Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Macfadyen
7.8
Pride & Prejudice (2005)
Pride & Prejudice (2005)IMDb Rating (7.8) / Rotten Tomatoes (87%)မင်းသမီး Keira Knightley ကို စတင်နာမည်ကြီးစေခဲ့တဲ့ရုပ်ရှင်ဖြစ်သလို အသက် ၂၀ အရွယ်လေးမှာ ရိုက်ထားတာမလို့ ဒီကားထဲမှာ အရမ်းချစ်စရာကောင်းနေတာ မြင်တွေ့ရမှာပါ။ မင်းသားကြီး Matthew Macfadyen နဲ့အတူ တခြားနာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Rosamund Pike, Carey Mulligan,Jena Malone တို့လဲပါဝင်ထားပါတယ်။၁၈၁၃ ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးကို 2005 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ...ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်...သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့..အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့..တစ်နေ့မှာသူတို့မြို့ကို ...
movie
Pride & Prejudice (2005)
2005
4K HEVC
5.1
Holland (2025)
Holland (2025)IMDb Rating (5.1) / Rotten Tomatoes (26%) မင်းသမီးကြီး Nicole Kidman ရဲ့ thriller/drama ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းနန်စီလို့ခေါ်တဲ့အမျိုးသမီးဟာ ပြီးပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားတဲ့အမျိုးသမီးတစ်ယောက်အဖြစ် အများကလက်ခံထားကြပါတယ်။သူမကိုယ်တိုင်လည်းဒီလိုပဲလက်ခံထားပေမယ့် သူမရဲ့မသိစိတ်ထဲမှာတော့အကြောင်းအရာတစ်ခုခုက သူမကိုအမြဲလိုလိုပဲ မတင်မကျဖြစ်နေစေခဲ့ပါတယ်။တစ်ရက်မှာတော့ သူမရဲ့ခင်ပွန်းဟာ သူမ မသိအောင်နောက်ကွယ်မှာခြေရှုပ်နေတယ်လို့ထင်ရစေတဲ့ သက်သေတစ်ခုကိုရှာတွေ့လိုက်ပြီးနောက် ဒါကိုလိုက်လံစုံစမ်းနေရင်းနဲ့ပဲ ဒီအကြောင်းအရာတွေက တကယ်ပဲဖြစ်နေတာလား?ဒါမှမဟုတ် သူမရဲ့ထင်ယောင်ထင်မှားစိတ်ကပဲ သူမကိုလှည့်စားနေတာလား အဆုံးသတ်မှာဘာဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာခံစားကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (7.3 GB) / (1.9 GB) / (920 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:50:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Senju
movie
Holland (2025)
2025
7.9
Deadpool & Wolverine (2024)
Deadpool & Wolverine (2024)IMDb Rating (7.9) / Rotten Tomatoes (78%)Official WED-DL Version ရုပ်သံအကြည်ထွက်လာလို့ 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။Deadpool & Wolverine (2024) အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်း Channel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။ Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki ...
movie
Deadpool & Wolverine (2024)
4K HEVC
5.7
The Three Musketeers (2011)
ဒီဇာတ်လမ်းဟာ Alexandre Dumas ရဲ့ သူရဲကောင်း ၃ ယောက်ဝတ္ထုကို အခြေခံထားပြီးမှ ဇာတ်ညွှန်းဆန်းသစ်ပြီး ပြန်ရိုက်ထားတာပါ။၂၀၁၁ ထွက်ဖြစ်တာမို့ မြင်ကွင်းတွေနဲ့ ရိုက်ချက်တွေက ကောင်းမွန်ပါတယ်။ ဇာတ်လမ်းကတော မူရင်းလောက်မကောင်းတာအမှန်ပါပဲ။ အက်ရှင် စွန့်စားခန်းကောင်းတွေကို အားပေးချင်သူတွေအတွက် အဆင်ပြေမှာပါ။ File size…(1.7 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bo Phway
movie
The Three Musketeers (2011)
7.5
Grindhouse (2007)
ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့ ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie
Grindhouse (2007)
7.7
Frost/Nixon (2008)
၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စကိုနောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့ အမေရိကန်သမ္မတ Richard Nixon ဟာ မကြာခင်မှာပဲ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်ဖြူတော်က ထွက်ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ David Frost က TV ကနေကြည့်ရင်း နစ်ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို အခြေတည်ထားတာဖြစ်ပြီး Political Drama အမျိုးအစားဖြစ်ပါတယ်။ Frost က ဖျော်ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့လာပြီး ပိုပြီးလေးနက်တဲ့ နိုင်ငံရေးအင်တာဗျူးတွေကို တင်ဆက်ချင်လို့ ဒီကိစ္စကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ဒီအင်တာဗျူးကနေတဆင့် လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို နိုင်ငံရေးအကင်းမပါးတဲ့ ...
