Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Lamb
7.2
The Best Christmas Pageant Ever (2024)
ခရစ္စမတ်မှာ ရုပ်ရှင်သစ်ကြည့်ဖို့ရှာနေတဲ့ ပရိသတ်ကြီးအတွက်ရုံတင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဟာ့ဒ်မန်းမောင်နှမတွေဟာ အဆိုးဆုံးကလေးတွေလို့ သမုတ်ခံရလောက်အောင်ကို ဆိုးရွားလွန်းလှတဲ့ ပြဿနာအိုးလေးတွေပါ။ဟာ့ဒ်မန်းတွေ လာပြီဟေ့လို့ ကြားလိုက်တာနဲ့ ကလေးလူကြီးအစခွေးတိရစ္ဆာန်အဆုံး ဝေးဝေးကရှောင်ကြရတဲ့အထိ လက်ဖျားခါအောင်ဆိုးကြပါတယ်။ အဲဒီမောင်နှမတွေထဲက အဆိုးတကာ့ထိပ်ခေါင် ကလေးခေါင်းဆောင်ကတော့ အင်မိုဂျင်းဟာ့ဒ်မန်းပါ။မြို့ရဲ့ဘုရားကျောင်းကတော့ ခရစ္စမတ်ရာသီမှာ နှစ်စဉ်ကျင်းပနေကျခရစ္စမတ် ပြဇာတ်ပွဲကျင်းပဖို့စီစဥ်နေကြတဲ့အချိန်ပါ။ဘုရားကျောင်းမှာ မုန့်အလကားစားရတယ်ဆိုတဲ့ သတင်းကြားလို့တိုက်တိုက်ဆိုင်ဆိုင် ဘုရားကျောင်းရောက်ချလာတဲ့ ဟာ့ဒ်မန်းမောင်နှမတွေဟာ ခရစ္စမတ်ပြဇာတ်ထဲ ပါဝင်သရုပ်ဆောင်ကြဖို့အတွက်ဖြစ်လာပါတော့တယ်။ပြဿနာအိုး ဟာ့ဒ်မန်းမောင်နှမတွေ ဒီခရစ္စမတ်ပြဇာတ်ကြီးမှာဘယ်လိုအလွဲတွေနဲ့ပါဝင်သွားမလဲဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ။rating အနေနဲ့လည်း ခရမ်းချဉ်သီးပုပ်မှာ 91%အထိရရှိထားတဲ့ကားမို့ ဒီရုပ်ရှင်ကားလေးကိုခရစ္စမတ်အမီ watchlist ထဲထည့်ထားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။အချိန်ပေးကြည့်ရတာနဲ့ တန်မှာဖြစ်ပြီး ခရစ္စမတ်နေ့နဲ့ပတ်သတ်ပြီးလည်း မြင်နေကျမဟုတ်တဲ့ ရှုထောင့်အသစ်ကနေအတွေးအမြင်သစ်တွေပေးစွမ်းနိုင်မဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size… (3.2GB) / (1.27GB) / (696MB ) Quality… WEB-DL 4K HEVC 1080 / 720p Format…mkv / mp4 Duration….1h 39m Genre ….. Adventure ...
movie
The Best Christmas Pageant Ever (2024)
4K HEVC
Your Monster (2024)
Sundance Film Festival နဲ့ Charlotte Film Festival တို့မှာ Audience Favorite Award ဆုကို ရရှိခဲ့တဲ့ Your Monster ရုပ်ရှင်ကားကြီး...................ကင်ဆာရောဂါကိုခံစားနေရတဲ့ လော်ရာတစ်ယောက် သူ့ရဲ့ချစ်သူဆီက စွန့်ပစ်ခြင်းကိုပါ ခံလိုက်ရပြီးတော့ ဘဝကြီးတစ်ခုလုံးကမောက်ကမဖြစ်နေခဲ့ပါတယ်... ဒီလိုနဲ့ မုန်တိုင်းထန်တဲ့ညတစ်ညမှာ သူနဲ့အတူ တစ်ဘဝလုံးအတူရှိခဲ့ဖူးတဲ့ သူ့ရဲ့အဝတ်ဗီရိုထဲက မွန်းစတားဆိုတဲ့သားကောင်ကြီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြတယ်... မွန်းစတားကြီးကတော့ လော်ရာအိမ်ပြန်ရောက်လာတာကို သဘောမကျဖြစ်ခဲ့ပြီးသူတို့နှစ်ယောက် တစ်အိမ်ထဲမှာ ဘယ်လိုပြဿနာတွေဖြစ်ကြမလဲ လော်ရာက သူ့ရည်းစားဟောင်းရဲ့ ပြဇာတ်မှာ ပါဝင်ဖို့ လူရွေးပွဲသွားဖြေကြတဲ့အခါ သူမဘာတွေထပ်ပြီးတော့ သိလာရအုံးမလဲ ? သစ္စာဖောက်ခံရမှုတွေ၊ နာကျည်းစရာတွေနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းမြုပ်ကွက်တွေအများကြီးနဲ့ ပုရိတ်သတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့တဲ့ နှစ်ကြိမ်တိုင်တိုင် “ပုရိသတ်အကြိုက်နှစ်သက်ဆုံးဆု”ကို ရရှိထားတဲ့ Your Monster ရုပ်ရှင်ကားကြီးကို စောင့်ကြည့်ပေးကြပါဦး......File size…(1.3 GB)/(758 MB) Quality….Webrip HEVC 1080p / ...
movie
Your Monster (2024)
6.9
Smile (2022)
Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie
Smile (2022)
2022
Manodrome (2023)
Manodrome (2023)အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ ...
movie
Manodrome (2023)
2023