Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Lawrence
5.0
The Contract (2024)
ဒီဇာတ်ကားလေးကတော့ Comedy Family Dramaအမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ်Gabrielle Dennis, Lil Duval, Caryn Ward တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Annaတို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်းလိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကိုဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်းပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးကတဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံးအနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ File size… (1.26GB) / (735MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
The Contract (2024)
Tales from the Darkside: The Movie (1990)
Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။Lover's Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် ...
movie
Tales from the Darkside: The Movie (1990)
5.5
The Hot Chick (2002)
The Hot Chick (2002) Genre – Comedy, Fantasy IMDB – 5.5/10The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်ကအခွီနောက်တစ်ကား လာပါပြီ။သူတင်မကပဲ ကျွန်တော်တို့ Notebook တို့ About Time တို့ Doctor Strange ကောင်မလေးSherlock ကောင်မလေးတို့ လုပ်ခဲ့တဲ့ မင်းသမီးချော Rachel McAdams လည်း ပါပါသေးတယ်ဗျာ။Scary Movie တွေနဲ့ မျက်ခွက်ပြောင်ခဲ့တဲ့ Anna Faris ကလည်းဇာတ်ပို့အနေနဲ့ ပါထားတော့ မြိုင်နေရောပဲ။ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့မင်းသားကြီး စကေးပြထားတဲ့ကားပါ။ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူပန်းဖွားမယ်ကလေး ဂျက်ဆီကာ ဆိုတာရှိပါတယ်။ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး ...
movie
The Hot Chick (2002)
2002
5
Double Threat (2022)
Double Threat (2022)ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က ...
movie
Double Threat (2022)
2022
3.3
Money Plane 2020
ဂျက်ဟာ ဒုစရိုက်သမားကြီး တစ်ဦးဆီမှာ အကြွေးများစွာ တင်နေတဲ့သူပါ။ သူ့မှာ အဖွဲ့တစ်ဖွဲ့လည်း ရှိပါတယ်။ ဆိုးတူကောင်းဖက် လုပ်စားကြမယ့် အဖွဲ့ပေါ့။ ဂျက်အကြွေးတွေကို အကြေချေပေးမယ်လို့ ပြောပြီး ဒုစရိုက်သမားကြီးက အလုပ်တစ်ခု ခိုင်းလာပါတယ်။ ပြတိုက်ထဲက ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားကို ခိုးဖို့ပေါ့။ အလုပ်ကို သေချာလုပ်တတ်တဲ့ ဂျက်တို့အဖွဲ့က သေချာပေါက်ဖြစ်စေရမယ်လို့ ယုံကြည်ပြီး ခိုးဖို့လုပ်ကြတယ်။ ဒါပေမဲ့ သူတို့လာမယ်ဆိုတာကို ပြတိုက်က ဘယ်လိုသိသွားတယ် မသိဘဲ ခိုးလို့ မရခဲ့ကြဘူး။ ဒီမှာပဲ ဒုစရိုက်သမားကြီးက မကျေနပ်တာနဲ့ ဒီထက်ပိုအန္တာရာယ်ကြီးပြီး ပိုပွပေါက်ရမယ့် Money Plane ဆီကို လွှတ်လိုက်တော့တယ်။ ကျန်တာတွေကို ဂျက်တို့အဖွဲ့ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ကြည့်ကြည့်ကြပါဦး။File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:22:00 Genre : Action Subtitle : Myanmar ...
movie
Money Plane 2020