Channel Myanmar

Matthew Rhys

Burnt (2015) 6.6
Burnt (2015)  ဒီဇာတ်ကားလေးကတော့ 2015 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Bradley Cooper,Sienna Miller နဲ့ Daniel Brühl တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ John Wells ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း…….Adam Jones ဟာ မီချယ်လင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ Adam ဟာ အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့အမူအကျင့်ဆိုးတွေ အောင်မြင်မှုကို မထိန်းသိမ်းနိုင်မှုတွေကြောင့် ပြန်လည်ဆုံးရှူံးခဲ့ရပါတယ်။အဲ့တာကြောင့်သူဟာ သူ့ကိုယ်သူပြန်လည်ရှာဖွေရင်း ပဲရစ်မြို့ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပါတယ်။လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားဖိုမှူးဖြစ်အောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်မြောက်လာအောင် Adam တစ်ယောက်ဘယ်လိုတွေလုပ်သွားမလဲ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ သူလိုချင်တဲ့ အရာတွေရော ရရှိသွားမလားဆိုတာတွေကို စိတ်ဝင်းစားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။2015 ခုနှစ်ကတည်းကထွက်ရှိထားတဲ့ကားလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... ...
movie

Burnt (2015)

2015
Watchmen: Chapter I (2024) 7.2
Watchmen: Chapter I (2024)  **"Watchmen: Chapter I" (2024)** ဟာ Alan Moore နဲ့Dave Gibbons တို့ရဲ့ အထင်ကရ ဂရပ်ဖစ်ဝတ္ထုကို ကာတွန်းနဲ့လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။အချိန်ကာလ တလှည့်စီဖြစ်ပျက်နေတဲ့ ၁၉၈၅ ခုနှစ်မှာ လူမှုအသိုင်းအဝိုင်းက သဘောထားမတိုက်ဆိုင်မှုတွေကြောင့်စူပါဟီးရိုးတွေကို တရားမ၀င်သောကမ္ဘာတခုမှာ ဖြန့်ကြက်ထားတာပါ။‌ဇာတ်လမ်းရဲ့အဖွင့်မှာတော့ လူရွှင်တော် "The Comedian" လို့လူသိများတဲ့ အစိုးရကထောက်ပံ့ထားတဲ့ စူပါဟီးရိုးတစ်ဦးသတ်ဖြတ်ခံရမှုနဲ့အတူ စတင်ထားပါတယ်။Rorschach က ဒီအမှုကိုလိုက်တဲ့အခါမှာ အမှုက ပိုမိုနက်ရှိုင်းလာတာနဲ့အမျှ Nite Owl၊ Silk Spectre၊ Dr. Manhattan နဲOzymandias အပါအဝင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပါ၀င်တဲ့ ရှုပ်ထွေးတဲ့ ပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုဟာ သူတို့ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ရုံတင်မကသမိုင်းလမ်းကြောင်းကို ပြောင်းလဲစေမည့် အလားအလာရှိပြီစကမ္ဘာကြီးတခုလုံးကို ပြာပုံအတိဖြစ်စေမယ့် အကြောင်းအရာပဲဖြစ်ပါတယ်။ပရိသတ်တွေကပဲ ဒီဇာတ်ကားရဲ့အနှစ်သာရကို ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါဦး။( အညွှန်းနဲ့ ဘာသာပြန်ကတော့ PHONIX ဖြစ်ပါတယ် )File size…1.55GB / ...
movie

Watchmen: Chapter I (2024)

Watchmen: Chapter II (2024) 6.9
Watchmen: Chapter II (2024)  Watchmen Chapter II ‌animated movie လေးကတော့Chapter 1 ရဲ့အဆက်ဖြစ်ပါတယ်Chapter 1 မှာ Comedian အသတ်ခံရလို လိုက်စုံစမ်းနေတဲ့Rorschach တစ်ယောက် ချောက်ချခံရပြီး ထောင်ကျနေတာကနေစပါတယ်။ဒီလို လုပ်ကြံမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ. တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရှေ့အနောက်အားပြိုင်မှုတွေကနေ တတိယကမ္ဘာစစ် ပေါ်လာခါနီးပြဿနာတွေကရောဘယ်လိုဆက်စပ်နေမလဲ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာကို ပညာသားပါပါ ရိုက်ပြထားတဲ့ အမိုက်စား animation movieတစ်ကားပဲ ဖြစ်လို Chapter 1 မကြည့်ရသေးရင် ၂ ခုလုံးကြည့်ဖိုChapter 1 ကြည်ပြီးသူတွေလည်း ဒါကို ဆက်ကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်........... File size… (1.12GB) / (624MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Animation ,  Action  , ...
movie

