Channel Myanmar

Matthew Sean Blumm

Lost on a Mountain in Maine (2024) 6.5
Lost on a Mountain in Maine (2024)  ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မိန်းပြည်နယ်တောင်ပေါ်တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ယောက်အကြောင်းဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်....တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ဖော်ပြထားတဲ့ ဇာတ်ကွက်တွေနဲ့ဖြစ်ရပ်အတွင်း တကယ်ပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေကိုပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းတစ်ပုဒ်လိုရောမှတ်တမ်းရုပ်ရှင်တစ်ကားလိုပါခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်...ဒုတိယကမ္ဘာစစ် စစ်ကြိုကာလက အဖြစ်အပျက်ဖြစ်တာနဲ့အညီ နိုင်ငံတကာအရေးတင်းမာပုံနေကို ရေဒီယိုသတင်းကနေတဆင့် အနုပညာမြောက်စွာတင်ပြထားပြီး ဆိုးရွားလာတော့မယ့်အခြေအနေတွေကို ခံစားမိနေတဲ့ဖခင်တစ်ယောက်ရဲ့စိုးရိမ်ကြီးမှုတွေနဲ့ ဆယ်ကျော်သက်အရွယ်သားတစ်ယောက်ရဲ့ လတ်ဆတ်တက်ကြွမှုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ပွတ်တိုက်မှုကိုလည်း ပီပီပြင်ပြင်ရိုက်ကူးတင်ပြထားပါတယ်ထို့အပြင် တောင်ပေါ်မှာပျောက်ဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် ဖခင်တစ်ယောက်ရဲ့ ပူဆွေးကြီးရတဲ့ခံစားချက် ဖခင်ကို ကလန်ကဆန်လုပ်ခဲ့တဲ့မိတဲ့သားတစ်ယောက်ရဲ့ စိတ်ခံစားချက် မိခင်တစ်ယောက်ရဲ့ မိမိရင်သွေးတွေအပေါ်နားလည်နိုင်စွမ်း သွေးချင်းတစ်ယောက်ရဲ့ ၅၂၈ အရင်းခံ အပြစ်မကင်းခံစားရမှုတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသထားလို့ ဒရမ်မာရုပ်ရှင်ကြိုက်နှစ်သူ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်...Donn Fendlerဆိုတဲ့ မြီးကောင်ပေါက် ၁၂ နှစ်သားလေးတစ်ယောက်ဟာအလုပ်ခရီးစဉ်ကနေပြန်လာတဲ့ ဖခင်နဲ့အတူငါးဖမ်းထွက်ဖို့ကို အမျှော်လင့်ကြီးမျှော်လင့်လျက်ရှိပါတယ် ၎င်းရဲ့မျှော်လင့်ချက်တွေဟာ ကြာရှည်မခံ လက်တွေ့ဖြစ်မလာခဲ့ဘဲ ဖခင်ရဲ့နောက်ခရီးတစ်ခုနဲ့အတူရိုက်ချိုးခံလိုက်ရပြီးDonn Fendler တစ်ယောက် ဖခင် Donald အပေါ်မကျေမနပ်ဖြစ်ရပါတော့တယ်Donald အနေနဲ့လည်း ၎င်းရဲ့ကတိပျက်မှုကို ပြန်လည်ဖာထေးဖို့ တောင်တက်ခရီးစဉ်တစ်ခုအစားထိုးစီစဉ်ခဲ့ပေမဲ့ Donn ...
movie

Lost on a Mountain in Maine (2024)

Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
Son (2021) 5.8
Son (2021) Son (2021)==========IMDb Rating - 5.8/10ဇာတ်လမ်းခေါင်းစဉ်အတိုင်းပါပဲ။ သားသည်မိခင် တစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ဇာတ်လမ်းက Thriller ပိုင်းကို သွားထားတဲ့အတွက် ထူးဆန်းတဲ့အကြောင်းအရာတွေကို သည်းထိတ်ရင်ဖိုခံစားရမှာပါ။လော်ရာ ဆိုတဲ့ အမျိုးသမီးဆီမှာ ဒေးဗစ် ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။တစ်နေ့တော့ ဒေးဗစ်တစ်ယောက် အိပ်ရင်းတန်းလန်းနဲ့ သတိလစ်သွားပါတော့တယ်။ ဒေးဗစ် သတိမလစ်ခင်မှာအိမ်ထဲကို လူဝင်လာတာမျိုးကို လော်ရာ မြင်လိုက်ရပါတယ်။ ဒါပေမယ့် ရဲတွေ လာရောက်စစ်ဆေးတဲ့အချိန်မှာတော့ဘာခြေရာလက်ရာမှ မတွေ့ရပါဘူး။ဒေးဗစ်ကို ဆေးရုံသွားပြပေမယ့်လည်း ရောဂါရယ်လို့ မယ်မယ်ရရ နာမည်တပ်စရာ မရှိခဲ့ပါဘူး။ဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေက ဘာကြောင့်များလဲ ဆိုတာကိုတော့ ...... ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှူကြပါ။ (Horror, Thriller အမျိုးအစားကြိုက်သူများအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါပဲ။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Jerrica, August တို့ ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h ...
movie

Son (2021)

2021