Channel Myanmar

Matthew Ocampo

The Mattachine Family (2024) 6.0
The Mattachine Family (2024)  ရှေးခေတ်က လက်မခံကြပေမဲ့ အခုခေတ်မှာတော့ လူအများလက်ခံခြင်းကို ရရှိလာတဲ့ LGBTQ+ တွေနဲ့ပတ်သက်ပြီးဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုရိုက်ကူးသူ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတို့ရဲ့ ပြင်ပကအခြေအနေတချို့ကိုပါ အခြေခံပြီးရိုက်ကူးထားတာမလို့Based on true story လို့ ပြောရမှာပါ။ငယ်စဉ်အရွယ်ကတည်းက ဂေးဆိုတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိရှိလာပြီး မိဘတွေကပါ လက်ခံပေးခဲ့တဲ့ "သောမတ်စ် ရိဒ်"သူမိသားစုလေးပြိုကွဲသွားတဲ့အချိန်မှာပဲ တီဗီပေါ်မှာ မိသားစုရှိုးနဲ့နာမည်ကြီးလာတဲ့ မွေးစားခံကောင်လေးတစ်ယောက် "အော်စကာရေးရက်စ်" ကြီးပြင်းလာတဲ့တစ်လျှောက် ကိုယ်စီအခက်အခဲတွေနဲ့ကြုံခဲ့ရပေမဲ့ လမ်းဆုံတစ်ခုမှာ ဆုံတွေ့ခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအရမ်းချစ်ကြသူတွေဖြစ်ပြီး မကြာခင်မှာ လက်ထပ်လိုက်ကြပါတယ်။စပြီး အိပ်ထောင်သည်ဘဝကို ဝင်လာကြချိန်မှာ ကလေးယူဖို့အတွေးကို သောမတ်စ်ရဲ့ စိတ်ထဲမှာ တစ်ခါမှမတွေးဖူးခဲ့ပေမဲ့အော်စကာကတော့ မွေးစားကလေးဖြစ်ခဲ့တဲ့အလျောက် ကလေးအရမ်းမွေးစားချင်ပြီး သောမတ်စ်ကို တဖွဖွပြောနေခဲ့ပါတယ်။နောက်ဆုံး သောမတ်စ်ပါ လက်ခံပြီး "အာသာ" ဆိုတဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့ပေမဲ့လည်း မွေးရင်းမိဘတွေ မသေဆုံးသေးတဲ့ကလေးဖြစ်တဲ့အတွက် မိခင်ဖြစ်သူက အချုပ်ကထွက်လာတဲ့အခါအမေလက်ထဲကို ပြန်ပေးလိုက်ရပါတော့တယ်။သူတို့နှစ်ယောက်ဟာ "အာသာ" ဆိုတဲ့ ကလေးနဲ့ တစ်နှစ်ပဲနေလိုက်ရပေမဲ့ ကလေးနဲ့ လမ်းခွဲရပြီးနောက် ...
movie

The Mattachine Family (2024)