Watchmen: Chapter II (2024)

Saturday Night (2024)

Saturday Night (2024)

Deathwatch (2002) 5.9
Deathwatch (2002)  Deathwatch (2002)IMDb Rating (5.9) ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ကွဲ၍ ဂျာမန်ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန်တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာပါတယ်။ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှောင့်ယှက်နေတဲ့ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.6 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller, War Duration….01:35:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice
movie

Deathwatch (2002)

2002
The Edge of Love (2008) 6.1
The Edge of Love (2008)  Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie

The Edge of Love (2008)

IF (2024) 6.7
IF (2024)  ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL  1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation  , Comedy , Drama Subtitle….Myanmar Subtitle ...
movie

IF (2024)

Virgin Territory (2007)
Virgin Territory (2007) Virgin Territory (2007) Genre – Adventure, Comedy, Romanceနာမည်ကျော် Star Wars ရုပ်ရှင်တွေမှာ Darth Vader မဖြစ်ခင်ဘဝAnakin Skywalker နေရာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားHayden Christensen ငယ်ရွယ်နုပျိုစဉ်တုန်းကကောင်မလေးတသိုက်နဲ့ ပျော်ပိုက်ကြတဲ့အချစ်ဟာသ စွန့်စားခန်းကားလေး ဖြစ်ပါတယ်။အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ်လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။ MCU မှာ Abomination လုပ်တဲ့ မင်းသားကြီး Tim Roth လည်းဗီလိန်နေရာပါ ပါဝင်ထားပါသေးတယ်။ကျန်တာတော့ နာမည်မသိပေမဲ့ အတော်ကိုချောမောလှပကြတဲ့မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။ လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်းလူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီးလိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေအပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကိုပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်းလူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ဒီမှာတင် သူဌေးမလေးကလည်း ...
movie

Virgin Territory (2007)

The Scapegoat (2012) 7.2
The Scapegoat (2012) The Scapegoat (2012) ================= IMDb Rating - 7.2/10ဂျွန်စတန်းဒင်းဆိုသူက ကျောင်း‌ဆရာအလုပ်ကထွက်ပြီး ခြေဦးတည့်ရာ သွားဖို့ စိတ်ကူးထားသူဖြစ်တယ်။ အလုပ်ထွက်ပြီးညမှာပဲ အရက်ဆိုင် တစ်ဆိုင်မှာ သူနဲ့ချွတ်စွပ်တူတဲ့ ဂျွန်နီစပန့်ဆိုတဲ့ သူဌေးသားတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့မိပြီး စကားလက်ဆုံပြောဖြစ်ကြတယ်။ ‌ဂျွန်တစ်ယောက် နောက်နေ့မနက် အိပ်ရာကနိုးလာတဲ့အချိန်မှာ သူ့အဝတ်အပါအဝင် ပါလာ တဲ့ပစ္စည်းတွေအားလုံးအခိုးခံလိုက်ရတာကို သိလိုက်ရတယ်။အဲ့အချိန်မှာပဲ ဂျော့ဂ်ျဆိုတဲ့ ကားဒရိုင်ဘာက သူ့ကိုအိမ်ပြန်‌ပို့ပေးဖို့ ပြောလာ ပါတယ်။ ဘာမှမသိတဲ့ ဂျွန်တစ်ယောက် ဒရိုင်ဘာခေါ်သွားရာနောက်ကို လိုက် သွားပြီးနောက်မှာသိလိုက်ရတာက သူ့ကို သူဌေးသား ဂျွန်နီအဖြစ်အထင်မှား နေကြတယ်ဆိုတာပါပဲ။ အထင်မှားတဲ့လူတွေကတော့ အခြားတော့မဟုတ် စပန့်စံအိမ်ကြီးထဲက အိမ်သားတွေပဲဖြစ်တယ်။ ဘဝချင်းအလဲခံလိုက်ရတဲ့ ဂျွန်တစ်ယောက် စပန့်စ်စံအိမ်ကြီးထဲမှာ ဘယ်လိုရှင်သန်မလဲ၊ နောက်ပြီး အဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုဦးစီးပြီး သူ့နဂိုဘဝကိုပြန်သွားဖို့ ဘယ်လိုအဖြေရှာလဲဆိုတာကို ၁၉၅၇ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပုံဖော်ထားးတဲ့ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.42 GB) / (461 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant ...
movie

