက်လုံးကိုချစ်တယ် နှစ်ယောက်လုံးကချစ်တယ်ဆိုတဲ့ Twilight အကွက်ခင်းပြီးတော့ ဝေခွဲမရဘဲ ပြသနာတွေရင်ဆိုင်ရပုံတွေကို ပေါ့ပေါ့ပါးပါး အခွီဗားရှင်းရိုက်ကူးထားတာပါ။သေချာတာပေါ့ဗျာ... ဒီဇာတ်ကားက Twilight ဇာတ်ကားတွေကို သရော်ထားတဲ့ Parody ဇာတ်ကားပါ။ သင်ဟာ Twilight fan တစ်ယောက်ဖြစ်တယ်ဆိုရင် ဒီကားလေးကို လုံးဝလက်လွတ်မခံသင့်ဘဲ ကြည့်ရင်း ထိုင်ခွီနေရမှာဖြစ်သလို ကိုယ့်ရဲ့အားလပ်ချိန်ကို ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးကြည့်ပြီး ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးက အဲ့လိုအသေအချာပါပဲ။Unrated Version နဲ့မလို့ ဆင်ဆာတွေမဖြတ်ထားဘဲ ပိုခွီနေရတဲ့ ဗားရှင်းဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းကို နဲ့ဘာသာပြန်ကို Kooluumoo မှ တင်ဆက်ထားပါတယ်။) File size…(3.1 GB )/(1.2 GB) Quality…BluRay 1080p HEVC / ...
movie
Vampires Suck (2010)
7.4
The Nice Guys (2016)
The Nice Guys (2016)IMDb Rating (7.4) / Rotten Tomatoes (91 %)The Nice Guys 2016 အမေရိကန်ဇာတ်ကားဟာဆိုရင်ဖြင့် မင်းသားကြီး Russell Crowe နဲ့ Ryan Gosling တို့ ဦးဆောင်ပါဝင်ထားတဲ့ အပစ်အခတ် အညစ်အပတ် ဟာသဇာတ်တစ်ခုဖြစ်ပါတယ်။ IMDb 7.4 ကို အချိုအချောင်ရထားတဲ့ဇာတ်ကားမဟုတ်ပါဘူး။ ခရမ်းချဉ်သီးပုပ် 91 ရာနှုန်းကလည်း ဝေဖန်ခံနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ သိသာစေတာပေါ့။ဇာတ်ကွက်တစ်ခုချင်းဆီမှာ ဖော်ကွက်လေးတွေပါပြီး မြန်ဆန်တဲ့ plot twist တွေကို ဖြေထုတ်ထားတာပါ။ အကြမ်းအရမ်းကို Russell Crowe က တာဝန်ယူထားပါတယ်။ Gladiator 2000 မှာ မြင်တွေ့ခဲ့ရသလိုပဲ မင်းသားကြီးက တည်ငြိမ်ရင့်ကျက်ပြီး အေးအေးမှန်မှန် သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။ဟာသဘက်ကိုတော့ Ryan Gosling ပဲ သယ်ရတာပေါ့လေ။ ...
movie
The Nice Guys (2016)
2016
4K HEVC
6.0
Parental Guidance (2012)
အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mako
movie
Parental Guidance (2012)
6.9
Halloween Kills (2021)
Halloween Kills (2021)အားလုံးစောင့်မျှော်နေကြတဲ့ Halloween Kills ထွက်ရှိလာပါပြီ ...၂၀၁၈ ခုနှစ်က ထွက်ရှိတဲ့ခဲ့ Halloween ရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီးတော့ ရင်ဖိုစိတ်လှုပ်ရှားစရာ အကောင်းဆုံး ရိုက်ကွက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်ဗျ..ဘိုဂီမန်း နာမည်ခံ မိုက်ကယ်မိုင်ယာ ဆိုတဲ့သူက ဟန်ဒန်ဖီးဒ်မြို့လေးကို ခြောက်လန့်နေတာ နှစ် ၄၀ ကြာပါပြီ။ မိုက်ကယ်ကြောင့် ဘယ်လောက်တောင် စိတ်ဒဏ်ရာရခဲ့လဲဆိုရင် ဟောလိုးဝင်းနေ့မှာ မိုက်ကယ်မိုင်ယာနာမည်ကို မပြောရဲသလောက်ပဲ... ပြီးတော့ မိုင်ယာအိမ်ဆိုလည်း စိတ္တဇအိမ်ဆိုပြီးတော့ ရှောင်ကြတာအခုထိပါပဲ။မိုက်ကယ်အဓိကပစ်မှတ်ထားတာတော့ လော်ရီစထရိုက်ဒါဆိုတဲ့အမျိုးသမီး၊ အနှစ် (၄၀)ကြာတာတောင် မပြေနိုင်တဲ့ကျောင်းတော်ရန်ငြိုးတွေပေါ့။ ဒီတစ်ခါ မိုက်ကယ်ကြောင့် သေခဲ့ရသူတွေ၊ မသေဘဲလွတ်မြောက်ခဲ့သူတွေက အကြွေးဟောင်းရော အကြွေးသစ်ပါ ရောသမမွှေပြီး သတ်လို့မသေနိုင်တဲ့ ဇာတ်လိုက်ကျော်ဘိုဂီမန်းကို ဟောလိုးဝင်းမှာ ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာတော့ ကြည့်ရှုလိုက်ပါတော့ဗျာ ။ ။အညွှန်းကို JoJoVa က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ JoJoVa နဲ့ MTA ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.6GB and 1.1GB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa ...