movie
Frost/Nixon (2008)
6.7
Robin Hood (2010)
Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး.. File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Robin Hood (2010)
7.0
Enigma(2001)
Enigma(2001)************* Dougray Scott နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဆုကြီး(၃) ဆု လည်းရရှိထားပါတယ်.. ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမန်တွေရဲ့ယူ-ဘုတ် ရေငုပ်သင်္ဘောတွေက ဟိုနေရာကပေါ်လာလိုက်၊ ဒီနေရာက ပေါ်လာလိုက် နဲ့ အင်္ဂလန်နိုင်ငံကို ထောက်ပံ့မယ့်လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက် ခိုက် ချေမှုန်းနေတဲ့အတွက်အင်္ဂလန်နိုင်ငံ ဒုက္ခအကြီးအကျယ်တွေ့နေချိန်ဖြစ်ပါ တယ်။ယူဘုတ်ရေငုပ်သင်္ဘောတွေ ကိုရှောင်ရှားဖို့၊ ပြန်လည်တန်ပြန်တိုက်ခိုက်ဖို့အတွက်အဓိကသော့ချက်ကတော့ ဂျာမန်တွေအသုံးပြုဆက်သွယ်တဲ့ အင်နစ်ဂ်မာ စက် (Enigma Machine)ရဲ့ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ဒီဇာတ်လမ်း မှာတော့ သင်္ချာပညာရှင်ရယ်၊ ပျောက်နေတဲ့သူ့ကောင်မလေးရယ်၊စုံထောက်အရာရှိတစ်ယောက်ရယ်၊ သူလျှို တစ် ယောက်ရယ် ပါဝင်နေပါတယ်။သူတို့ရဲ့ လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တတွေ၊ ချစ်ခြင်းမေတ္တာတွေကဘယ် လောက်အတိုင်းအတာထိ အရေးပါနေပြီး စစ်ပွဲအနိုင်အရှုံးထိဆုံးဖြတ်ပေးသွားနိုင်လဲဆိုတာကိုတော့. File Size :(3.1GB) (1.1GB) and (428MB) Quality : Blu-Ray1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : War,Romance , Drama Subtitle : Myanmar Subtitle (Hard ...
movie
Enigma(2001)
Operation Mincemeat (2022)
ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie
Operation Mincemeat (2022)
6.6
Anna Karenina (2012)
Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
6.3
The Assistant (2019)
ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie
The Assistant (2019)
6.4
The Current War (2017)
(Unicode)ဒီရုပ်ရှင်ကတော့ ၁၈၈၅ ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ သောမတ်အက်ဒီဆင်၊ နီကိုလာ တက်စလာ၊ ဂျော့ ဝက်စတင်ဟောက် တို့ရဲ့ အားပြိုင်မှုတွေကို အခြေတည်ထားတာပါ။အက်ဒီဆင်ဆိုတဲ့ ဥာဏ်ကြီးရှင်ကို မကြားဖူးတဲ့သူ ရှားပါလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဥာဏ်ကြီးရှင်ဇာတ်ရုပ်တွေအတွက် မွေးလာသလို့ထင်ရတဲ့ မင်းသားပဲ သရုပ်ဆောင်ထားတာပါ။ဘန်နီဒစ် ကမ်းဘားဘက်ခ်ျ ပါပဲ။သူ့ရဲ့လက်ထောက်အဖြစ်တော့ စပိုက်ဒါမန်းမင်းသား တွမ်ဟော်လန် က ပါဝင်ထားပါတယ်။နီကိုလာတက်စလာ အဖြစ်တော့ နီကိုလတ်ဟောက်ထ် က သရုပ်ဆောင်ထားပါတယ်။သူ့ကိုတော့ x-men အဖြစ်ရော warm bodies ထဲက ဇွန်ဘီးအဖြစ်ရော သိကြမှာပါ။သူတို့တွေရဲ့ အဓိက အားပြိုင်မှုကတော့ လျှပ်စစ်ဖြန့်ဖြူးရေး စျေးကွက်မှာပါပဲ။အက်ဒီဆင်က DC Current ကိုအသုံးပြုပြီး AC ဟာ လူသေနိုင်ချေ အရမ်းများတဲ့အတွက် အသုံးမပြုခဲပါဘူး။ဂျော့ဝက်စတင်ဟောက်နဲ့နီကိုလာတို့ကတော့ ဒီစီထက် သုံးဆလောက် စျေးသက်သာမယ့် အေစီနဲ့ စျေးကွက်ကို ယှဉ်ပြိုင်လာပါတယ်။ဒီတော့ အက်ဒီဆင်က အေစီတွေဟာ လူသေစေနိုင်ကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်ဖို့ ...
movie
The Current War (2017)
2017
5.6
The Nutcracker and the Four Realms (2018)
ခရစ္စမတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကလေးလေးအရွယ်ကတည်းက အသိ သညာတွေရှိခဲ့ဖူးတယ် အမှတ်တရတွေမှ လဲ အများကြီးပဲ ခရစ္စမတ်ကာရိုးသီချင်း လေးတွေနားထောင်ပြီး ကြက်ဆင်သားနဲ့ ပူတင်းပူပူလေးတွေ စားသောက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေအကြောင်းဖတ်ဖူးကြမှာပါ ဒီ The Nutcracker and the four realms ဆိုတဲ့ကားလေးမှာ လဲ ခရစ္စမတ်ရဲ့ မရိုးအီနိုင် တဲ့ခံစားမှုအငွေ့အသက်လေးတွေတွေ့မြင် ခံစားရဦးမှာပါ ဘာလို့ဆို ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့စတည်ထားတာကိုး plot အပိုင်းပြောရမယ်ဆိုရင် ကလာရာဆိုတဲ့ ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့ တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ် မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲ ထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့ နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီး လွမ်းမော တသဖြစ်နေတတ်တယ် သူမှမဟုတ်ပါဘူး ကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ ကလာရာလေးလဲထပ်တူထပ်မျှပါပဲ ဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီး ခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ် ဒါပေမယ့် လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူး အဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီး ဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့ အ ကြောင်းဖန်လာတဲ့ အခါ ဒီ movie လေးရဲ့ genre ကတော့ fantasy အမျိုးစားဆိုတဲ့အတိုင်း visual effect ...
movie
2018