The Scapegoat (2012)

2012
The Post (2017) 7.3
The Post (2017) The Post(2017) ************** IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေကMeryl Streep, Tom Hanks နဲ့  Sarah Paulson  ....Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေအခြားဆုပေါင်းများစွာ ရတာတွေ အသာထား ...ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်....အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာKatherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်..သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်...အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေအန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်...အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်...File Size :(2.6GB) &(994MB) Quality ...
movie

The Post (2017)

2017
Cocaine Bear (2023) 6.4
Cocaine Bear (2023) Cocaine Bear (2023)ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Cocaine Bear (2023)

Seal Team (2021) 5.5
Seal Team (2021) Seal Team (2021)ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေါ်တဲ့ ပယ်လယ်ဖျံအဖွဲကချိန်ကိုက်ဗုံးကို ကြိုးမှာဖြတ်ရာကနေအဖွဲကိုဖြိုခွဲခံခဲ့ရပါတယ်တစ်ဖက်မှာလည်း ကွင်နဲ့ ဘန်ဂျီကသူငယ်ချင်းကောင်းတွေပါခရင်းကောင်တွေပဲစားရတာငြီးငွေ့နေတဲ့သူတိုဖို သင်္ဘောပျက်တွေထဲအစာထွက်ရှာရင်း ဘန်ဂျီတစ်‌ကောင်ငါးမန်းစာဖြစ်သွားတဲ့အခါမှာတော့ကွင်တစ်‌ကောင်ဒေါသထွက်နာကျည်းပြီး လက်စားပြန်ချေဖိုပြိုကွဲသွားတဲ့အဖွဲHmmfနဲ့သွားပူးပေါင်းခဲ့ပါတယ် ကိုယ်ပိုင်အဖွဲရှာဖွဲ လေ့ကျင့်မှုတွေလုပ်ပြီးတဲ့ကွင်တိုအဖွဲက ငါးမန်းတွေကိုလက်စားပြန်ချေနိုင်မှာလား ငါးမန်းတွေကလည်းအင်အားစုပြီး အုပ်စုကြီးဖြစ်လာတဲ့အခါကွင်တိုအဖွဲလေးဘာတွေဆက်လုပ်ပြီးအနိုင်ယူကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့်ဟာသကာတွန်းကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုရအောင်လားရှင်ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni& Poe ပဲဖြစ်ပါတယ် File size…1.2GB / 620MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yunni & Poe
movie

Seal Team (2021)