movie
Halloween Kills (2021)
2021
5.5
A Bad Moms Christmas (2017)
ခရစ်စမတ်လဲနီးပြီဆိုတော့အားလုံးနဲ့မစိမ်းတဲ့ဒရမ်မာဟာသခရစ်စမတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်ရုသ်ဆိုတာကတော့ သမီးဘာလုပ်လုပ်အကောင်းမမြင်ပဲအမြဲတမ်းပြီးပြည့်စုံတာကိုပဲလိုချင်တဲ့အမေ ခရစ်စမတ်ကိုပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်တဲ့သမီးအေမီသူတို့နှစ်ယောက်ခရစ်စမတ်ပွဲတော်အတွက်ပြင်ဆင်ကျတဲ့အခါ.....ဆန်ဒီဆိုတာကတော့သမီးကိုမျက်လုံးထဲမှာကလေးတစ်ယောက်အဖြစ်သာမြင်နေပြီးအရာရာအကုန်သမီးနဲ့ဆင်တူတွေလိုက်လုပ်တဲ့အမေအိမ်ထောင်ကျပြီးကလေးတွေနဲ့နေနေတဲ့ကိကိကတော့သူ့အမေအဲဒီလိုလုပ်တာကိုသဘောမကျတဲ့အချိန်ခရစ်စမတ်ကိုသူနဲ့အတူနေဖို့သူ့အမေရောက်လာတဲ့အခါ....အိုင်းစက်ဆိုတဲ့အမေကတော့သူ့သမီးဆီပိုက်ဆံလိုမှပြန်ပြန်လာတောင်းတက်တဲ့အမေပေါ့သူ့သမီးကတော့အမေနဲ့အတူအချိန်တွေအတူတူကုန်ဆုံးချင်ပြီးအတူနေဖို့ဆန္ဒရှိတဲ့သမီးတစ်ယောက်ဒီနှစ်ခရစ်စမတ်မှာလဲသူ့သမီးဆီပိုက်ဆံပြန်လာတောင်းတဲ့အခါ.....သမီးနဲ့အမေကြားကဖွင့်မပြောဖြစ်ကျတဲ့စကားတွေနဲ့ပေါက်ကွဲထွက်လာကျတဲ့အခါမှာ....မိသားစုသုံးစုရဲ့မတူညီတဲ့ပြဿနာတွေကိုဟာသတွေနဲ့ရိုက်ကူးထားတဲ့ခရစ်စမတ်ကားကောင်းလေးတစ်ကားပါ File Size : ( 980 MB , 367 MB )Quality : Web-DL 720pRunning Time : 1 hr 44 minFormat : Mp4Genre : ComedySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwinzawgyiခရစ်စမတ်လဲနီးပြီဆိုတော့အားလုံးနဲ့မစိမ်းတဲ့ဒရမ်မာဟာသခရစ်စမတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်ရုသ်ဆိုတာကတော့ သမီးဘာလုပ်လုပ်အကောင်းမမြင်ပဲအမြဲတမ်းပြီးပြည့်စုံတာကိုပဲလိုချင်တဲ့အမေ ခရစ်စမတ်ကိုပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်တဲ့သမီးအေမီသူတို့နှစ်ယောက်ခရစ်စမတ်ပွဲတော်အတွက်ပြင်ဆင်ကျတဲ့အခါ.....ဆန်ဒီဆိုတာကတော့သမီးကိုမျက်လုံးထဲမှာကလေးတစ်ယောက်အဖြစ်သာမြင်နေပြီးအရာရာအကုန်သမီးနဲ့ဆင်တူတွေလိုက်လုပ်တဲ့အမေအိမ်ထောင်ကျပြီးကလေးတွေနဲ့နေနေတဲ့ကိကိကတော့သူ့အမေအဲဒီလိုလုပ်တာကိုသဘောမကျတဲ့အချိန်ခရစ်စမတ်ကိုသူနဲ့အတူနေဖို့သူ့အမေရောက်လာတဲ့အခါ....အိုင်းစက်ဆိုတဲ့အမေကတော့သူ့သမီးဆီပိုက်ဆံလိုမှပြန်ပြန်လာတောင်းတက်တဲ့အမေပေါ့သူ့သမီးကတော့အမေနဲ့အတူအချိန်တွေအတူတူကုန်ဆုံးချင်ပြီးအတူနေဖို့ဆန္ဒရှိတဲ့သမီးတစ်ယောက်ဒီနှစ်ခရစ်စမတ်မှာလဲသူ့သမီးဆီပိုက်ဆံပြန်လာတောင်းတဲ့အခါ.....သမီးနဲ့အမေကြားကဖွင့်မပြောဖြစ်ကျတဲ့စကားတွေနဲ့ပေါက်ကွဲထွက်လာကျတဲ့အခါမှာ....မိသားစုသုံးစုရဲ့မတူညီတဲ့ပြဿနာတွေကိုဟာသတွေနဲ့ရိုက်ကူးထားတဲ့ခရစ်စမတ်ကားကောင်းလေးတစ်ကားပါFile Size : ( 980 MB ...
movie
2017
5.7
ပြီးခဲ့တဲ့ခရစ္စမတ်ကိုပြန်လည်တမ်းတလိုပြီး ဇာတ်လမ်းမြူးမြူးလေးတွေကို နှစ်သက်ကြည့်ရှူလိုကြတဲ့ပရိတ်သတ်တွေအတွက် A Bad Moms Christmas ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားဟာ ၂၀၁၇ နိုဝင်ဘာလမှာ ထွက်ထားတာဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတာဖြစ်ပြီး ခရစ္စမတ်အချိန်တွေကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်သမီးသုံးယောက်နဲ့ အမေသုံးယောက်ကြားထဲက သားအမိဆက်ဆံရေးတွေကိုဟာသဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့အတွက် မိန်းကလေးပရိတ်သတ်အများစု နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်သူငယ်ချင်းသုံးယောက်ဖြစ်ကြတဲ့ အေမီ ကိကိ နဲ့ ကာလာတို့ဟာ ခရစ္စမတ်ကို ကိုယ်ပိုင်အစီအစဉ်တွေနဲ့ဖြတ်သန်းဖို့ စီစဉ်ထားကြပြီးမကြာခင်မှာပဲ သူတို့သုံးယောက်ရဲ့ အမေတွေ ကိုယ်စီကိုယ်စီ ရောက်လာကြပြီး သူတို့အစီအစဉ်တွေပျက်ပြားသွားခဲ့တယ်…ဒီလိုနဲ့ခရစ္စမတ်မှာသူတို့ဖြတ်သန်းချင်တဲ့အတိုင်းဖြတ်သန်းဖို့ကြိုးစားရင်း သူတို့အမေတွေနဲ့ စခန်းသွားကြပုံကို ပရိတ်သတ်ကြီးကိုယ်တိုင်ကြည့်ရှူ ရယ်မောတော်မူကြပါဦး..သရုပ်ဆောင်ထားသူတွေကတော့ အားလံုးသိကြတဲ့ Mila Kunis, Christine Baranski, Kristen Bell, Cheryl Hines, Susan Sarandon, Kathryn Hahn တို့အပြင် အမေရိကန် ဆက်ဆိုဖုန်း ဂီတပညာရှင် Kenny G လည်းပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ် File Size : (950 MB) ...
movie
2017