2021
A Beautiful Day in the Neighborhood (2019) 7.5
A Beautiful Day in the Neighborhood (2019) unicodeအော်စကာဆုပေးပွဲမှာ ဆန်ကာတင်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုလောက်ကြည့်ရအောင်။မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါပဲ။တကယ်ကို လှပတဲ့ ဒရာမာ ကားလေးပါ။တွမ်ဟန့်ခ်ဟာ ဖရက် ရော်ဂျာစ်ဆိုတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်။တစ်နိုင်ငံလုံးက ကလေးတွေ လူကြီးတွေ ချစ်ကြတဲ့ လူကောင်းကြီး။သူ့အကြောင်းကို အင်တာဗြူးရမယ် ဂျာနယ်လစ်က လွိုက် ဗေဂယ်၊ငယ်ငယ်ကတည်းက အဖေကို စိတ်နာနေတဲ့ လူ့ခွစာ တစ်ယောက်။လူတွေကို အားမနာလျှာမကျိုး ရေးတတ်လို့ သူနဲ့ ဘယ်သူမှ အင်တာဗြူးခံမယ့်သူ မရှိတဲ့လူ။ဒါပေမယ့် ဖရက်က သူ့ကို လက်ခံပြီး အင်တာဗြူးချိန်မှာ ဖရက်ဟာသူမြင်ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ တွေ့လိုက်ရတယ်။ဒါကို သူလက်မခံနိုင်ဘူး။ ဒါဟာ ဟန်ဆောင်နေတာဖြစ်ရမယ်၊သူ့ရဲ့ စိတ်ရင်းအမှန်ကို သိအောင်လုပ်ရမယ်ဆိုပြီး ဖရက်ကို သေချာလေ့လာမိသွားတယ်။ဖရက်ကလည်း လွိုက်ရဲ့ ဖခင်နဲ့ ပြဿနာ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားပေးဖို့ ကြိုးစားလာတယ်။သူတို့ ၂ ယောက် ဘယ်လိုဆက် စခန်းသွားကြမလဲ…….ဇာတ်လမ်းအစ စကားလုံးလေးတွေနဲ့ပဲ အဆုံးထိ ခံစားကြည့်သွားလိုက်ပါ။ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ယောက်ကို ကျွန်တော်တို့ စိတ်ထဲမှာထားရှိနေတဲ့ ...
movie

A Beautiful Day in the Neighborhood (2019)

The Report (2019) 7.2
The Report (2019) unicodeRating 7.2 အထိရရှိထားတဲ့ ကားကောာင်းလေးဖြစ်ပါတယ်...သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခု တင်ထားပေးပါတယ်။စီအိုင်အေရဲ့ ကမ္ဘာကျော် အရှုပ်တော်ပုံတွေထဲက တစ်ခုပါပဲ။နိုင်းအလဲဗန်းမှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးတိုက်ညီနောင်ကိုအယ်ကိုင်ဒါအကြမ်းဖက်တွေ လေယာဉ်နဲ့ဝင်တိုက်သွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲပါ။ဒီကိစ္စဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး မအောင်မြင်မှုဖြစ်လာပြီးစီအိုင်အေလည်း အတော်ကို အရှက်ရခဲ့ရပါတယ်။ဒီဖြစ်ရပ်နောက်မှာတော့ အယ်ကိုင်ဒါကနေ ဖမ်းမိတဲ့အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို တစ်ဆင့်မြှင့်စစ်ကြောရေးစနစ်လို့ ခေါ်မယ့်EIT ( enhanced interrogation techniques ) ကို စတင်ကျင့်သုံးခဲ့ပါတယ်။ဒီနည်းစနစ်တွေဟာ ရက်စက်ပြီး ကြမ်းတမ်းတဲ့အတွက်စီအိုင်အေအတွင်းမှာပဲ ကန့်ကွက်သူတွေ ထောက်ခံသူတွေ ၂ ခြမ်းကွဲနေခဲ့တာပါပဲ။ဒါပေမယ့် နိုင်းအလဲဗန်းလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံနိုင်တဲ့ အတွက်သမ္မတ ချယ်နေ နဲ့ သမ္မတ ဘွတ်ရှ်တို့လက်ထက်မှာတရားဝင် ဒါကို အသုံးပြုနေခဲ့ကြတယ်။ဒီစစ်ကြောရေးတွေနဲ့ ပတ်သတ်ပြီးလွှတ်တော် ထောက်လှမ်းရေး ကော်မတီက ပြန်လည် ဆန်းစစ်တဲ့အခါဒီနည်းလမ်းတွေကြောင့် သတင်းမှန်တွေ မရဘဲသတင်းမှားတွေ၊ သိပြီးသား သတင်းတွေပဲ ရလာတာကို သိလာရပါတယ်။စီအိုင်အေဘက်ကလည်း ဒီနည်းလမ်းတွေဟာအောင်မြင်မှုရမှသာ ...
movie

The Report (2019)

2019
Mowgli: Legend of the Jungle (2018) 6.5
Mowgli: Legend of the Jungle (2018) 1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ် ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက် Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ် Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ် ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်းပြောင်းလဲသွားတာရှိတယ် အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ် ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ် ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်.... ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်... ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါ သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်... သူ့မေးခွန်းတွေကို ...
movie

Mowgli: Legend of the Jungle (2018)

2019